ေယာက်ာ္းျဖစ္သူ ေအာင္လက သူခ်က္တဲ့ဟင္းေတြကို မယံုသလိုလိုနဲ႔ မစားရဲေၾကာင္း ေျပာျပခဲ့တဲ့ ဝိုင္းစုခိုင္သိန္း

ဝိုင္းစုခိုင္သိန္းကေတာ့ ေအာင္ျမင္လ်က္ရွိေနခဲ့တဲ့ ထိပ္တန္းအဆိုေတာ္ေတြထဲမွာတစ္ေယာက္အပါအဝင္ျဖစ္ၿပီး အႏုပညာေလာကမွာ ေနရာတစ္ခုကို အခိုင္အမာရယူထားႏိုင္ခဲ့တဲ့အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ သီခ်င္းေကာင္းေလးေတြမ်ားစြာကို သီဆိုခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အခိုင္အမာရယူထားႏိုင္ခဲ့တ သူမကေတာ့

ယခုမွာသီခ်င္းအသစ္ေလးေတြကိုလည္း ထြက္ရွိထားသူေလးပဲျဖစ္ပါတယ္။ ဝိုင္းစုဟာ ခင္ပြန္းသည္ေအာင္လနဲ႔လည္း ခ်စ္ခ်စ္ခင္ခင္နဲ႔ အႏုပညာခရီးလမ္းကို အတူလက္တြဲေလွ်ာက္လွမ္းေနတာပါ။သူမအေနနဲ႔ ဘယ္ေတာ့မွ ဟင္းမခ်က္တတ္ေလာက္ေတာ့ဘူးလို႔ထင္ထားခဲ့ေပမယ့္ အခုကိုဗစ္ကာလမွာေတာ့ ဟင္းခ်က္တတ္သြားၿပီ လို႔ဆိုလာခဲ့တာျဖစ္ပါတယ္။ “ဝိုင္းစုဒီတသက္ဟင္းမခ်က္

တတ္ေလာက္ဘူးလို႔ ထင္ထားတာေပါ့ေနာ္ အခုဒီကိုဗစ္ကာလႀကီးက်ေတာ့ Youtube ေတြၾကည့္ရင္းနဲံ့ စမ္းခ်က္ၾကည့္တာပါ။ကိုေအာင္လကေတာ့ မယုံဘူး။ခ်စ္ ခ်က္မွာလားဆိုၿပီး သူကေၾကာက္တဲ့ပုံစံမ်ိဳးလုပ္ေနတာေလ…..မစားသလိုလို ဘာလိုလိုနဲ႔ ….. ဝိုင္းစုကအဲ့လိုတခုခုဆိုလို႔ရွိရင္ မရဘူး မျဖစ္ႏိုင္ဘူး ဆိုလို႔ရွိရင္

မရရေအာင္လုပ္တဲ့အက်င့္ရွိတယ္ အဲ့လိုဆိုေတာ့ ခ်က္တဲ့ အခ်ိန္မွာ သူႀကိဳက္သြားတယ္ ေနာက္တစ္ခုေနာက္တစ္ခု ခ်က္ရင္းနဲ႔ ခ်က္ျဖစ္သြားတာ ဝိုင္းစုကအၿမဲတမ္းေတာ့ မခ်က္ဘူး သူဒါေလးစားလို႔အဆင္မေျပဘူးဆိုရင္ ထၿပီးေတာ့ လုပ္ေပးလိုက္တယ္ အဲ့ဒီလိုမ်ိဳးပါ” လို႔ အိမ္မွာ စားဖိုမွႈး လုပ္ျဖစ္တဲ့အေၾကာင္းေျပာျပလာခဲ့တာပါ။ ကိုဗစ္ကာလမွာ ႀကဳံေနရတဲ့ အခက္အခဲေတြနဲ႔ပတ္သတ္ၿပီးေတာ့လည္း

ဝိုင္းစုခိုင္သိန္းက ” အစ္မတို႔ကေတာ့ ဒါႀကီၤးျမန္ျမန္ၿပီးဖို႔ပဲဆုေတာင္းေနတာေပါ့ေနာ္….. အခုဟာက ဒုတိယလႈိင္းလည္းျပန္စၿပီးျပန္ကူးစက္ေနတာဆိုေတာ့ ေနာက္ႏွစ္သၾကၤန္ေတာင္ၿပီးပါ့မလားဆိုၿပီး စိုးရိမ္ေနရလို႔ ညည အိပ္ေတာ္မေပ်ာ္ပါဘူး” လို႔ ေျပာျပခဲ့တာပဲျဖစ္ပါတယ္ေနာ္။

Read in UNICODE

ဝိုင်းစုခိုင်သိန်းကတော့ အောင်မြင်လျက်ရှိနေခဲ့တဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တ သူမကတော့

ယခုမှာသီချင်းအသစ်လေးတွေကိုလည်း ထွက်ရှိထားသူလေးပဲဖြစ်ပါတယ်။ ဝိုင်းစုဟာ ခင်ပွန်းသည်အောင်လနဲ့လည်း ချစ်ချစ်ခင်ခင်နဲ့ အနုပညာခရီးလမ်းကို အတူလက်တွဲလျှောက်လှမ်းနေတာပါ။သူမအနေနဲ့ ဘယ်တော့မှ ဟင်းမချက်တတ်လောက်တော့ဘူးလို့ထင်ထားခဲ့ပေမယ့် အခုကိုဗစ်ကာလမှာတော့ ဟင်းချက်တတ်သွားပြီ လို့ဆိုလာခဲ့တာဖြစ်ပါတယ်။ “ဝိုင်းစုဒီတသက်ဟင်းမချက်

တတ်လောက်ဘူးလို့ ထင်ထားတာပေါ့နော် အခုဒီကိုဗစ်ကာလကြီးကျတော့ Youtube တွေကြည့်ရင်းနဲံ့ စမ်းချက်ကြည့်တာပါ။ကိုအောင်လကတော့ မယုံဘူး။ချစ် ချက်မှာလားဆိုပြီး သူကကြောက်တဲ့ပုံစံမျိုးလုပ်နေတာလေ…..မစားသလိုလို ဘာလိုလိုနဲ့ ….. ဝိုင်းစုကအဲ့လိုတခုခုဆိုလို့ရှိရင် မရဘူး မဖြစ်နိုင်ဘူး ဆိုလို့ရှိရင်

မရရအောင်လုပ်တဲ့အကျင့်ရှိတယ် အဲ့လိုဆိုတော့ ချက်တဲ့ အချိန်မှာ သူကြိုက်သွားတယ် နောက်တစ်ခုနောက်တစ်ခု ချက်ရင်းနဲ့ ချက်ဖြစ်သွားတာ ဝိုင်းစုကအမြဲတမ်းတော့ မချက်ဘူး သူဒါလေးစားလို့အဆင်မပြေဘူးဆိုရင် ထပြီးတော့ လုပ်ပေးလိုက်တယ် အဲ့ဒီလိုမျိုးပါ” လို့ အိမ်မှာ စားဖိုမှှုး လုပ်ဖြစ်တဲ့အကြောင်းပြောပြလာခဲ့တာပါ။ ကိုဗစ်ကာလမှာ ကြုံနေရတဲ့ အခက်အခဲတွေနဲ့ပတ်သတ်ပြီးတော့လည်း

ဝိုင်းစုခိုင်သိန်းက ” အစ်မတို့ကတော့ ဒါကြီၤးမြန်မြန်ပြီးဖို့ပဲဆုတောင်းနေတာပေါ့နော်….. အခုဟာက ဒုတိယလှိုင်းလည်းပြန်စပြီးပြန်ကူးစက်နေတာဆိုတော့ နောက်နှစ်သင်္ကြန်တောင်ပြီးပါ့မလားဆိုပြီး စိုးရိမ်နေရလို့ ညည အိပ်တော်မပျော်ပါဘူး” လို့ ပြောပြခဲ့တာပဲဖြစ်ပါတယ်နော်။

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *