ေက်ာင္းတက္ဖို႔ေတာင္ ပိုက္ဆံမရွိလို႔ ႏိုက္ကလပ္မွာ ဝန္ထမ္းလုပ္ခဲ့ရတဲ့ ဘဝအေျခအေနကို ရင္ဖြင့္ခဲ့တဲ့ ဇာဇာထက္

ပရိသတ္ႀကီးေရ ေမာ္ဒယ္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွာ ရပ္တည္ေနတဲ့ ဇာဇာထက္က သီခ်င္းဗီဒီယိုေတြမွာ ပါဝင္သ႐ုပ္ေဆာင္ၿပီး ျဖည္းျဖည္းမွန္မွန္နဲ႔ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနတာျဖစ္ပါတယ္။ ယခုေဖာ္ျပေပးမယ့္ အေၾကာင္းအရာကေတာ့ ဇာဇာထက္ရဲ႕ လတ္တေလာလုပ္ေနတဲ့ အေၾကာင္းအရာေတြနဲ႔ ျဖတ္သန္းခဲ့ရတဲ့ ဘဝအေတြ႕အၾကံဳ တခ်ိဳ႕ကို တင္ဆက္ေပးလိုက္ရပါတယ္။

ေလာေလာဆယ္ အမက Live လႊင့္ၿပီး ေစ်းေရာင္းေပးရတာမ်ိဳးေတြ ေၾကာ္ျငာေပးရတာေလးေတြရွိတယ္။ အမရဲ႕ ကိုယ္ပိုင္စီးပြားေရးကေတာ့ USA Brand ေလးေတြ ေရာင္းတယ္။ ဒီေလာက္ပါပဲလို႔ ဇာဇာထက္က ေျပာျပခဲ့ပါတယ္။

ပညာေရးနဲ႔ ပတ္သတ္ၿပီး အမရဲ႕ ခံယူခ်က္ကို ေျပာျပေပးပါဦးလို႔ ဇာဇာထက္ကို ေမးခဲ့တဲ့ အေပၚမွာ အမရဲ႕ အိပ္မက္က ဂ်ပန္မွာ ပညာသြားသင္ဖို႔ ၂၀၁၂ ခုႏွစ္က စေကာ္လာေတြ ေလ်ာက္လႊာေတြလုပ္ၿပီးေတာ့မွ အေမ့က်န္းမာေရးေၾကာင့္ ဆံုးရွံုးခဲ့ရတယ္ေပါ့ေနာ္။ ဒါေပမယ့္ အမက ကိုယ့္ရဲ႕က်ရာေနရာ ေဆးစက္က်ရာ အ႐ုပ္ထင္သလိုပဲ ဘဝက မိသားစုအတြက္ ကိုယ့္ရဲ႕ နာမည္ကိုရင္းၿပီးေတာ့ အကုန္လံုးကို ပခံုးနဲ႔ ထမ္းတင္ၿပီးေတာ့ ညီအစ္ကို ေမာင္ႏွမေတြအားလံုး အဆင္ေျပေျပေအာင္ ကိုယ္တစ္ေယာက္ထဲကပဲ ရင္းေပးလိုက္တာေပါ့ေနာ္။

ဘာပဲျဖစ္ျဖစ္ အားလံုးက သူ႔ဟာနဲ႔သူ အဆင္ေျပသြားတဲ့ အခ်ိန္မွာ ကိုယ္လုပ္ေပးခဲ့ရတာ တန္တယ္ဆိုတဲ့ စိတ္ကေလးနဲ႔ေပါ့ေနာ္ ကိုယ့္မိသားစုအတြက္ ကိုယ္လုပ္တယ္။ ေနာက္ၿပီးေတာ့ အဲ့အခ်ိန္မွာ အမ ၾကားထဲမွာ ပညာေရးကိုရပ္ပစ္လိုက္တယ္။ မလုပ္ျဖစ္ဘူးဆိုတာ Law နဲ႔ ေက်ာင္းမွာ တစ္ႏွစ္ ႏွစ္ႏွစ္ေလာက္ နားလိုက္ရတယ္။ အေမ့က်န္းမာေရးရယ္ အိမ္ကစီးပြားေရးရယ္ေပါ့ေနာ္။

ေက်ာင္းတက္ဖို႔ေတာင္ ပိုက္ဆံမရွိလို႔ ႏိုက္ကလပ္မွာ ဝန္ထမ္းလုပ္ရတယ္။ Bartender ေလးေတြလဲ လုပ္ရတယ္။ အမက အဲ့လိုမ်ိဳးဘဝကလာရတယ္။ ေနာက္ၿပီးေတာ့ တံခါးဆြဲရတယ္။ မဂၤလာပါရွင့္ဆိုၿပီး ေပါ့ေနာ္ အဲ့လိုမ်ိဳးေလးေတြ ေျပာေပးရတယ္။ ၿပီးေတာ့ ေန႔ခင္းဘက္ဆို စာသင္ရတယ္။

အဲ့လိုမ်ိဳးဘဝကေန ကိုယ္ကလာခဲ့ရတဲ့ အခါက်ေတာ့ ေလာကႀကီးမွာ အမတို႔ေတြက အၿမဲတမ္းရွံုးေနလို႔ေတာ့ မျဖစ္ဘူး။ အရွံုးထဲကေန ကိုယ္က အႏိုင္ကိုရွာရမယ္။ အဆိုးၿပီးရင္ အေကာင္းလာရမယ္။ အဲ့ဒိ အဆိုးၿပီးရင္ အေကာင္းေတြေရာက္လာတဲ့ အခ်ိန္မွာ အေကာင္းရဲ႕ ေကာင္းမြန္တဲ့အရသာေတြ သိသြားတဲ့အခ်ိန္မွာ အဆိုးထဲကို ျပန္မသြားခ်င္ေတာ့ဘူး။

လူေတြက ဒီအဆိုးထဲမွာပဲေနေနၾကတယ္။ ဇာဇာထက္ ေဖာ္ခြ်တ္ေမာ္ဒယ္ဆိုတဲ့ ဂုဏ္ပုဒ္ေအာက္မွာပဲ ေရစုန္ေမွ်ာၿပီး ငါျဖစ္ခ်င္တာျဖစ္ဆိုၿပီး ေမွ်ာေနရင္ေတာ့ အမတို႔ ဘဝက ဘယ္ လူေတြကို ရႊဲ႕ၿပီး ေမွ်ာေနရင္ေတာ့ အမတို႔ေတြက ေရေမွ်ာကမ္းတင္ ဘဝနဲ႔ ပဲျဖစ္ေနေတာ့မွာ။ ဘယ္ကိုဆြဲလို႔ဆြဲရမွန္း ဘယ္ကိုမွီလို႔မွီရမွန္းမသိတဲ့အခ်ိန္မွာ အမက ပညာေရးဘက္မွာျပန္ၿပီးေတာ့ လွည့္တယ္ေပါ့ေနာ္။

ပညာေရးလဲလုပ္တယ္။ ကိုယ္အဆင္ေျပတဲ့အခ်ိန္မွာ ကိုယ္တစ္ခ်ိန္တုန္းက ပိုက္ဆံမရွိလို႔ စာကိုေသခ်ာမလုပ္ႏိုင္တဲ့အခ်ိန္မွာေပါ့ေနာ္ ဥပမာေျပာရမယ္ဆို အမဘြဲ႕ယူတဲ့ အခ်ိန္တုန္းကဆိုရင္ ပိိုက္ဆံမရွိဘူး။ အဲ့ေတာ့ ေက်ာင္းက႐ိုက္ေပးတဲ့ ဓာတ္ပံုေတြပဲရွိတယ္။ အျပင္မွာ ဓာတ္ပံုဆရာနဲ႔ ႐ိုက္ထားတဲ့ ဓာတ္ပံုေကာင္းေကာင္းမရွိဘူး။ အခုဆိုရင္ အမက အဆင္ေျပၿပီး ေကာင္းေကာင္းမြန္မြန္ ႐ိုက္ႏိုင္တယ္ေပါ့။ အဲ့လို ခံစားခ်က္မ်ိဳးနဲ႔ ေကာင္းေကာင္းမြန္မြန္ အဝတ္အစားဝတ္ၿပီးေတာ့ ေျပာရမယ္ဆို အဓိကကေတာ့ အဝတ္အစားဖိုး မတတ္ႏိုင္လို႔ ေကာင္းေကာင္းမြန္မြန္ ဘြဲ႕မယူႏိုင္ဘူးေပါ့ေနာ္။ အခုအခ်ိန္မွာေတာ့ ရန္ကုန္တကၠသိုလ္ထဲမွာ ေက်ာင္းတက္ၿပီး ဘြဲ႕တစ္ခုေတာ့ ရေအာင္ယူမယ္။

ေကာင္းေကာင္းမြန္မြန္ ခမ္းခမ္းနားနားေလးေပါ့ ဘဝမွာ အမွတ္တရေပါ့ေနာ္ သူငယ္ခ်င္းေတြနဲ႔ ဓာတ္ပံု႐ိုက္ခ်င္တယ္။ အဲ့ခံစားခ်က္ေလးနဲ႔ ႀကိဳးစားတယ္။ ဘြဲ႕ေလးတစ္ခုကိုေတာ့ ဓာတ္ပံုေလး က်က်နန႐ိုက္မယ္။ အဲ့လိုမ်ိဳးေလးနဲ႔ ႀကိဳးစားခဲ့တယ္။

လူေတြကေျပာၾကတယ္။ ေဖာ္ခြ်တ္ေမာ္ဒယ္ဆိုရင္ ျဖစ္ခ်င္တိုင္းျဖစ္ ေရစုန္ေျမာရမယ္ေပါ့။ အဲ့လိုမ်ိဳးမဟုတ္ဘူး သူမ်ားႏိုင္ငံက ေမာ္ဒယ္ေတြဆိုရင္ အရမ္းေတာ္တယ္ေပါ့။ အမက လူကသာ အဲ့လိုေမာ္ဒယ္ အမက Idol ထားတဲ့သူဆို နဲနဲရွားတယ္ေပါ့ေနာ္။ ရွားတယ္ဆိုတာ အရမ္းေတာ္တဲ့သူေတြပဲထားတယ္။ သူမ်ားႏိုင္ငံက ေဖာ္ခြ်တ္ေမာ္ဒယ္ေတြဆိုရင္ ဘာသာစကား ေလးငါးမ်ိဳးတတ္တယ္။ ကိုယ္လံုးကိုယ္ေပါက္ အရမ္းမိုက္တယ္။ သူတို႔ကိုယ္တိုင္ သူတို႔ Brand ေတြကို ေဖာက္တာရွိတယ္။ အဲ့လိုမ်ိဳး အသက္ႀကီးေလ ပိုမိုက္ေလပဲ။ ဂ်နီဖာလိုပက္ဆို အရမ္းေတာ္တယ္။ သူတို႔ရဲ႕ တစ္ႏွစ္တာဆိုလဲ Youtube ကေတ အၿမဲဝင္ၾကည့္ျဖစ္တယ္။

အမကိုယ္တိုင္ကလဲ အရင္က ေဖာ္ခြ်တ္ေမာဒယ္ဆိုၿပီး လူေတြက ေနရာမေပးလို႔ မုန္းတဲ့မ်က္စိနဲ႔ ၾကည့္ခဲ့ဖူးတယ္။ တကယ္တမ္းက်ေတာ့ အဲ့လိုေနရာေပးခံရဖို႔ ကိုယ့္ဟာကိုယ္ပဲ ႀကိဳးစားရတာ။ သူမ်ားေတြက ကိုယ့္ကို ေနရာေပးဖို႔အတြက္ ကိုယ္ကဒီေနရာကို လိုခ်င္တယ္ဆိုၿပီး ထိုင္ေအာ္ေနလို႔မရဘူးေပါ့ေနာ္။ ကိုယ္လိုခ်င္တဲ့ေနရာကို ရဖို႔အတြက္ ကိုယ့္လုပ္ရပ္နဲ႔ ကိုယ့္အမႉအက်င့္နဲ႔ လုပ္ရမယ္။ ႐ိုးသားမႈတစ္ခုထဲနဲ႔ မလံုေလာက္ဘူး။ ဒီ႐ိုးသားဖို႔အတြက္က အက်င့္စာရိတၱေကာင္းဖို႔လဲ လိုအပ္တယ္။ ကိုယ့္အလုပ္က ေဖာ္ခြ်တ္ေမာ္ဒယ္ကို Professional လုပ္တယ္။ ကိုယ့္ရဲ႕ Personal နဲ႔ တစ္ကန္႔စီကြဲေအာင္ လုပ္ရတာေပါ့လို႔ ဇာဇာထက္ကေျပာခဲ့ပါတယ္။

ပရိသတ္ႀကီးေရ ဇာဇာထက္ေျပာခဲ့တဲ့ စကားေတြကို ဖတ္ၿပီး ရင္ထဲမွာ တစ္ခုခုက်န္ခဲ့မယ္ဆိုတာ ေသခ်ာပါတယ္။ အခ်ိန္ေပးၿပီးဖတ္ေပးတဲ့အတြက္လဲ ေက်းဇူးတင္ပါတယ္။ ဇာဇာထက္နဲ႔ ပတ္သတ္ၿပီး ပရိသတ္ႀကီးရဲ႕ ရင္ထဲကခံစားခ်က္ေတြနဲ႔ အျမင္ေလးေတြကို ေျပာေပးသြားၾကပါဦး။

Read in UNICODE

ပရိသတ်ကြီးရေ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေတဲ့ ဇာဇာထက်က သီချင်းဗီဒီယိုတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ဖြည်းဖြည်းမှန်မှန်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ဇာဇာထက်ရဲ့ လတ်တလောလုပ်နေတဲ့ အကြောင်းအရာတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ တချို့ကို တင်ဆက်ပေးလိုက်ရပါတယ်။

လောလောဆယ် အမက Live လွှင့်ပြီး ဈေးရောင်းပေးရတာမျိုးတွေ ကြော်ငြာပေးရတာလေးတွေရှိတယ်။ အမရဲ့ ကိုယ်ပိုင်စီးပွားရေးကတော့ USA Brand လေးတွေ ရောင်းတယ်။ ဒီလောက်ပါပဲလို့ ဇာဇာထက်က ပြောပြခဲ့ပါတယ်။

ပညာရေးနဲ့ ပတ်သတ်ပြီး အမရဲ့ ခံယူချက်ကို ပြောပြပေးပါဦးလို့ ဇာဇာထက်ကို မေးခဲ့တဲ့ အပေါ်မှာ အမရဲ့ အိပ်မက်က ဂျပန်မှာ ပညာသွားသင်ဖို့ ၂၀၁၂ ခုနှစ်က စကော်လာတွေ လျောက်လွှာတွေလုပ်ပြီးတော့မှ အမေ့ကျန်းမာရေးကြောင့် ဆုံးရှုံးခဲ့ရတယ်ပေါ့နော်။ ဒါပေမယ့် အမက ကိုယ့်ရဲ့ကျရာနေရာ ဆေးစက်ကျရာ အရုပ်ထင်သလိုပဲ ဘဝက မိသားစုအတွက် ကိုယ့်ရဲ့ နာမည်ကိုရင်းပြီးတော့ အကုန်လုံးကို ပခုံးနဲ့ ထမ်းတင်ပြီးတော့ ညီအစ်ကို မောင်နှမတွေအားလုံး အဆင်ပြေပြေအောင် ကိုယ်တစ်ယောက်ထဲကပဲ ရင်းပေးလိုက်တာပေါ့နော်။

ဘာပဲဖြစ်ဖြစ် အားလုံးက သူ့ဟာနဲ့သူ အဆင်ပြေသွားတဲ့ အချိန်မှာ ကိုယ်လုပ်ပေးခဲ့ရတာ တန်တယ်ဆိုတဲ့ စိတ်ကလေးနဲ့ပေါ့နော် ကိုယ့်မိသားစုအတွက် ကိုယ်လုပ်တယ်။ နောက်ပြီးတော့ အဲ့အချိန်မှာ အမ ကြားထဲမှာ ပညာရေးကိုရပ်ပစ်လိုက်တယ်။ မလုပ်ဖြစ်ဘူးဆိုတာ Law နဲ့ ကျောင်းမှာ တစ်နှစ် နှစ်နှစ်လောက် နားလိုက်ရတယ်။ အမေ့ကျန်းမာရေးရယ် အိမ်ကစီးပွားရေးရယ်ပေါ့နော်။

ကျောင်းတက်ဖို့တောင် ပိုက်ဆံမရှိလို့ နိုက်ကလပ်မှာ ဝန်ထမ်းလုပ်ရတယ်။ Bartender လေးတွေလဲ လုပ်ရတယ်။ အမက အဲ့လိုမျိုးဘဝကလာရတယ်။ နောက်ပြီးတော့ တံခါးဆွဲရတယ်။ မင်္ဂလာပါရှင့်ဆိုပြီး ပေါ့နော် အဲ့လိုမျိုးလေးတွေ ပြောပေးရတယ်။ ပြီးတော့ နေ့ခင်းဘက်ဆို စာသင်ရတယ်။

အဲ့လိုမျိုးဘဝကနေ ကိုယ်ကလာခဲ့ရတဲ့ အခါကျတော့ လောကကြီးမှာ အမတို့တွေက အမြဲတမ်းရှုံးနေလို့တော့ မဖြစ်ဘူး။ အရှုံးထဲကနေ ကိုယ်က အနိုင်ကိုရှာရမယ်။ အဆိုးပြီးရင် အကောင်းလာရမယ်။ အဲ့ဒိ အဆိုးပြီးရင် အကောင်းတွေရောက်လာတဲ့ အချိန်မှာ အကောင်းရဲ့ ကောင်းမွန်တဲ့အရသာတွေ သိသွားတဲ့အချိန်မှာ အဆိုးထဲကို ပြန်မသွားချင်တော့ဘူး။

လူတွေက ဒီအဆိုးထဲမှာပဲနေနေကြတယ်။ ဇာဇာထက် ဖော်ချွတ်မော်ဒယ်ဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာပဲ ရေစုန်မျှောပြီး ငါဖြစ်ချင်တာဖြစ်ဆိုပြီး မျှောနေရင်တော့ အမတို့ ဘဝက ဘယ် လူတွေကို ရွှဲ့ပြီး မျှောနေရင်တော့ အမတို့တွေက ရေမျှောကမ်းတင် ဘဝနဲ့ ပဲဖြစ်နေတော့မှာ။ ဘယ်ကိုဆွဲလို့ဆွဲရမှန်း ဘယ်ကိုမှီလို့မှီရမှန်းမသိတဲ့အချိန်မှာ အမက ပညာရေးဘက်မှာပြန်ပြီးတော့ လှည့်တယ်ပေါ့နော်။

ပညာရေးလဲလုပ်တယ်။ ကိုယ်အဆင်ပြေတဲ့အချိန်မှာ ကိုယ်တစ်ချိန်တုန်းက ပိုက်ဆံမရှိလို့ စာကိုသေချာမလုပ်နိုင်တဲ့အချိန်မှာပေါ့နော် ဥပမာပြောရမယ်ဆို အမဘွဲ့ယူတဲ့ အချိန်တုန်းကဆိုရင် ပိုက်ဆံမရှိဘူး။ အဲ့တော့ ကျောင်းကရိုက်ပေးတဲ့ ဓာတ်ပုံတွေပဲရှိတယ်။ အပြင်မှာ ဓာတ်ပုံဆရာနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကောင်းကောင်းမရှိဘူး။ အခုဆိုရင် အမက အဆင်ပြေပြီး ကောင်းကောင်းမွန်မွန် ရိုက်နိုင်တယ်ပေါ့။ အဲ့လို ခံစားချက်မျိုးနဲ့ ကောင်းကောင်းမွန်မွန် အဝတ်အစားဝတ်ပြီးတော့ ပြောရမယ်ဆို အဓိကကတော့ အဝတ်အစားဖိုး မတတ်နိုင်လို့ ကောင်းကောင်းမွန်မွန် ဘွဲ့မယူနိုင်ဘူးပေါ့နော်။ အခုအချိန်မှာတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းတက်ပြီး ဘွဲ့တစ်ခုတော့ ရအောင်ယူမယ်။

ကောင်းကောင်းမွန်မွန် ခမ်းခမ်းနားနားလေးပေါ့ ဘဝမှာ အမှတ်တရပေါ့နော် သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ချင်တယ်။ အဲ့ခံစားချက်လေးနဲ့ ကြိုးစားတယ်။ ဘွဲ့လေးတစ်ခုကိုတော့ ဓာတ်ပုံလေး ကျကျနနရိုက်မယ်။ အဲ့လိုမျိုးလေးနဲ့ ကြိုးစားခဲ့တယ်။

လူတွေကပြောကြတယ်။ ဖော်ချွတ်မော်ဒယ်ဆိုရင် ဖြစ်ချင်တိုင်းဖြစ် ရေစုန်မြောရမယ်ပေါ့။ အဲ့လိုမျိုးမဟုတ်ဘူး သူများနိုင်ငံက မော်ဒယ်တွေဆိုရင် အရမ်းတော်တယ်ပေါ့။ အမက လူကသာ အဲ့လိုမော်ဒယ် အမက Idol ထားတဲ့သူဆို နဲနဲရှားတယ်ပေါ့နော်။ ရှားတယ်ဆိုတာ အရမ်းတော်တဲ့သူတွေပဲထားတယ်။ သူများနိုင်ငံက ဖော်ချွတ်မော်ဒယ်တွေဆိုရင် ဘာသာစကား လေးငါးမျိုးတတ်တယ်။ ကိုယ်လုံးကိုယ်ပေါက် အရမ်းမိုက်တယ်။ သူတို့ကိုယ်တိုင် သူတို့ Brand တွေကို ဖောက်တာရှိတယ်။ အဲ့လိုမျိုး အသက်ကြီးလေ ပိုမိုက်လေပဲ။ ဂျနီဖာလိုပက်ဆို အရမ်းတော်တယ်။ သူတို့ရဲ့ တစ်နှစ်တာဆိုလဲ Youtube ကတေ အမြဲဝင်ကြည့်ဖြစ်တယ်။

အမကိုယ်တိုင်ကလဲ အရင်က ဖော်ချွတ်မောဒယ်ဆိုပြီး လူတွေက နေရာမပေးလို့ မုန်းတဲ့မျက်စိနဲ့ ကြည့်ခဲ့ဖူးတယ်။ တကယ်တမ်းကျတော့ အဲ့လိုနေရာပေးခံရဖို့ ကိုယ့်ဟာကိုယ်ပဲ ကြိုးစားရတာ။ သူများတွေက ကိုယ့်ကို နေရာပေးဖို့အတွက် ကိုယ်ကဒီနေရာကို လိုချင်တယ်ဆိုပြီး ထိုင်အော်နေလို့မရဘူးပေါ့နော်။ ကိုယ်လိုချင်တဲ့နေရာကို ရဖို့အတွက် ကိုယ့်လုပ်ရပ်နဲ့ ကိုယ့်အမှူအကျင့်နဲ့ လုပ်ရမယ်။ ရိုးသားမှုတစ်ခုထဲနဲ့ မလုံလောက်ဘူး။ ဒီရိုးသားဖို့အတွက်က အကျင့်စာရိတ္တကောင်းဖို့လဲ လိုအပ်တယ်။ ကိုယ့်အလုပ်က ဖော်ချွတ်မော်ဒယ်ကို Professional လုပ်တယ်။ ကိုယ့်ရဲ့ Personal နဲ့ တစ်ကန့်စီကွဲအောင် လုပ်ရတာပေါ့လို့ ဇာဇာထက်ကပြောခဲ့ပါတယ်။

ပရိသတ်ကြီးရေ ဇာဇာထက်ပြောခဲ့တဲ့ စကားတွေကို ဖတ်ပြီး ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ်ဆိုတာ သေချာပါတယ်။ အချိန်ပေးပြီးဖတ်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ ဇာဇာထက်နဲ့ ပတ်သတ်ပြီး ပရိသတ်ကြီးရဲ့ ရင်ထဲကခံစားချက်တွေနဲ့ အမြင်လေးတွေကို ပြောပေးသွားကြပါဦး။

Source : FMM

Add a Comment

Your email address will not be published. Required fields are marked *