ေလေဘးအက်ႌေတြ တစ္ထည္ကို(၅၀၀၀)နဲ႔ေရာင္းေနၿပီး ကိုယ္တိုင္လဲ အနံကို ႀကိဳက္လြန္းလို႔ မေလွ်ာ္ပဲ ဝတ္တယ္ဆိုတဲ့ ထူးျခား

ထူးျခားဟာ ေယာက်ာ္းပီသလြန္းတဲ့ ႐ုပ္ရည္နဲ႔ အက္ရွင္ဇာတ္ကားေတြဆို တမူထူးျခားေအာင္ သ႐ုပ္ေဆာင္ႏိုင္သူတစ္ေယာက္ပါ။ လတ္တေလာမွာေတာ့ ထူးျခားဟာ အႏုပညာအလုပ္ေတြလုပ္ေနတဲ့အျပင္ ဝက္နံ႐ိုးမီးေတာက္ေတြေရာင္းရင္း ပရိသတ္ေတြၾကားထဲမွာ နာမည္ႀကီးေနသူတစ္ဦးပါ။ ဝက္နံ႐ိုးမီးေတာက္ေရာင္းတုန္းကဆို လက္မလည္ေအာင္ ေရာင္းခဲ့ရသူျဖစ္ပါတယ္။ 

အခုလတ္တေလာမွာေတာ့ ထူးျခားဟာ ကိုဗစ္အေျခအေနေၾကာင့္ အႏုပညာအလုပ္ေတြရပ္နားထားရၿပီး စီးပြားေရးအတြက္လုပ္ကိုင္ေနရတဲ့ အရာေလးေတြကို အခုလိုပဲ ေျဖၾကားခဲ့ပါတယ္။

ထူးျခားေျပာခဲ့တာကေတာ့ ကိုဗစ္အေျခအေနေလး သက္သာသြားေတာ့ ျမင့္ျမတ္နဲ႔ေတာင္ ကား႐ိုက္ဖို႔ ေျပာထားတာရွိတယ္။ လက္ရွိ႐ိုက္ေနတာကတစ္ကား ေနာက္အသစ္တစ္ကားလဲ ထပ္စဖို႔ ေျပာထားေသးတယ္။ အခုအေျခအေနအရေတာ့ ဘယ္လိုလုပ္ျဖစ္ႏိုင္ေတာ့မွာလဲ ဆိုၿပီး လတ္တေလာအေျခအေနကို ေျပာျပခဲ့ပါတယ္။

ေလာေလာဆယ္က ကြ်န္ေတာ္ ဟိုတေလာကေတာင္ ေလေဘးေတြ ေရာင္းေသးတယ္။ ကြ်န္ေတာ္အခု ေလေဘးအထုပ္ေတြဝယ္ၿပီး ေရာင္းေနတာေပါ့ေနာ္။ ကြ်န္ေတာ္ေရာင္းတယ္ဆိုတာက ကြ်န္ေတာ့္ဆီကေရာင္းရင္ ကြ်န္ေတာ္က ဂ်င္းမဟုတ္ဘူးဗ်ာ အျမတ္နဲနဲယူတယ္ဆိုတဲ့ သေဘာ။ ကြ်န္ေတာ္ ဝက္နံ႐ိုးေရာင္းတာလဲ အခုခ်ိန္ထိ ေရာင္းေနရတုန္းပဲ။ ဒါေပမယ့္ ပြဲကေတာ့ ေတာ္ေတာ္ေတာ့ နဲသြားတယ္ေပါ့ဗ်ာ။ အရင္တုန္းကလို အုန္းအုန္းေတာ့ မေရာင္းရေတာ့ဘူး။ အခုခ်ိန္ထိ ကြ်န္ေတာ့ကို အားေပးေနတဲ့ ဝက္နံ႐ိုးမီးေတာက္ ေကာင္းလို႔ အားေပးေနတဲ့ တန္လို႔ေပါ့ဗ်ာ။ 

