ေအာင္ခိုင္ကိုယ္တိုင္ အလိုျပည့္ဆရာေတာ္ေပးခဲ့တဲ့ အလွဴေငြေတြ အိမ္အထိလာပို႔ေပးခဲ့တာေၾကာင့္ ေပ်ာ္ေနတဲ့ ဦးဧရာ

ဦးဧရာကေတာ့ အထူးတလည္ မိတ္ဆက္ေပးစရာမလိုေလာက္ေအာင္ ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသား ျဖစ္ပါတယ္ေနာ္။ ဦးဧရာဟာဆိုရင္ ေျပာင္ေျမာက္တဲ့ဟာသျပက္လုံးေတြနဲ႔ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ရေအာင္ အေကာင္းဆုံး တင္ဆက္ေပးေလ့ရွိတာ ျဖစ္ပါတယ္ ။ လူ႐ႊင္ေတာ္အျဖစ္ေရာ သ႐ုပ္ေဆာင္အျဖစ္ပါ လုပ္ကိုင္ခဲ့တဲ့ ဦးဧရာကို အခုခ်ိန္အထိ ပရိသတ္ေတြကလည္း အားေပးခ်စ္ခင္ေနၾကဆဲ

ျဖစ္ပါတယ္ ။ က်န္းမာေရးေၾကာင့္ အႏုပညာအလုပ္ေတြနဲ႔ေဝးကြာခဲ့ရတဲ့ ဦးဧရာက ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းအျဖစ္ ထီဆိုင္ေလးတစ္ဆိုင္ဖြင့္လွစ္ထားတာ ျဖစ္ပါတယ္ ။ အႏုပညာေမာင္ႏွမေတြကလည္း ဦးဧရာဆီကေန ထီလက္မွတ္ေတြကို ဝယ္ယူအားေပးေလ့ရွိၾကတာ ျဖစ္ပါတယ္ ။ အခုလည္း ဦးဧရာက သူ႔ဆီကို အိမ္တိုင္ရာေရာက္ အလႉေငြလာေပးတဲ့ ဦးေအာင္ခိုင္ေၾကာင့္ ေပ်ာ္႐ႊင္ခဲ့ရတာ

ျဖစ္ပါတယ္ ။ဒီအေၾကာင္းကို ဦးဧရာက “မိုးက တစ္ညလုံး႐ြာမလိုလိုနဲ႔ ျပဴတစ္စိန္လုပ္ေနလိုက္တာ ျဗန္းကနဲခ်လိုက္ အပီတိတ္သြားလိုက္ တေဖ်ာက္ေဖ်ာက္နဲ႔သံစဥ္ေလးေပးလိုက္လုပ္ေနေလရဲ႕ အိပ္လို႔ကလည္း မေပ်ာ္တစ္ခ်က္ ေပ်ာ္တစ္ခ်က္နဲ႔ အိပ္မက္ထဲမွာ ငိုရမလိုရယ္ရမလိုနဲ႔ေပါ့ ” “ေဟာ မနက္လည္းမိုးလင္းေရာ ထီဆိုင္ကို ကိုေအာင္ခိုင္ႀကီးေပါက္ခ်လာတယ္ေလ အလိုေတာ္ျပည့္ဆရာေတာ္ဘုရားႀကီးက

ကိုလူေခ်ာအဖြဲ႕နဲ႔အေမမ်ား၊ အမမ်ားအဖြဲ႕တို႔ကိုလႉတာတဲ့ အဲ့တာနာမက်န္းျဖစ္ေနတဲ့သူေတြလည္းလႉပါဘုရားဆိုၿပီး နင့္နာမည္ပါထည့္ေျပာလိုက္တယ္တဲ့ ဆရာေတာ္ကလႉေပးပါဆိုလို႔လာလႉတာတဲ့ဗ်ာ သာဓု သာဓု သာဓုပါ အလိုေတာ္ျပည့္ဆရာေတာ္ဘုရားႀကီးနဲ႔ကိုေအာင္ခိုင္တို႔ စိတ္နဲ႔ခႏၶာ ႏွစ္ျဖာသုချပည့္ဝခ်မ္းသာၿပီး လိုတိုင္းတရႏိုင္ၾကပါေစဗ်ာ” ဆိုၿပီး ေရးသားမွ်ေဝထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ဦးဧရာရဲ႕ပုံရိပ္ေလးေတြကိုပါ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Read in UNICODE

ဦးဧရာကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်တွေနဲ့ရင်းနှီးပြီးသား ဖြစ်ပါတယ်နော်။ ဦးဧရာဟာဆိုရင် ပြောင်မြောက်တဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် အကောင်းဆုံး တင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ လူရွှင်တော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်ခဲ့တဲ့ ဦးဧရာကို အခုချိန်အထိ ပရိသတ်တွေကလည်း အားပေးချစ်ခင်နေကြဆဲ

ဖြစ်ပါတယ် ။ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ရတဲ့ ဦးဧရာက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ထီဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ် ။ အနုပညာမောင်နှမတွေကလည်း ဦးဧရာဆီကနေ ထီလက်မှတ်တွေကို ဝယ်ယူအားပေးလေ့ရှိကြတာ ဖြစ်ပါတယ် ။ အခုလည်း ဦးဧရာက သူ့ဆီကို အိမ်တိုင်ရာရောက် အလှူငွေလာပေးတဲ့ ဦးအောင်ခိုင်ကြောင့် ပျော်ရွှင်ခဲ့ရတာ

ဖြစ်ပါတယ် ။ဒီအကြောင်းကို ဦးဧရာက “မိုးက တစ်ညလုံးရွာမလိုလိုနဲ့ ပြူတစ်စိန်လုပ်နေလိုက်တာ ဗြန်းကနဲချလိုက် အပီတိတ်သွားလိုက် တဖျောက်ဖျောက်နဲ့သံစဉ်လေးပေးလိုက်လုပ်နေလေရဲ့ အိပ်လို့ကလည်း မပျော်တစ်ချက် ပျော်တစ်ချက်နဲ့ အိပ်မက်ထဲမှာ ငိုရမလိုရယ်ရမလိုနဲ့ပေါ့ ” “ဟော မနက်လည်းမိုးလင်းရော ထီဆိုင်ကို ကိုအောင်ခိုင်ကြီးပေါက်ချလာတယ်လေ အလိုတော်ပြည့်ဆရာတော်ဘုရားကြီးက

ကိုလူချောအဖွဲ့နဲ့အမေများ၊ အမများအဖွဲ့တို့ကိုလှူတာတဲ့ အဲ့တာနာမကျန်းဖြစ်နေတဲ့သူတွေလည်းလှူပါဘုရားဆိုပြီး နင့်နာမည်ပါထည့်ပြောလိုက်တယ်တဲ့ ဆရာတော်ကလှူပေးပါဆိုလို့လာလှူတာတဲ့ဗျာ သာဓု သာဓု သာဓုပါ အလိုတော်ပြည့်ဆရာတော်ဘုရားကြီးနဲ့ကိုအောင်ခိုင်တို့ စိတ်နဲ့ခန္ဓာ နှစ်ဖြာသုခပြည့်ဝချမ်းသာပြီး လိုတိုင်းတရနိုင်ကြပါစေဗျာ” ဆိုပြီး ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဦးဧရာရဲ့ပုံရိပ်လေးတွေကိုပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : လူ႐ႊင္ေတာ္ ဧရာ’s Facebook

Add a Comment

Your email address will not be published. Required fields are marked *