မင်းသားပါဆိုတဲ့သူတွေ ဗီလိန်ဖြစ်အကျင့်ယုတ်ပြီး လူကြမ်းမင်းသားတွေအတွက် ဘဝတဆစ်ချိုးစေမယ့် ဇာတ်ကားမျိုး မရရအောင် ရိုက်မယ်ဆိုတဲ့ ယုန်လေး
Read in UNICODE
ယုန်လေးဟာ ဒါရိုက်တာ မင်းသား အဆိုတော် အနေနဲ့ ဘက်ပေါင်းစုံမှာ ထူးချွန်ပြီး အနုပညာအလုပ်တွေကိုလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ လတ်တလောဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် အနုပညာလုပ်ခွင့် တစ်နှစ်အပိတ်ခံရပြီးနောက်ပိုင်း အလှူအတန်းတွေကို အရင်ကထက်ပိုလုပ်လာတာတွေ့ရပါတယ်။ 
အခုတင်ဆက်ပေးမယ့် အကြောင်း အရာကတော့ ယုန်လေးဟာ လူကြမ်းတွေကို ဘယ်လိုချစ်ကြောင်း ဘယ်လိုတန်ဖိုးထားကြောင်းနဲ့ သူတို့အတွက် နာမည်တစ်ခုရအောင် ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုတွေဖြစ်အောင် ဘယ်လိုမျိုး ကြိုးစားအားထုတ်ထားတာတွေရှိလဲဆိုတာ ပြောပြထားတာပါ။
ယုန်လေးက လူကြမ်းတွေကို ချစ်လားမချစ်လားဆိုတော့ လူရွှင်တော်ရော လူကြမ်းရော ကျွန်တော် အချစ်ဆုံး။ အချစ်ဆုံးဆိုတာက အားနည်းကြတယ်လေ။ ဒါတွေက သမိုင်းတွေကြည့်ရင် သိပါတယ်ဗျာ။ လူရွှင်တော်တွေ သက်ကြီးရွယ်အိုတွေကို ကျွန်တော်တို့ အမြဲတမ်းလှူဖြစ်ပါတယ် လို့ ပြောခဲ့ပါတယ်။ 
ယုန်လေးက ကိုလူချောတွေဆိုလဲ Gangstar 2 ကျွန်တော်တို့ ဘဝမှာ ပိုက်ဆံပြန်အဆင်ပြေပြီး ပြန်ထောင်တဲ့ အချိန်မှာ သတိအန္တရာယ်ရှိသည်မှာလဲ သူတို့ကို ကတိပေးပြီးသား။ Gangstar 3/4 ထွက်လဲ လူကြမ်းအတွက် သီးသန့်လှူဖို့ရှိမယ်။ 
ကျွန်တော့်ကားတွေမှာလဲ လူကြမ်းတွေအတွက် နေရာကိုရှိလိမ့်မယ်။ ကျွန်တော့်ကားရိုက်တိုင်း လူကြမ်း အယောက် ၆၀ ၇၀ လောက်ကို ခေါ်ပေးထားနိုင်တယ်။ အဲ့အတွက် တချို့ငိုကြတဲ့သူတွေလဲရှိတယ်။ ကျွန်တော်ကားရိုက်တနှစ်ပိတ်ခံထားရတော့ သွားပြီပေါ့တဲ့ သူပြိုလဲသွားရင်တော့ ငါတို့လဲအဆင်မပြေတော့ဘူးဆိုပြီးတော့ ရှိတယ်။ လို့ပြောပြခဲ့ပါသေးတယ်။ 
ထို့အပြင် ယုန်လေးက လူကြမ်းတွေကို မင်းစားနေရာထားမယ့် ကားရိုက်တဲ့ ကိစ္စတွေနဲ့ ဘယ်လို ပြင်ဆင်ထားလဲဆိုတာ ယခုလိုပဲ ပြောပြခဲ့ပါတယ်။ 
လတ်တလောတော့ ကိုမျိုးကြည်နဲ့ ဦးအရိုင်းမင်း အရမ်းမိုက်တယ်ဗျာ။ ထွက်လာတော့ ကျွန်တော်သူတို့အတွက် အရမ်းပျော်တယ်။ 
ကျွန်တော်တို့ကားတွေကြည့်လိုက်ရင် လူကြမ်းတွေကို ဘယ်လိုဆင်ပေးလဲ ဘယ်လိုဝတ်တာစားတာရှိလဲဆိုတာ အကုန်သိမှာပါ။ တချို့ ကျွန်တော့်ကိုတိုက်ခိုက်ချင်တဲ့သူတွေ နှိုင်းပြီးပြောတာတော့ စိတ်မကောင်းဘူး။ ဘယ်ကောင်တွေက ဘယ်လိုလမ်းသစ်ဖောက်သွားလဲဆိုတာ ဒါကတော့ ကြည့်ရင် သိမှာပါ။ Original Gangstar မလာခင် ကိုယ့်သမိုင်းကိုယ်ရေးကြသူမျာထဲမှာ ဦးမြင့်စိန် ကိုအရိုင်းမင်းတို့နဲ့ ကျွန်တော် ရင်းရင်းနှီးနှီး မိသားစုလိုနေခဲ့တယ်။ ကိုအရိုင်းမင်းကို အင်တာဗျူးကြည့်လိုက် သိမှာပါ။ ကျွန်တော် လူကြမ်းတွေကို ဘယ်လိုတန်ဖိုးထားလဲဆိုတာ သိမှာပါ။ 
လူကြမ်းတွေအတွက် ဇာတ်ရေးထားတာလဲရှိပါတယ်။ ဇာတ်ထဲမှာတော့ ကျွန်တော်လဲ လူကြမ်းပါ။ မင်းသားတွေအကုန်လုံးလဲ လူကြမ်းပါ။ မြင့်မြတ်ကတော့ ဗီလိန်ဖြစ်ရင် ဖြစ်မယ်။ မြင့်မြတ်လဲ ကူညီပေးမှာပါ။
လူကြမ်းတွေအတွက်ကတော့ တစ်ဆစ်ချိုးရှိကိုရှိရမယ်။ အမြဲတမ်းမင်းသားက မင်းသားနေရာနေ လူကြမ်းက – ု-ိမ်းကျင့်တယ်တို့ဆိုတာ အဓိပ္ပာယ်မရှိဘူး။ အဲ့အတွက် ဇာတ်ကရှိပြီးသားပါ။ ဦးမြတ်မောင်ရော ဦးမော်ကြီးရော မေးရင် သိပါတယ်။ အဲ့ဇာတ်ညွှန်းလေးကို ၂၀၁၆/၂၀၁၇ ထဲက လုပ်ထားတာပါ။ အဲ့မှာ မင်းသာပါဆိုတဲ့လူတွေ ဗီလိန်ပြန်ဖြစ်ပါမယ်။ လူကြမ်းတွေကို အကျင့်ယုတ်ပါမယ်။ ကျွန်တော်လဲ အကျင့်ယုတ်ပါမယ်။ ဒီလိုမျိုးလေးမှ ကျွန်တော်တို့ ပျော်စရာကောင်းတော့မှာ။ သူတို့ကို လုံးဝ Role တင်ပေးတဲ့ကားရိုက်မယ်။
အဲ့မှာ အစည်းအရုံးက လူကြီးတစ်ယောက် နာမည်တော့ မပြောလိုက်တော့ဘူး။ မင်းဟာကြီးက မှားတယ်တဲ့။ သူတို့ကို ဘယ်သူကလာကြည့်မှာလဲ လို့ပြောခဲ့တယ်။
No မဆိုင်ဘူး။ ကျွန်တော်တို့က ဒီလိုလုပ်မှ ဘဝကြီးက မျှတတော့မှာ။ လူကြမ်းတွေအတွက်ကားကို မရရအောင် အကောင်အထည်ဖော်ပါမယ်။ လို့ ယုန်လေးကပြောခဲ့ပါတယ်။ 
ပရိသတ်ကြီးရေ ဒါလေးကို ဖတ်ပြီးသွားတဲ့ အခါမှာတော့ ပရိသတ်ကြီးရဲ့ စိတ်ထဲမှာ ယုန်လေးရဲ့ စီးပွားတွက် မတွက်ပဲ စေတနာအမှန်နဲ့ လူကြမ်းတွေရဲ့ ဘဝကို နဂိုထက်ပိုကောင်းအောင် Role ပိုမြင့်အောင် ဘယ်လောက်ထိ ဖြစ်စေချင်လဲဆိုတာကို ခံစားမိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေစိတ်ထဲမှာ ယုန်လေးကို ဘယ်လိုမြင်လဲ အခုတစ်ခေါက်ယုန်လေး ပြောခဲ့တဲ့ လူကြမ်းတွေအတွက် စီစဉ်ထားတာကို ဘယ်လိုမြင်လဲဆိုတာကို ပြောပြ ဆွေးနွေးသွားကြပါဦးနော်။
Source : FM Myanmar
Add a Comment
Your email address will not be published. Required fields are marked *