သမီးျဖစ္သူ ျမဴလင္းကိုကိုရဲ႕ ေခါင္းမာတတ္တဲ့အက်င့္ေလးေတြကို ေျပာျပခဲ့တဲ့ လင္းဇာနည္ေဇာ္

လင္းဇာနည္ေဇာ္ဟာသမီးေလးကို ျပဳစုပ်ိဳးေထာင္ေနသူလည္း ျဖစ္ပါတယ္။ ဇာတ္ကား႐ိုက္ကူးမႈေတြ နည္းသြားေပမယ့္လည္း ပရိသတ္အားေပးမႈ ရရွိထားတဲ့ သူမဟာ ကိုယ္ပိုင္စီးပြားေရးေတြကိုလည္း လုပ္ကိုင္ေနသူပါ။ျမဴလင္းကိုကို ကေတာ့ ျပည္ပမွာ သြားေရာက္ပညာသင္ၾကားေနသူျဖစ္ၿပီး ေက်ာင္းအားလပ္ရက္ေတြမွာ မိခင္ျဖစ္သူဆီကို အလည္ျပန္ေရာက္ေနတာျဖစ္ပါတယ္ ဒီရက္ပိုင္းမီဒီယာ

ေတြ႕ဆုံမႈတစ္ခုမွာေတာ့ ျမဴလင္းကိုကို ေခါင္းေၾကာမာတတ္သူတစ္ဦးျဖစ္တယ္လို႔ မိခင္ျဖစ္သူ လင္းဇာနည္ေဇာ္ကဆိုလာခဲ့တာပါ သမီးေလးကိုက အၿမဲစိတ္ပူေလ့ပူထရွိတယ္ ဒါကလည္း မိဘတိုင္းက ပူေလ့ရွိတာပဲဆိုေတာ့ သိပ္ေတာ့လည္းမထူးဆန္းပါဘူး အမတို႔က်ေတာ့

သားအမိလို႔လည္းေျပာလို႔ရတယ္ ညီအမလို႔လည္း ေျပာလို႔ရတယ္ေပါ့ အၿမဲတမ္းႀကီးလည္း လိုက္ခ်ဳပ္ခ်ယ္ေနတာမ်ိဳးမဟုတ္ပါဘူး သမီးကေတာ့ တခါတေလ ေခါင္းေၾကာနည္းနည္းမာတယ္ ” လို႔ဆိုလာခဲ့တာပါ သူမရဲ႕ ကိုယ္ပိုင္လုပ္ငန္းမွာ ျမဴလင္းကိုကိုတစ္ေယာက္ ဝင္ေရာက္ကူညီေပးပုံကိုလည္း လင္းဇာနည္ေဇာ္က “ သူရန္ကုန္ျပန္ေရာက္လာၿပီဆိုရင္ အစ္မက အနားမေပးဘူး။ သူ႔ကို

ေခါက္ဆြဲဆိုင္နဲ႔ ပတ္သက္ၿပီး စီမံခန္႔ခြဲဖို႔ အလုပ္ေပးတယ္။ အခု Covid ကာလမွာ အစ္မတို႔ Online Delivery လုပ္လိုက္တဲ့ အခ်ိန္မွာ Page ကေန သူပဲ ေအာ္ဒါေကာက္၊ သူပဲ လမ္းေၾကာင္းဆြဲတာဆိုေတာ့ သမီးေလးပဲ ဦးစီးၿပီးလုပ္ေနတာေပါ့။ သူက အလုပ္ကို အရမ္းေလာဘႀကီးတဲ့သူပါ။ အရင္တုန္းကဆို ေသာၾကာ၊ စေန (၂) ရက္ပဲ Delivery ပို႔တာ ကေလးေတြ

