ကိုယ္တိုင္ ေအာက္ေျခကစၿပီး ႀကိဳးစားခဲ့တာေၾကာင့္ ပိုက္ဆံတန္ဖိုး နားလည္တယ္ဆိုတဲ့ ခ်ယ္ရီသင္း

ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္ခ်င္ဆိုတဲ့ သီခ်င္းေလးနဲ႔ ဂီတလမ္းေၾကာင္းေပၚကို ခ်ယ္ရီသင္းကေတာ့ ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ သူမအေနနဲ႔ Covid ကာလေၾကာင့္ ေဖ်ာ္ေျဖေရးေတြ မလုပ္ရေပမယ့္ ပရိသတ္ေတြနားေထာင္ဖို႔ သီခ်င္းအသစ္ေလးေတြ ဆက္လုပ္သြားမယ္လို႔ ေျဖဆိုခဲ့ပါတယ္။ ” Covid ကာလမွာ အခက္အခဲျဖစ္တာက ျဖစ္တာပဲ ဒါေပမယ့္ သီခ်င္းကလည္း ဆက္မလုပ္လို႔ မရဘူး။ ပိုက္ဆံရရင္ ရသလို

သီခ်င္းလုပ္ဖို႔အတြက္ ပိုက္ဆံစုတယ္။ အႏုပညာဝမ္းစာကိုပဲ ျဖည့္ဖို႔ ႀကိဳးစားတယ္။ သူငယ္ခ်င္းေတြက ကိုယ့္ကို ကပ္ေစးနည္းတယ္လို႔ေျပာတယ္။ ခ်ယ္ရီက Parsonal ပိုင္း ဘယ္အရာမွ အပို သုံးစရာမရွိဘူးေလ။ ကိုယ္က အျပင္သြားတတ္တဲ့သူလည္းမဟုတ္ဘူး၊ အစားအေသာက္ကလည္း မမက္တဲ့ သူဆိုေတာ့ အပိုမကုန္ဘူး။ ျခစ္ကုပ္ၿပီး စုတယ္။ ေအာက္ေျခက လာတဲ့သူ ျဖစ္တဲ့အတြက္ ပိုက္ဆံရဲ႕ တန္ဖိုးကို ပိုနားလည္တယ္” လို႔ သူကဆိုပါတယ္။ ခ်ယ္ရီသင္းဟာ အႏုပညာေၾကးကို ရရင္ ရသေလာက္ သုံးတတ္သူ

မဟုတ္ဘူးလို႔ ဆိုပါတယ္။ အခက္အခဲ ႀကဳံလာရတဲ့ အခ်ိန္မွာ အေရးေပၚ ဝင္ေငြလိုတဲ့ အခါ အသုံးျပဳႏိုင္ဖို႔ ပိုက္ဆံကို စုေဆာင္းထားတယ္လို႔ သူက ဆိုပါတယ္။ ” ခ်ယ္ရီဆိုရင္ ကိုယ္က အဆိုေတာ္ ဆိုေပမယ့္ ဖိနပ္ကို ၂ ေသာင္းကေန ၅ ေသာင္းဝန္းက်င္အထိပဲ စီးတာ။ သူမ်ားက လက္ေဆာင္ေပးရင္သာ အေကာင္းစား စီးတာ။ အဓိက ကေတာ့ ကိုယ့္ဝင္ေငြအေျခအေနကို ၾကည့္ၿပီး က်ားႀကီးရင္ ေျခရာႀကီးတယ္ ဆိုသလိုပဲ ကိုယ့္ရဲ႕ ေျခရာကို ထိန္းထားတာေပါ့။ ပိုက္ဆံကို ဘဏ္ထဲမွာ ထည့္ထားတယ္။ လြယ္လြယ္သုံးမိမွာစိုးလို႔

ATM ကဒ္ေတာင္ မလုပ္ဘူး။ Mobile Banking လုပ္တာေတာင္ Password ေမ့သြားလို႔ တိုင္ပတ္ေနတာ။ တကယ္တမ္း က်န္းမာေရး အခက္အခဲ တစ္ခုခုျဖစ္လာရင္ သူငယ္ခ်င္းေတြဆီက ေခ်းလို႔လည္း အဆင္မေျပႏိုင္ေလာက္ဘူးေလ။ အဲဒီအတြက္ ပိုက္ဆံကိုေႁခြတာပါ။ စုေဆာင္းပါ။ လိုအပ္မွ သုံးပါလို႔ မွာခ်င္တယ္” လို႔ ဆက္လက္ေျပာျပလာပါတယ္။ လက္ရွိမွာေတာ့ ခ်ယ္ရီသင္းကိုယ္တိုင္

သီဆိုထားတဲ့ “ မ လို႔ပဲေခၚ” သီခ်င္းေလးဟာ ပရိသတ္ၾကားထဲမွာ ေရပန္းစားလို႔ေနပါတယ္။ သူမကေတာ့ ဂီတေလာကမွာ ဖခင္ျဖစ္ေစခ်င္တဲ့အဆိုေတာ္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ ဆက္ၿပီး ႀကိဳးစားသြားမယ္လို႔ ပရိသတ္ေတြကို ေျပာျပခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္က ျပဳလုပ္တဲ့ Shwe FM ဂီတ ဆုေပးပြဲမွာလည္း ” ခြင့္လႊတ္ေပးဖို႔ ေတာင္းပန္ခ်င္” ဆိုတဲ့ သီခ်င္းနဲ႔ Shwe FM Facebook Page မွတဆင့္ သီခ်င္းေတာင္းဆိုမႈ အမ်ားဆုံး အမ်ိဳးသမီးဆုကို ရရွိခဲ့သူလည္း ျဖစ္ပါတယ္။

Read in UNICODE

ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ဆိုတဲ့ သီချင်းလေးနဲ့ ဂီတလမ်းကြောင်းပေါ်ကို ချယ်ရီသင်းကတော့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူမအနေနဲ့ Covid ကာလကြောင့် ဖျော်ဖြေရေးတွေ မလုပ်ရပေမယ့် ပရိသတ်တွေနားထောင်ဖို့ သီချင်းအသစ်လေးတွေ ဆက်လုပ်သွားမယ်လို့ ဖြေဆိုခဲ့ပါတယ်။ ” Covid ကာလမှာ အခက်အခဲဖြစ်တာက ဖြစ်တာပဲ ဒါပေမယ့် သီချင်းကလည်း ဆက်မလုပ်လို့ မရဘူး။ ပိုက်ဆံရရင် ရသလို

သီချင်းလုပ်ဖို့အတွက် ပိုက်ဆံစုတယ်။ အနုပညာဝမ်းစာကိုပဲ ဖြည့်ဖို့ ကြိုးစားတယ်။ သူငယ်ချင်းတွေက ကိုယ့်ကို ကပ်စေးနည်းတယ်လို့ပြောတယ်။ ချယ်ရီက Parsonal ပိုင်း ဘယ်အရာမှ အပို သုံးစရာမရှိဘူးလေ။ ကိုယ်က အပြင်သွားတတ်တဲ့သူလည်းမဟုတ်ဘူး၊ အစားအသောက်ကလည်း မမက်တဲ့ သူဆိုတော့ အပိုမကုန်ဘူး။ ခြစ်ကုပ်ပြီး စုတယ်။ အောက်ခြေက လာတဲ့သူ ဖြစ်တဲ့အတွက် ပိုက်ဆံရဲ့ တန်ဖိုးကို ပိုနားလည်တယ်” လို့ သူကဆိုပါတယ်။ ချယ်ရီသင်းဟာ အနုပညာကြေးကို ရရင် ရသလောက် သုံးတတ်သူ

မဟုတ်ဘူးလို့ ဆိုပါတယ်။ အခက်အခဲ ကြုံလာရတဲ့ အချိန်မှာ အရေးပေါ် ဝင်ငွေလိုတဲ့ အခါ အသုံးပြုနိုင်ဖို့ ပိုက်ဆံကို စုဆောင်းထားတယ်လို့ သူက ဆိုပါတယ်။ ” ချယ်ရီဆိုရင် ကိုယ်က အဆိုတော် ဆိုပေမယ့် ဖိနပ်ကို ၂ သောင်းကနေ ၅ သောင်းဝန်းကျင်အထိပဲ စီးတာ။ သူများက လက်ဆောင်ပေးရင်သာ အကောင်းစား စီးတာ။ အဓိက ကတော့ ကိုယ့်ဝင်ငွေအခြေအနေကို ကြည့်ပြီး ကျားကြီးရင် ခြေရာကြီးတယ် ဆိုသလိုပဲ ကိုယ့်ရဲ့ ခြေရာကို ထိန်းထားတာပေါ့။ ပိုက်ဆံကို ဘဏ်ထဲမှာ ထည့်ထားတယ်။ လွယ်လွယ်သုံးမိမှာစိုးလို့

ATM ကဒ်တောင် မလုပ်ဘူး။ Mobile Banking လုပ်တာတောင် Password မေ့သွားလို့ တိုင်ပတ်နေတာ။ တကယ်တမ်း ကျန်းမာရေး အခက်အခဲ တစ်ခုခုဖြစ်လာရင် သူငယ်ချင်းတွေဆီက ချေးလို့လည်း အဆင်မပြေနိုင်လောက်ဘူးလေ။ အဲဒီအတွက် ပိုက်ဆံကိုခြွေတာပါ။ စုဆောင်းပါ။ လိုအပ်မှ သုံးပါလို့ မှာချင်တယ်” လို့ ဆက်လက်ပြောပြလာပါတယ်။ လက်ရှိမှာတော့ ချယ်ရီသင်းကိုယ်တိုင်

သီဆိုထားတဲ့ “ မ လို့ပဲခေါ်” သီချင်းလေးဟာ ပရိသတ်ကြားထဲမှာ ရေပန်းစားလို့နေပါတယ်။ သူမကတော့ ဂီတလောကမှာ ဖခင်ဖြစ်စေချင်တဲ့အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်ပြီး ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ Shwe FM ဂီတ ဆုပေးပွဲမှာလည်း ” ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” ဆိုတဲ့ သီချင်းနဲ့ Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Source : Cherry Thin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *