မေကဗျာကြောင့် အရင်ကထက်ပိုပြီး စီးပွားရေးပြေလည်ခဲ့တာကြောင့် မျက်ရည်ဝဲမတတ်ပျော်ခဲ့ရတယ်ဆိုတဲ့ မိုးမိုးတို့ ဇနီးမောင်နှံ






Read in UNICODE

ချစ်ဇနီးလေးနဲ့အတူ မိုးမိုးက ” ဒီမှာဟော့ပေါ့ ” ဆိုတဲ့နာမည်လေးနဲ့ ဟော့ပေါ့လေးတွေ ချက်ရောင်းနေခဲ့ကြတာ အချိန်တစ်ခုထိကြာမြင့်ခဲ့ ပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မေကဗျာတစ်ယောက် မိုးမိုးတို့ကိုအားပေးတဲ့အနေနဲ့ ဟော့ပေါ့မှာစားပြီး သူမရဲ့ပရိသတ်တွေကို

ကြော်ငြာပေးလိုက်တဲ့အချိန်မှာတော့ စားချင်စဖွယ်ဟော့ပေါ့လေးကို မှာယူသူတွေများသွားခဲ့ပြီး အော်ဒါတွေအများကြီးရခဲ့တာမို့ မိုးမိုးရဲ့ဇနီး မြတ်ပီတိမိုးက ဝမ်းသာမဆုံးဖြစ်နေခဲ့ပါတယ်။ ဒီအကြောင်းလေးကို ” ပျော်တာပေါ့ ဒီမှာ hot pot အခုထိ order မှာတာ

ရပ်သေးဘူးနော် အမ မေကဗျာ ကျေးဇူးပါ အမကို ချစ်တဲ့ ပရိတ်သက်တွေ ဒီမှာ hot pot ကိုမှာတာ ညတွင်းချင်းမှာတဲ့သူတွေလဲ အများကြီး ချက်ချင်းလုပ်ပေးရတယ်နော် အမစားတာကြည့်ပြီး စားချင်လို့ပါဆိုတော့ မနက်ဖြန်အတွက် order ပွဲ ၇၀ ကျော်ရှိပြီ

အခုထိ ” ” အိမ်ကို ချက်ချင်းလာယူလို့လာယူကြ အမမှာတဲ့အတိုင်းပို့ပေးပါ ဆိုတာတောင်ရှိတယ်နော် ကျေးဇူးအရမ်းတင်တယ် liveလွှင့်ပြီး စားပြပြီး ရောင်းပေးတာ အကူအညီမတောင်းဘဲ

လုပ်ပေးတာ အမ live ကိုကြည့်ပြီး မျက်ရည်တောင်ဝဲတယ် ကိုယ်တွေ မိသားစုကိုကူညီပေးတာ ကျေးဇူးပါအမ ကိုယ်ဒီညတော့ မအိပ်တော့ ဘူး ” ဆိုပြီး ဝေမျှခဲ့လို့ မေကဗျာကလည်း ဝမ်းသာမဆုံးဖြစ်နေခဲ့ ပါတယ်။

Source : Myat Peti Moe & May Kabyar’s Facebook

Add a Comment

Your email address will not be published. Required fields are marked *