လကမ္ဘာက ပြန်လာပြီလားဆိုပြီး ပြောဆိုစနောက်ကြတဲ့အပေါ် ရင်ထဲကခံစားချက်တွေကို ပြောပြခဲ့တဲ့ ချမ်းမီမီကို






Read in UNICODE

အနုပညာလောကမှာ တစ်ချိန်က ပရိသတ်အခိုင်အမာနဲ့ ကြော်ငြာတွေအပြင် ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ချမ်းမီမီကို ကိုတော့ ပရိသတ်တွေ အမှတ်ရနေကြဦးမှာပါနော်..။ သရုပ်ဆောင်ကောင်းသလို အရပ်ရှည်ရှည်နဲ့ စမတ်ကျတဲ့ ဖက်ရှင်လေးတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေရင်ထဲ ရောက်ရှိခဲ့တဲ့ ချမ်းမီမီကိုဟာ အခုဆိုရင်

အနုပညာလောကထဲကို တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်နော်..။ ချမ်းမီမီကိုကတော့ သူမအခုလို အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ချိန်မှာ လကမ္ဘာက ပြန်လာပြီလားဆိုပြီး စနောက်ကျတဲ့အပေါ်မှာလည်း သူမရဲ့ခံစားချက်လေးတွေနဲ့ ခံယူချက်လေးတွေကို ပြောပြလာပါတယ်နော်..။ လကမ္ဘာက ပြန်လာပြီလားဆိုပြီး စနောက်ကြတဲ့အပေါ်မှာ

“ရပါတယ် ပြောပါစေ.. ကိုယ့်အတွက်ကြောင့် ရသမျိုးစုံခံစားရရင် ချမ်းမီက ပျော်ပါတယ် အားလုံးကိုလည်း ကိုယ့်ကိုချစ်လို့ ပြောကြတယ် စိတ်ရှိလို့ ဖြစ်ကြတယ် အားလုံးကို လက်ခံပါတယ် ..” ဆိုပြီး ပြောပြထားသလို ဖြစ်ပြီးတာတွေအတွက် ပြန်ပြီးနောင်တရနေလို့ မရတဲ့အကြောင်းလေးကိုလည်း ပြောပြထားပါတယ်နော်..။ “လူဆိုတာက အသက်အရွယ်က တန့်ပြီးတော့မှ နေလို့မှမရတာ အဲ့တော့အသက်က

ဘဝမှာ ကိုယ့်ရဲ့သက်တမ်းမှာ အစ အလယ် အဆုံးရှိတယ် တသက်မတ်တမ်း သက်မှတ်ထားလို့လည်း မရဘူး ဖြစ်ပြီးတာတွေကိုလည်း ပြန်ပြီးနောင်တရနေလို့လည်း မရဘူး အစ အလယ် အဆုံး အဆုံးသတ်လှဖို့ ကိုယ်ဘာတွေပြင်ဆင်ရမလဲ ဘာတွေလိုအပ်မလဲ လူ့ဘဝမှာ ဘယ်လိုတွေ ငါတို့တွေ Save ဖြစ်အောင် ဘယ်လိုနေကြမလဲ အခု Covid လိုပေါ့ လူတိုင်းအကုန်ကာကွယ်နေကြတယ်လေ

ဒါပြင်ဆင်တာပေါ့ ဘဝကိုလှအောင် ဘာတွေလုပ်ရမလဲ ဘယ်လိုပြင်ဆင်ရမလဲဆိုပြီး အဲ့လိုလေးတွေ စဉ်းစားတယ် နောင်တရနေဖို့ အချိန်မရှိဘူး..” ဆိုပြီး သူမရဲ့ ခံယူချက်လေးတွေကို ချမ်းမီက ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။ ပရိသတ်ကြီးရေ.. မကြာခင်ကမှ ပရိသတ်တွေရဲ့ မျက်စိရှေ့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ချမ်းမီမီကို အားပေးကြဖို့ အသင့်ပဲလား..။

Source : Chan Me Me Ko’s Facebook

Add a Comment

Your email address will not be published. Required fields are marked *