အရြယ္ေရာက္ေနၿပီဆိုေပမယ့္ သားေတြကို (၅)ႏွစ္(၆)ႏွစ္ ကေလးေတြလို ဆက္ဆံတုန္းပဲဆိုတဲ့ ေနထက္လင္း

လက္ရွိမွာ အႏုပညာအလုပ္ေတြထက္ ကိုယ္ပိုင္စီးပြားေရးကို ေနထက္လင္းကေတာ့ ဦးစားေပးေဆာင္႐ြက္ေနတာ ေတြ႕ရပါတယ္။ သူ႔အေနနဲ႔ ပရဟိတလုပ္ငန္းေတြမွာလည္း လက္လွမ္းမီသေလာက္ လုပ္ကိုင္လွ်က္ရွိပါတယ္။ အႏုပညာအလုပ္ေတြနဲ႔ ခဏတာ အလွမ္းေဝးေနခဲ့ေပမယ့္

သူ႔ကို အားေပးခ်စ္ခင္ၾကတဲ့ပရိသတ္ေတြကေတာ့ အခိုင္အမာရွိေနတုန္းပါပဲ။ေနထက္လင္းဟာ သူ႔ရဲ႕ သား ၂ ေယာက္နဲ႔အတူ ဘဝကို ေအးေဆးစြာျဖတ္သန္းေနတာျဖစ္ၿပီး သားငယ္ ႏွစ္ေယာက္ကိုလည္း အသက္ ၂၀ နီးပါးအ႐ြယ္ေတြျဖစ္လာၿပီျဖစ္ေပမယ့္ အသက္ ၅ ႏွစ္ ၆

ႏွစ္ကေလးေတြလိုပဲ ဆက္ဆံတယ္လို႔ ဆိုပါတယ္“အိမ္ကသားေတြကို အခုအခ်ိန္အထိ ၅ႏွစ္ ၆ႏွစ္ကေလးေတြလို ဆက္ဆံတယ္။ သူတို႔မိန္းမယူရင္ သူတို႔အေမက ခြင့္လႊတ္မွာ မဟုတ္ဘူး။ ကြၽန္ေတာ္ကေတာ့ မိသားစုထဲေရာက္လာမယ့္ ေခြၽးမကို ကိုယ့္သမီးလိုပဲ

ေကာင္းေကာင္းဆိုးဆိုး လက္ခံသြားမွာပါ” လို႔ ေနထက္လင္းက ေျပာျပလာခဲ့တာပါ“သူတို႔ကေတာ့ အေမက မိန္းမယူမလားေမးရင္ မယူဘူး တသက္လုံး မိဘနဲ႔ေနမယ္ ေျပာတာေပါ့ ကြၽန္ေတာ္ကေတာ့ သိပါတယ္ ဒီေကာင္ေတြမိန္းမယူမယ္ဆိုတာကို သူ႔အေမကေတာ့

ခ်စ္ေတာ့ အညာခံတာေပါ့ေလ ကြၽန္ေတာ္က သူတို႔ကို ၅ ႏွစ္ ၆ ႏွစ္အ႐ြယ္ေလးေတြလိုပဲ သေဘာထားတာပါ တခါတေလ အိမ္ထဲကအိမ္ျပင္ေတာင္မထြက္ဘူး လိမၼာၾကပါတယ္” လို႔ သား ၂ ေယာက္အေၾကာင္း ေျပာျပလာခဲ့တာပါ ပရိသတ္ႀကီးေရေနထက္လင္းကေတာ့ တကယ့္ကိုေအးခ်မ္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားခဲ့တာပဲျဖစ္ပါတယ္ေနာ္ အားလုံးပဲေနထက္လင္းအေပၚ အျမင္ေလးေတြ မွ်ေဝခဲ့ၾကပါအုန္းေနာ္

Read in UNICODE

လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို နေထက်လင်းကတော့ ဦးစားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း လက်လှမ်းမီသလောက် လုပ်ကိုင်လျှက်ရှိပါတယ်။ အနုပညာအလုပ်တွေနဲ့ ခဏတာ အလှမ်းဝေးနေခဲ့ပေမယ့်

သူ့ကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ အခိုင်အမာရှိနေတုန်းပါပဲ။နေထက်လင်းဟာ သူ့ရဲ့ သား ၂ ယောက်နဲ့အတူ ဘဝကို အေးဆေးစွာဖြတ်သန်းနေတာဖြစ်ပြီး သားငယ် နှစ်ယောက်ကိုလည်း အသက် ၂၀ နီးပါးအရွယ်တွေဖြစ်လာပြီဖြစ်ပေမယ့် အသက် ၅ နှစ် ၆

နှစ်ကလေးတွေလိုပဲ ဆက်ဆံတယ်လို့ ဆိုပါတယ်“အိမ်ကသားတွေကို အခုအချိန်အထိ ၅နှစ် ၆နှစ်ကလေးတွေလို ဆက်ဆံတယ်။ သူတို့မိန်းမယူရင် သူတို့အမေက ခွင့်လွှတ်မှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ မိသားစုထဲရောက်လာမယ့် ချွေးမကို ကိုယ့်သမီးလိုပဲ

ကောင်းကောင်းဆိုးဆိုး လက်ခံသွားမှာပါ” လို့ နေထက်လင်းက ပြောပြလာခဲ့တာပါ“သူတို့ကတော့ အမေက မိန်းမယူမလားမေးရင် မယူဘူး တသက်လုံး မိဘနဲ့နေမယ် ပြောတာပေါ့ ကျွန်တော်ကတော့ သိပါတယ် ဒီကောင်တွေမိန်းမယူမယ်ဆိုတာကို သူ့အမေကတော့

ချစ်တော့ အညာခံတာပေါ့လေ ကျွန်တော်က သူတို့ကို ၅ နှစ် ၆ နှစ်အရွယ်လေးတွေလိုပဲ သဘောထားတာပါ တခါတလေ အိမ်ထဲကအိမ်ပြင်တောင်မထွက်ဘူး လိမ္မာကြပါတယ်” လို့ သား ၂ ယောက်အကြောင်း ပြောပြလာခဲ့တာပါ ပရိသတ်ကြီးရေနေထက်လင်းကတော့ တကယ့်ကိုအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်နော် အားလုံးပဲနေထက်လင်းအပေါ် အမြင်လေးတွေ မျှဝေခဲ့ကြပါအုန်းနော်

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *