The Voice Myanmar ၿပိဳင္ပြဲဝင္ ေနာ္ဂ်ာေလးကို အားက်မိေၾကာင္း ႐ိုးသားပြင့္လင္းစြာဝန္ခံခဲ့တဲ့ ျမတ္သူသူ
|ပရိသတ္ေတြရဲ့ စိတ္အာရံုကို The Voice Myanmar သီခ်င္းဆိုျပိဳင္ပြဲၾကီးကေတာ့ ညိွဳ့ယူဖမ္းစားနိုင္ခဲ့တာ အခုဆိုရင္ Season (3) ထိေတာင္ ေရာက္ရိွခဲ့ျပီပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ Blind Audition ေရြးခ်ယ္မႈကို ထုတ္လႊင့္ျပသေနျပီး တစ္နိုင္ငံလံုးက ပရိသတ္ေတြနဲ့အတူတူ အနုပညာရွင္မ်ားကလည္း ရင္ခုန္စြာနဲ့ ေစာင့္ေမွ်ာ္ၾကည့္ရႈေနၾကတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့

နိုင္ငံေက်ာ္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ျမတ္သူသူက The Voice Myanmar သီခ်င္းဆိုျပိဳင္ပြဲဝင္ ေနာ္ဂ်ာေလးရဲ့ ကံေကာင္းမႈတစ္ခုကို ၾကည္နူးစြာနဲ့ ေျပာလာပါတယ္။ “The Voice ကို ၾကည့္ေနရင္းနဲ႔ ၾကည္ႏူးခံစားမိတာေလးေရးခ်င္လာမိတာရယ္.. ေနာ္ဂ်ာေလးဆိုတဲ့အခ်ိန္

သူ႔သူငယ္ခ်င္းေလးေတြက ထပ္တူရင္ခုန္ေပးေနၾကတာ။ တကယ္ၾကည္ႏူးလိုက္တာ။ ဒိုင္တေယာက္လွည့္လိုက္ၿပီဆိုထဲက မ်က္ရည္ေတြဝဲၿပီး သူတို႔ကပါ ခုန္ေပါက္ေနရွာတာ။ ကံေကာင္းလိုက္တာ ေနာ္ဂ်ာေလးရယ္။ သိပ္ခ်စ္တတ္တဲ့ မနာလိုျခင္းကင္းတဲ့စစ္မွန္တဲ့သူငယ္ခ်င္းေတြ ပိုင္ဆိုင္ထားရလို႔

အားက်မိပါတယ္ ❤️❤️❤️❤️” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေျပာထားပါတယ္။ ျမတ္သူသူကေတာ့ သီခ်င္းဆိုျပိဳင္ပြဲကိုၾကည့္ရင္း သူငယ္ခ်င္းေကာင္းေတြရဲ့ စစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာအေၾကာင္းကိုပါ ေတြ့ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Read in UNICODE
ပရိသတ်တွေရဲ့ စိတ်အာရုံကို The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကတော့ ညှို့ယူဖမ်းစားနိုင်ခဲ့တာ အခုဆိုရင် Season (3) ထိတောင် ရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Blind Audition ရွေးချယ်မှုကို ထုတ်လွှင့်ပြသနေပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့အတူတူ အနုပညာရှင်များကလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုနေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မြတ်သူသူက The Voice Myanmar သီချင်းဆိုပြိုင်ပွဲဝင် နော်ဂျာလေးရဲ့ ကံကောင်းမှုတစ်ခုကို ကြည်နူးစွာနဲ့ ပြောလာပါတယ်။ “The Voice ကို ကြည့်နေရင်းနဲ့ ကြည်နူးခံစားမိတာလေးရေးချင်လာမိတာရယ်.. နော်ဂျာလေးဆိုတဲ့အချိန်

သူ့သူငယ်ချင်းလေးတွေက ထပ်တူရင်ခုန်ပေးနေကြတာ။ တကယ်ကြည်နူးလိုက်တာ။ ဒိုင်တယောက်လှည့်လိုက်ပြီဆိုထဲက မျက်ရည်တွေဝဲပြီး သူတို့ကပါ ခုန်ပေါက်နေရှာတာ။ ကံကောင်းလိုက်တာ နော်ဂျာလေးရယ်။ သိပ်ချစ်တတ်တဲ့ မနာလိုခြင်းကင်းတဲ့စစ်မှန်တဲ့သူငယ်ချင်းတွေ ပိုင်ဆိုင်ထားရလို့

အားကျမိပါတယ် ❤️❤️❤️❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။ မြတ်သူသူကတော့ သီချင်းဆိုပြိုင်ပွဲကိုကြည့်ရင်း သူငယ်ချင်းကောင်းတွေရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုပါ တွေ့မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Myat Thu Thu’s Facebook