ဒီ ေလေဘးအက်ႌေတြဆိုလဲ ကြ်န္ေတာ္ (၅)ေထာင္နဲ႔ေရာင္းတာ။ တျခားဆိုင္ေတြမွာဆိုရင္ တစ္ေသာင္းေက်ာ္နဲ႔ေရာင္းတာ။ ကြ်န္ေတာ္ကေတာ့ တစ္ထုတ္လံုးမွာရွိတဲ့ အေကာင္းေတြ မွန္သမွ်ကို (၅)ေထာင္နဲ႔ ေရာင္းတယ္။

တစ္ပတ္ကို အလုပ္အားမအားေပၚမူတည္ၿပီး စေန၊တနဂၤေႏြ (၂)ရက္ေရာင္းတယ္။ အခုက ဝင္ေငြမရွိေတာ့ဘူး။ အလုပ္က ၁၀၉ ၁၁၀ ျပန္ျဖစ္သြားျပန္ၿပီ။ ေလာေလာဆယ္အေနအထားက အႏုပညာအလုပ္ လုပ္လို႔မရေတာ့ဘူး။ အဲ့လိုျဖစ္ေနၿပီ။ 

ကြ်န္ေတာ္က ေလေဘး ဝတ္တယ္။ ကြ်န္ေတာ္ကိုယ္တိုင္ကလဲ ေလေဘး တအားဝတ္တယ္။ ကြ်န္ေတာ့္မွာရွိတဲ့ ေဘာင္းဘီ ဂ်င္းေဘာင္းဘီ (၁၀)ထည္မွာ (၉)ထည္ေလာက္က ေလေဘး။ ဒါေတာင္တစ္ထည္က ရႊီေရွာင္မိုလို႔။ ကြ်န္ေတာ္က ေလေဘးတအားဝတ္တယ္။ 

ဝတ္တယ္ဆိုတဲ့ အေၾကာင္းအရင္းကလဲ ကြ်န္ေတာ္တို႔ ငယ္ငယ္တုန္းက ေစ်းႀကီးတာေတြ မဝတ္ႏိုင္ဘူး။ အိမ္ကလဲ ဝဝာ္မေပးဘူး။ ႀကီးလာေတာ့လဲ ပိုက္ဆံကမရွာႏိုင္ေသးေတာ့ မဝတ္ႏိုင္ျပန္ဘူး။ အဲ့အခ်ိန္မွာမွ အစစ္နဲ႔ ေစ်းသက္သက္သာသာရမဲ့ေနရာက ေလေဘးပဲရွိတယ္။ အဲ့ေတာ့ အသစ္မဝယ္ႏိုင္ေတာ့ ေလေဘးထဲက သြားဝယ္ရတယ္။ အဲ့မွာေလေဘးကို စဝတ္ျဖစ္တယ္။ 

ဝတ္ရင္းဝတ္ရင္းနဲ႔ ေလေဘးဆို မေလွ်ာ္ပဲေတာင္ ဝတ္တာ။ ကြ်န္ေတာ္က အနံကိုႀကိဳက္တာ။ ေလေဘးကို ကြ်န္ေတာ္က ဟိုးအရင္ထဲက ငယ္ငယ္ေလးထဲက ဝတ္တာ။ လူပ်ိဳဘဝထဲက ဝတ္တာေပါ့ေနာ္။ အဲ့တာေၾကာင့္ ကြ်န္ေတာ္ႀကိဳက္တဲ့အရာေတြကို ျပန္ေရာင္းေပးတာ၊ ကြ်န္ေတာ္နဲ႔ထပ္တူရွိတဲ့သူေတြ ဝယ္ၾကေပါ့။

ေလေဘးေတြစေရာင္းေတာ့ ပထမရက္က အထည္(၁၀၀)ေက်ာ္ေရာင္းရတယ္။ ဒုတိယရက္က (၈၀)ေလာက္ေရာင္းရတယ္။ တစ္ထုတ္လံုးကုန္သြားၿပီ။ (၂)ရက္ထဲနဲ႔ကုန္သြားတာလို႔ ထူးျခားက ေျပာခဲ့ပါတယ္။

ဒါဆိုရင္ေတာ့ ပရိသတ္ေတြလဲ ထူးျခားတစ္ေယာက္ဟာ အႏုပညာအလုပ္ေတြသာမက ဝက္နံ႐ိုးမီးေတာက္ေရာင္းတဲ့အျပင္ ေလေဘး အထည္ေတြေရာင္းတဲ့ စီးပြားေရးကိုပါ တိုးခ်ဲ႕ေနၿပီဆိုတာ သိရေလာက္ၿပီ ထင္ပါတယ္။ ပရိသတ္ေတြထဲမွာေရာ ေလေဘးေတြ ဝတ္ဖူးတဲ့သူ ႀကိဳက္တဲ့သူေတြပါလား။ ႀကိဳက္ရင္လဲ ဘာလို႔ႀကိဳက္ၿပီး မႀကိဳင္ရင္လဲ ဘာလို႔ မႀကိဳက္လဲဆိုတာ ေျပာေပးသြားၾကပါဦး။ အခ်ိန္ေပးဖတ္ေပးၾကတဲ့ ပရိသတ္ေတြအားလံုးကို ေက်းဇူးတင္ပါတယ္။

Read in UNICODE

ထူးခြားဟာ ယောကျာ်းပီသလွန်းတဲ့ ရုပ်ရည်နဲ့ အက်ရှင်ဇာတ်ကားတွေဆို တမူထူးခြားအောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ လတ်တလောမှာတော့ ထူးခြားဟာ အနုပညာအလုပ်တွေလုပ်နေတဲ့အပြင် ဝက်နံရိုးမီးတောက်တွေရောင်းရင်း ပရိသတ်တွေကြားထဲမှာ နာမည်ကြီးနေသူတစ်ဦးပါ။ ဝက်နံရိုးမီးတောက်ရောင်းတုန်းကဆို လက်မလည်အောင် ရောင်းခဲ့ရသူဖြစ်ပါတယ်။ 

အခုလတ်တလောမှာတော့ ထူးခြားဟာ ကိုဗစ်အခြေအနေကြောင့် အနုပညာအလုပ်တွေရပ်နားထားရပြီး စီးပွားရေးအတွက်လုပ်ကိုင်နေရတဲ့ အရာလေးတွေကို အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

ထူးခြားပြောခဲ့တာကတော့ ကိုဗစ်အခြေအနေလေး သက်သာသွားတော့ မြင့်မြတ်နဲ့တောင် ကားရိုက်ဖို့ ပြောထားတာရှိတယ်။ လက်ရှိရိုက်နေတာကတစ်ကား နောက်အသစ်တစ်ကားလဲ ထပ်စဖို့ ပြောထားသေးတယ်။ အခုအခြေအနေအရတော့ ဘယ်လိုလုပ်ဖြစ်နိုင်တော့မှာလဲ ဆိုပြီး လတ်တလောအခြေအနေကို ပြောပြခဲ့ပါတယ်။

လောလောဆယ်က ကျွန်တော် ဟိုတလောကတောင် လေဘေးတွေ ရောင်းသေးတယ်။ ကျွန်တော်အခု လေဘေးအထုပ်တွေဝယ်ပြီး ရောင်းနေတာပေါ့နော်။ ကျွန်တော်ရောင်းတယ်ဆိုတာက ကျွန်တော့်ဆီကရောင်းရင် ကျွန်တော်က ဂျင်းမဟုတ်ဘူးဗျာ အမြတ်နဲနဲယူတယ်ဆိုတဲ့ သဘော။ ကျွန်တော် ဝက်နံရိုးရောင်းတာလဲ အခုချိန်ထိ ရောင်းနေရတုန်းပဲ။ ဒါပေမယ့် ပွဲကတော့ တော်တော်တော့ နဲသွားတယ်ပေါ့ဗျာ။ အရင်တုန်းကလို အုန်းအုန်းတော့ မရောင်းရတော့ဘူး။ အခုချိန်ထိ ကျွန်တော့ကို အားပေးနေတဲ့ ဝက်နံရိုးမီးတောက် ကောင်းလို့ အားပေးနေတဲ့ တန်လို့ပေါ့ဗျာ။ 

ဒီ လေဘေးအင်္ကျီတွေဆိုလဲ ကျွန်တော် (၅)ထောင်နဲ့ရောင်းတာ။ တခြားဆိုင်တွေမှာဆိုရင် တစ်သောင်းကျော်နဲ့ရောင်းတာ။ ကျွန်တော်ကတော့ တစ်ထုတ်လုံးမှာရှိတဲ့ အကောင်းတွေ မှန်သမျှကို (၅)ထောင်နဲ့ ရောင်းတယ်။

တစ်ပတ်ကို အလုပ်အားမအားပေါ်မူတည်ပြီး စနေ၊တနင်္ဂနွေ (၂)ရက်ရောင်းတယ်။ အခုက ဝင်ငွေမရှိတော့ဘူး။ အလုပ်က ၁၀၉ ၁၁၀ ပြန်ဖြစ်သွားပြန်ပြီ။ လောလောဆယ်အနေအထားက အနုပညာအလုပ် လုပ်လို့မရတော့ဘူး။ အဲ့လိုဖြစ်နေပြီ။ 

ကျွန်တော်က လေဘေး ဝတ်တယ်။ ကျွန်တော်ကိုယ်တိုင်ကလဲ လေဘေး တအားဝတ်တယ်။ ကျွန်တော့်မှာရှိတဲ့ ဘောင်းဘီ ဂျင်းဘောင်းဘီ (၁၀)ထည်မှာ (၉)ထည်လောက်က လေဘေး။ ဒါတောင်တစ်ထည်က ရွှီရှောင်မိုလို့။ ကျွန်တော်က လေဘေးတအားဝတ်တယ်။ 

ဝတ်တယ်ဆိုတဲ့ အကြောင်းအရင်းကလဲ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဈေးကြီးတာတွေ မဝတ်နိုင်ဘူး။ အိမ်ကလဲ ဝဝာ်မပေးဘူး။ ကြီးလာတော့လဲ ပိုက်ဆံကမရှာနိုင်သေးတော့ မဝတ်နိုင်ပြန်ဘူး။ အဲ့အချိန်မှာမှ အစစ်နဲ့ ဈေးသက်သက်သာသာရမဲ့နေရာက လေဘေးပဲရှိတယ်။ အဲ့တော့ အသစ်မဝယ်နိုင်တော့ လေဘေးထဲက သွားဝယ်ရတယ်။ အဲ့မှာလေဘေးကို စဝတ်ဖြစ်တယ်။ 

ဝတ်ရင်းဝတ်ရင်းနဲ့ လေဘေးဆို မလျှော်ပဲတောင် ဝတ်တာ။ ကျွန်တော်က အနံကိုကြိုက်တာ။ လေဘေးကို ကျွန်တော်က ဟိုးအရင်ထဲက ငယ်ငယ်လေးထဲက ဝတ်တာ။ လူပျိုဘဝထဲက ဝတ်တာပေါ့နော်။ အဲ့တာကြောင့် ကျွန်တော်ကြိုက်တဲ့အရာတွေကို ပြန်ရောင်းပေးတာ၊ ကျွန်တော်နဲ့ထပ်တူရှိတဲ့သူတွေ ဝယ်ကြပေါ့။

လေဘေးတွေစရောင်းတော့ ပထမရက်က အထည်(၁၀၀)ကျော်ရောင်းရတယ်။ ဒုတိယရက်က (၈၀)လောက်ရောင်းရတယ်။ တစ်ထုတ်လုံးကုန်သွားပြီ။ (၂)ရက်ထဲနဲ့ကုန်သွားတာလို့ ထူးခြားက ပြောခဲ့ပါတယ်။

ဒါဆိုရင်တော့ ပရိသတ်တွေလဲ ထူးခြားတစ်ယောက်ဟာ အနုပညာအလုပ်တွေသာမက ဝက်နံရိုးမီးတောက်ရောင်းတဲ့အပြင် လေဘေး အထည်တွေရောင်းတဲ့ စီးပွားရေးကိုပါ တိုးချဲ့နေပြီဆိုတာ သိရလောက်ပြီ ထင်ပါတယ်။ ပရိသတ်တွေထဲမှာရော လေဘေးတွေ ဝတ်ဖူးတဲ့သူ ကြိုက်တဲ့သူတွေပါလား။ ကြိုက်ရင်လဲ ဘာလို့ကြိုက်ပြီး မကြိုင်ရင်လဲ ဘာလို့ မကြိုက်လဲဆိုတာ ပြောပေးသွားကြပါဦး။ အချိန်ပေးဖတ်ပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Source : MC’s Inetrview

Add a Comment

Your email address will not be published. Required fields are marked *