ပင္ပန္းမွာ စိုးလို႔ေလ။ သူေရာက္လာေတာ့ တစ္ပတ္လုံးကို အလုပ္လုပ္ေနရတာ။ ကိုယ္ေတြကလည္း သမီးေရ နားရက္ေလး ထားဦးဆိုၿပီးေတာ့ ေျပာေနရတယ္” လို႔ဆိုပါတယ္။ ယခုကိုဗစ္ကာလမွာ သမီးျဖစ္သူအလည္ျပန္လာရင္း အနားမွာရွိေနတဲ့ အတြက္လည္း စိတ္မပူရေတာ့လို႔ ဝမ္းသာမိတယ္လို႔လည္း လင္းဇာနည္ေဇာ္ကေျပာသြားခဲ့ပါေသးတယ္ ပရိသတ္ႀကီးေရ

Read in UNICODE

လင်းဇာနည်ဇော်ဟာသမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေသူပါ။မြူလင်းကိုကို ကတော့ ပြည်ပမှာ သွားရောက်ပညာသင်ကြားနေသူဖြစ်ပြီး ကျောင်းအားလပ်ရက်တွေမှာ မိခင်ဖြစ်သူဆီကို အလည်ပြန်ရောက်နေတာဖြစ်ပါတယ် ဒီရက်ပိုင်းမီဒီယာ

တွေ့ဆုံမှုတစ်ခုမှာတော့ မြူလင်းကိုကို ခေါင်းကြောမာတတ်သူတစ်ဦးဖြစ်တယ်လို့ မိခင်ဖြစ်သူ လင်းဇာနည်ဇော်ကဆိုလာခဲ့တာပါ သမီးလေးကိုက အမြဲစိတ်ပူလေ့ပူထရှိတယ် ဒါကလည်း မိဘတိုင်းက ပူလေ့ရှိတာပဲဆိုတော့ သိပ်တော့လည်းမထူးဆန်းပါဘူး အမတို့ကျတော့

သားအမိလို့လည်းပြောလို့ရတယ် ညီအမလို့လည်း ပြောလို့ရတယ်ပေါ့ အမြဲတမ်းကြီးလည်း လိုက်ချုပ်ချယ်နေတာမျိုးမဟုတ်ပါဘူး သမီးကတော့ တခါတလေ ခေါင်းကြောနည်းနည်းမာတယ် ” လို့ဆိုလာခဲ့တာပါ သူမရဲ့ ကိုယ်ပိုင်လုပ်ငန်းမှာ မြူလင်းကိုကိုတစ်ယောက် ဝင်ရောက်ကူညီပေးပုံကိုလည်း လင်းဇာနည်ဇော်က “ သူရန်ကုန်ပြန်ရောက်လာပြီဆိုရင် အစ်မက အနားမပေးဘူး။ သူ့ကို

ခေါက်ဆွဲဆိုင်နဲ့ ပတ်သက်ပြီး စီမံခန့်ခွဲဖို့ အလုပ်ပေးတယ်။ အခု Covid ကာလမှာ အစ်မတို့ Online Delivery လုပ်လိုက်တဲ့ အချိန်မှာ Page ကနေ သူပဲ အော်ဒါကောက်၊ သူပဲ လမ်းကြောင်းဆွဲတာဆိုတော့ သမီးလေးပဲ ဦးစီးပြီးလုပ်နေတာပေါ့။ သူက အလုပ်ကို အရမ်းလောဘကြီးတဲ့သူပါ။ အရင်တုန်းကဆို သောကြာ၊ စနေ (၂) ရက်ပဲ Delivery ပို့တာ ကလေးတွေ

ပင်ပန်းမှာ စိုးလို့လေ။ သူရောက်လာတော့ တစ်ပတ်လုံးကို အလုပ်လုပ်နေရတာ။ ကိုယ်တွေကလည်း သမီးရေ နားရက်လေး ထားဦးဆိုပြီးတော့ ပြောနေရတယ်” လို့ဆိုပါတယ်။ ယခုကိုဗစ်ကာလမှာ သမီးဖြစ်သူအလည်ပြန်လာရင်း အနားမှာရှိနေတဲ့ အတွက်လည်း စိတ်မပူရတော့လို့ ဝမ်းသာမိတယ်လို့လည်း လင်းဇာနည်ဇော်ကပြောသွားခဲ့ပါသေးတယ် ပရိသတ်ကြီးရေ

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *