အႏုပညာေလာကထဲကေန ထြက္ခြာခ်င္ရတဲ့ အဓိကအေၾကာင္းအရင္းကို ရင္ဖြင့္ေျပာျပခဲ့တဲ့ အန္တီ သန္းသန္းစိုး

အသက္ ၁၅ ႏွစ္အ႐ြယ္မွစတင္ၿပီး အန္တီေဒၚသန္းသန္းစိုးကေတာ့ ႐ုပ္ရွင္ေလာကသို႔ဝင္ေရာက္လာခဲ့ကာသ႐ုပ္ေဆာင္ ကာ႐ိုက္တာေပါင္းစုံကေန ဝင္ေရာက္သ႐ုပ္ေဆာင္ခဲ့တဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးပါ။အခုအခ်ိန္ထိ ပရိသတ္ေတြရဲ႕အားေပးမႈကိုရရွိေနဆဲျဖစ္တဲ့ ေဒၚသန္းသန္းစိုးဟာ အႏုပညာသင္တန္းေက်ာင္းတစ္ခုကိုလည္းဖြင့္လွစ္ထားၿပီး မ်ိဳးဆက္သစ္အႏုပညာရွင္ေလးေတြကို

ေမြးထုတ္ေပးလွ်က္ရွိတာျဖစ္ပါတယ္။ ယခုရက္ပိုင္း မီဒီယာေတြ႕ဆုံမႈတစ္ခုမွာေတာ့ ေဒၚသန္းသန္းစိုးက သူမအေနနဲ႔ အႏုပညာေလာကထဲကေနထြက္ခြာသြားခ်င္ေနၿပီလို႔ ေျပာလာခဲ့တာပါ။ဒီလိုထြက္ခြာသြားခ်င္ရတဲ့ အဓိကအေၾကာင္းအရင္းကိုလည္း အန္တီေဒၚသန္းသန္းစိုးက

အခုလိုဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။ “အသက္ (၁၅) ႏွစ္ အ႐ြယ္ ကတည္းက အႏုပညာေလာကမွာ က်င္လည္ခဲ့ဖူးေတာ့ ဒီေလာကရဲ႕ အေကာင္း၊ အဆိုးဒဏ္ေတြကို ေတာ္ေတာ္ခံခဲ့ၿပီးပါၿပီ။ ဒီေလာက က ဟန္ေဆာင္မႈ မ်ားတယ္၊ ခြဲျခားဆက္ဆံမႈေတြ မ်ားတယ္။ ဟန္မေဆာင္ခ်င္ဘူး .. ဟန္ေဆာင္ရတာကို ေမာလို႔ အႏုပညာေလာက က ထြက္သြားခ်င္ၿပီ” လို႔

ေျပာလာခဲ့တာျဖစ္ပါတယ္။ “ဒါဆိုဘာလို႔ဆက္႐ိုက္ေနတာလဲလို႔ေျပာရရင္ အန္တီ့မွာ အခုလက္ရွိ အႏုပညာသင္တန္းေက်ာင္းရွိတယ္ ဒီကေလးေတြအတြက္ကို အန္တီသင္ၾကားျပသေပးဖို႔ကစာေတြ႕တစ္ခုတည္းတင္မရဘူး။လက္ေတြ႕ပါ သင္ၾကားေပးရမယ္ေပါ့ေနာ္ ဒီလိုလက္ေတြ႕ျပတဲ့ေနရာမွာ

အန္တီက Shooting ေတြမွာရွိေနမွျဖစ္မယ္…. အဲ့ဒီအတြက္႐ိုက္ေနေသးတာပါ အသက္ ၅၀ ေက်ာ္လာကတည္းက အန္တီ အႏုပညာေလာကကေနထြက္သြားခ်င္ခဲ့တာ အန္တီ ဘုရားတရားေတြပိုလုပ္ခ်င္တယ္.. အဲ့ဒါေတြပို အခ်ိန္ေပးခ်င္တယ္ ” လို႔ အန္တီေဒၚသန္းသန္းစိုးက

ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ….ေဒၚသန္းသန္းစိုးကေတာ့ ဟန္ေဆာင္မႈေတြမ်ားတဲ့ အႏုပညာေလာကထဲေနထြက္သြားခ်င္ၿပီျဖစ္တဲ့အေၾကာင္း ေျပာျပခဲ့တာပဲျဖစ္ပါတယ္ေနာ္။ပရိသတ္ႀကီးလည္း ေဒၚသန္းသန္းစိုးအေပၚ အျမင္ေလးကိုလည္း မွ်ေဝခဲ့ၾကပါအုန္းေနာ္။

Read in UNICODE

အသက် ၁၅ နှစ်အရွယ်မှစတင်ပြီး အန်တီဒေါ်သန်းသန်းစိုးကတော့ ရုပ်ရှင်လောကသို့ဝင်ရောက်လာခဲ့ကာသရုပ်ဆောင် ကာရိုက်တာပေါင်းစုံကနေ ဝင်ရောက်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပါ။အခုအချိန်ထိ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေဆဲဖြစ်တဲ့ ဒေါ်သန်းသန်းစိုးဟာ အနုပညာသင်တန်းကျောင်းတစ်ခုကိုလည်းဖွင့်လှစ်ထားပြီး မျိုးဆက်သစ်အနုပညာရှင်လေးတွေကို

မွေးထုတ်ပေးလျှက်ရှိတာဖြစ်ပါတယ်။ ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ဒေါ်သန်းသန်းစိုးက သူမအနေနဲ့ အနုပညာလောကထဲကနေထွက်ခွာသွားချင်နေပြီလို့ ပြောလာခဲ့တာပါ။ဒီလိုထွက်ခွာသွားချင်ရတဲ့ အဓိကအကြောင်းအရင်းကိုလည်း အန်တီဒေါ်သန်းသန်းစိုးက

အခုလိုဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ “အသက် (၁၅) နှစ် အရွယ် ကတည်းက အနုပညာလောကမှာ ကျင်လည်ခဲ့ဖူးတော့ ဒီလောကရဲ့ အကောင်း၊ အဆိုးဒဏ်တွေကို တော်တော်ခံခဲ့ပြီးပါပြီ။ ဒီလောက က ဟန်ဆောင်မှု များတယ်၊ ခွဲခြားဆက်ဆံမှုတွေ များတယ်။ ဟန်မဆောင်ချင်ဘူး .. ဟန်ဆောင်ရတာကို မောလို့ အနုပညာလောက က ထွက်သွားချင်ပြီ” လို့

ပြောလာခဲ့တာဖြစ်ပါတယ်။ “ဒါဆိုဘာလို့ဆက်ရိုက်နေတာလဲလို့ပြောရရင် အန်တီ့မှာ အခုလက်ရှိ အနုပညာသင်တန်းကျောင်းရှိတယ် ဒီကလေးတွေအတွက်ကို အန်တီသင်ကြားပြသပေးဖို့ကစာတွေ့တစ်ခုတည်းတင်မရဘူး။လက်တွေ့ပါ သင်ကြားပေးရမယ်ပေါ့နော် ဒီလိုလက်တွေ့ပြတဲ့နေရာမှာ

အန်တီက Shooting တွေမှာရှိနေမှဖြစ်မယ်…. အဲ့ဒီအတွက်ရိုက်နေသေးတာပါ အသက် ၅၀ ကျော်လာကတည်းက အန်တီ အနုပညာလောကကနေထွက်သွားချင်ခဲ့တာ အန်တီ ဘုရားတရားတွေပိုလုပ်ချင်တယ်.. အဲ့ဒါတွေပို အချိန်ပေးချင်တယ် ” လို့ အန်တီဒေါ်သန်းသန်းစိုးက

ပြောပြလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ….ဒေါ်သန်းသန်းစိုးကတော့ ဟန်ဆောင်မှုတွေများတဲ့ အနုပညာလောကထဲနေထွက်သွားချင်ပြီဖြစ်တဲ့အကြောင်း ပြောပြခဲ့တာပဲဖြစ်ပါတယ်နော်။ပရိသတ်ကြီးလည်း ဒေါ်သန်းသန်းစိုးအပေါ် အမြင်လေးကိုလည်း မျှဝေခဲ့ကြပါအုန်းနော်။

Source : SY Myanamr

Add a Comment

Your email address will not be published. Required fields are marked *