ကြက်ပေါင်းဆီချက် ကိုယ်တိုင်ချက်ပြီး ဝေဘာဂီဆေးရုံကို လှူဒါန်းသွားမယ်ဆိုတဲ့ ဇေရဲထက်
Read in UNICODE
ဇေရဲထက်ကတော့ နယ်မြို့လေးတစ်မြို့ကနေ ရန်ကုန်တက်လာခဲ့ပြီး သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် ကြိုးစားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဇေရဲထက်က ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးမှုခံခဲ့ရတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့
ဇေရဲထက်က အရင်ကလောက် အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပဲ အေးအေးဆေးဆေးသာ နေထိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။ ငယ်စဉ်ကတည်းက ထမင်းဆိုင်ဖွင့်ခဲ့တဲ့ ဇေရဲထက်က သူ့ရဲ့ နေအိမ်မှာလည်း ဟင်းတွေတစ်မျိုးပြီးတစ်မျိုး ချက်စားရင်း ပရိသတ်တွေကို ချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဇေရဲထက်က လာမယ့်
စက်တင်ဘာလ (၁၄) ရက်နေ့ကျရင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးမှာ ကြက်ပေါင်းဆီချက် လှူဒါန်းဖို့ ကိုယ်တိုင်ကိုယ်ကျ အားတက်သရော ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ဇေရဲထက်ကတော့ ကိုယ်တိုင်ကိုယ်ကျ ဟင်းချက်ပြီး ကုသိုလ်ယူဖို့ အခုကတည်းက
တက်ကြွနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေရဲထက်ရဲ့ ကုသိုလ်လေးအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Zay Ye Htet’s Facebook
Add a Comment
Your email address will not be published. Required fields are marked *