ချစ်ဇနီးလေးရဲ့ စကားတစ်ခွန်းကြောင့် နေမကောင်းဖြစ်ပေမယ့်လည်း သက်သာသွားခဲ့တဲ့ ပိုင်ဇေရဲထွန်း
Read in UNICODE
မျက်ခုံးနက်နက်လေးနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဗီဒီယိုခေတ်၊ သီချင်းဗီစီဒီခေတ်တွေကတည်းက ချွေချထားနိုင်ခဲ့သူ ပိုင်ဇေရဲထွန်းကတော့ အခုဆိုရင် အသက် (၄၄) နှစ်အရွယ်နီးပါးတောင် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အရွယ်နဲ့မလိုက်အောင် နုဖက်လွန်းတဲ့ ပိုင်ဇေရဲထွန်းကတော့ သူ့ကိုယ်သူလည်း ထိန်းထိန်းသိမ်းသိမ်းနေရုံသာမက ချစ်ဇနီးလေး ဇင်သဲနိုင်ကလည်း
အနားကနေ လိုလေသေးမရှိ ဂရုစိုက်နေလျက်ရှိပါတယ်။ အသက်အရွယ် ကွာခြားပေမယ့် တစ်ယောက်ကိုတစ်ယောက် အချစ်စစ် အချစ်မှန်နဲ့ချစ်ကြတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံကတော့ သားသမီးတွေ အရွယ်ရောက်ကြီးပြင်းတဲ့အထိ ပရိသတ်တွေ အားကျနေရဆဲ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နှလုံးရောဂါကြောင့် ဆေးရုံဆေးခန်း မကြာခဏသွားနေရတဲ့ ပိုင်ဇေရဲထွန်းက
အလုပ်တွေအားလုံးကို ရပ်နားပြီး နားနားနေနေ နေနေတာပဲ ဖြစ်ပါတယ်။ ချစ်ဇနီးလေး ဇင်သဲနိင်ကလည်း ပိုင်ဇေရဲထွန်းအတွက် လိုလေသေးမရှိ အနီးကပ်ပြုစုရုံသာမကပဲ “ကပ်ကြီးပြီးရင် ခရီးတွေသွားချင်သေးတယ်။ နေကောင်းအောင်နေ ပြောစကားနားထောင်ကြားလားအဖိုးကြီး ❣️ ”
ဆိုပြီး ပိုင်ဇေရဲထွန်းရဲ့ ဝေဒနာတွေ သက်သာအောင် စကားလေး ဆိုထားတာကို တွေ့ရပါတယ်။ ပိုင်ဇေရဲထွန်းကတော့ ခဏခဏနေမကောင်းဖြစ်ပြီး ချူချာလွန်းပေမယ့် ချစ်ဇနီးလေးရဲ့စကားတစ်ခွန်းကြောင့် ဝေဒနာတွေ တော်တော်သက်သာသွားမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း
ဇနီးငယ်ငယ်ချောချောလေးဆီက ဂရုစိုက် အချစ်ခံရလွန်းတဲ့ ပိုင်ဇေရဲထွန်းကို အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Zin Thae Naing’s Facebook
Add a Comment
Your email address will not be published. Required fields are marked *