ယေန႔ကြယ္လြန္သြားၿပီျဖစ္တဲ့ ဝါရင့္လူရႊင္ေတာ္ႀကီး ဦးပလာတာ

ဦးပလာတာကေတာ့ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလ ၁၇ ရက္ေန႔ မနက္ (၂) နာရီက ေနအိမ္မွာ ကြယ္လြန္သြားခဲ့ၿပီလို႔ သိရပါတယ္။ ဦးပလာတာအေနနဲ႔ လူႀကီးေရာဂါ ခံစားေနရတာလည္း အခ်ိန္ၾကာေနၿပီလို႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ တာဝန္ရွိသူ ဦးခ်စ္ေဆြက ေျပာျပလာပါတယ္။ “ ဦးပလာတာကေတာ့ ဒီေန႔ မနက္ သူ႔ရဲ႕ ေနအိမ္မွာပဲဆုံးသြားတာပါ။ အသက္က (၈၉) ႏွစ္ရွိၿပီ။ သူက

အသက္က ႀကီးၿပီေလ (၉၆) ပါးေရာဂါနဲ႔ပဲ ကြယ္လြန္တာပါ။ က်န္းမာေရး မေကာင္းတာလည္းၾကာၿပီ ႐ုပ္ရွင္သက္ႀကီး ပူေဇာ္ပြဲေတြေတာင္ သူ မတတ္ႏိုင္ခဲ့ဘူး။ သူ႔ရဲ႕ ဈာပနကို ဒီေန႔မွာပဲ သၿဂိဳဟ္သြားမွာပါ။ အခ်ိန္ေတာ့ ေသခ်ာ မသိရေသးဘူး။ ေလာေလာဆယ္ ဆရာဝန္လက္မွတ္ေတြ လိုက္ယူေနပါတယ္” ဆိုၿပီးေတာ့ အခုလို

ေျပာျပခဲ့တာပါ။ ဦးပလာတာရဲ႕ ကြယ္လြန္သြားတဲ့ သတင္းေၾကာင့္ စိတ္မေကာင္းျဖစ္ေနၾကတဲ့ အႏုပညာေလာကသးေတြ၊ ပရိသတ္ေတြကလည္း အမ်ားႀကီးပါပဲ။သူဟာ ေရဒီယိုအၿငိမ့္ ေခတ္ဦးကာလကတည္းက လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲမွာ

က်င္လည္ခဲ့တာျဖစ္ပါတယ္။ သူဟာ လူ႐ႊင္ေတာ္ႀကီး ဦးစံမတူ အၿမဲတတြဲတြဲ ေတြ႕ရေလ့ရွိတဲ့ လူ႐ႊင္ေတာ္ တစ္ဦးဆိုလည္း မမွားပါဘူး။ အဲဒီေနာက္ အျဖဴအမဲ ႐ုပ္ရွင္ေခတ္မွာလည္း သ႐ုပ္ေဆာင္ တစ္ဦးအျဖစ္ ပရိသတ္ေတြရဲ႕ အားေပးမႈ အခိုင္အမာ ရရွိခဲ့ပါေသးတယ္။ ဦးပလာတာရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း(၇၀) ခန႔္ရွိၿပီျဖစ္ပါတယ္။

Read in UNICODE

ဦးပလာတာကတော့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မနက် (၂) နာရီက နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ဦးပလာတာအနေနဲ့ လူကြီးရောဂါ ခံစားနေရတာလည်း အချိန်ကြာနေပြီလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ ဦးချစ်ဆွေက ပြောပြလာပါတယ်။ “ ဦးပလာတာကတော့ ဒီနေ့ မနက် သူ့ရဲ့ နေအိမ်မှာပဲဆုံးသွားတာပါ။ အသက်က (၈၉) နှစ်ရှိပြီ။ သူက

အသက်က ကြီးပြီလေ (၉၆) ပါးရောဂါနဲ့ပဲ ကွယ်လွန်တာပါ။ ကျန်းမာရေး မကောင်းတာလည်းကြာပြီ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲတွေတောင် သူ မတတ်နိုင်ခဲ့ဘူး။ သူ့ရဲ့ ဈာပနကို ဒီနေ့မှာပဲ သဂြိုဟ်သွားမှာပါ။ အချိန်တော့ သေချာ မသိရသေးဘူး။ လောလောဆယ် ဆရာဝန်လက်မှတ်တွေ လိုက်ယူနေပါတယ်” ဆိုပြီးတော့ အခုလို

ပြောပြခဲ့တာပါ။ ဦးပလာတာရဲ့ ကွယ်လွန်သွားတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်နေကြတဲ့ အနုပညာလောကသးတွေ၊ ပရိသတ်တွေကလည်း အများကြီးပါပဲ။သူဟာ ရေဒီယိုအငြိမ့် ခေတ်ဦးကာလကတည်းက လူရွှင်တော် တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ

ကျင်လည်ခဲ့တာဖြစ်ပါတယ်။ သူဟာ လူရွှင်တော်ကြီး ဦးစံမတူ အမြဲတတွဲတွဲ တွေ့ရလေ့ရှိတဲ့ လူရွှင်တော် တစ်ဦးဆိုလည်း မမှားပါဘူး။ အဲဒီနောက် အဖြူအမဲ ရုပ်ရှင်ခေတ်မှာလည်း သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိခဲ့ပါသေးတယ်။ ဦးပလာတာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း(၇၀) ခန့်ရှိပြီဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *