သ႐ုပ္ေဆာင္မျဖစ္ခင္ထဲက ဦးေဗလုဝရဲ႕ ေက်းဇူးေတြ အမ်ားႀကီးရွိေၾကာင္း ေျပာျပခဲ့တဲ့ ဒိန္းေဒါင္

ဒိန္းေဒါင္ကေတာ့ သူ႔ရဲ႕ အေပၚ ေက်းဇူးရွိခဲ့ဖူးတဲ့ အႏုပညာရွင္ေတြထဲမွာ ေဗလုဝက ပထမဆုံးလူပါလို႔ ဆိုပါတယ္။ သ႐ုပ္ေဆာင္ေလာကထဲကို မဝင္ေရာက္ခင္ကတည္းက ကူညီေပးခဲ့သူပါလို႔ ေျပာျပလာပါတယ္။ “ ဦးေဗဆိုတာက ဒိန္းေဒါင္ရယ္လို႔ ပရိသတ္သိေအာင္ လုပ္ေပးခဲ့တဲ့ လူေတြထဲမွာ သူက ထိပ္ဆုံးကပါ။ အရင္တုန္းက ဆိုင္းဝိုင္းေတြ ေနာက္လိုက္ဘဝမွာ ကိုယ္က သြက္သြက္လက္လက္ ျပတ္လုံး ျပတ္တတ္ေတာ့ သူ႔ထက္အရင္ေက်ာ္မွာစိုးၿပီး မေခၚၾကတဲ့

လူေတြရွိခဲ့ေပမယ့္ ေဗႀကီးကေတာ့ ကြၽန္ေတာ့္ကို ေခၚသုံးေပးတယ္။ ဒိန္းေဒါင္ဆိုတာ ျဖစ္လာတဲ့ နာဂလႈိင္ဂူဘုရားပြဲမွာဆိုရင္ ဦးေဗက ကြၽန္ေတာ္တို႔ အဖြဲ႕ကို လာကူညီေပးတယ္။ ပရိသတ္ေတြကလည္း ေဗလုဝလာမယ္ဆိုေတာ့ စုၿပဳံၿပီးေရာက္ေနၾကတာေပါ့။ ဦးေဗက ဧည့္သည္ဆိုေတာ့ သီခ်င္းဆို ျပတ္လုံးနည္းနည္းျပတ္ၿပီး ျပန္သြားေပမယ့္ ဆက္ၿပီးေတာ့ ကြၽန္ေတာ္တို႔က ျပတ္လုံးျပတ္ၾကတဲ့ အခ်ိန္မွာ မွတ္တမ္းဗီဒီယိုေလး႐ိုက္ထားရင္းနဲ႔

ပရိသတ္ၾကားထဲ ေရာက္သြားတာေပါ့” လို႔ သူကဆိုပါတယ္။ ဒိန္းေဒါင္အေနနဲ႔ အႏုပညာေလာကထဲကို ေရာက္ရွိလာတဲ့ အခ်ိန္မွာလည္း လူ႐ႊင္ေတာ္ ရွက္တယ္၊ ထင္ေပၚ တို႔နဲ႔ ရင္းရင္းႏွီးႏွီး ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဒီ သူငယ္ခ်င္း ႏွစ္ေယာက္ဟာ သူ႔အတြက္ ေက်းဇူးရွင္ေတြပါပဲလို႔ သူက ေျပာပါတယ္။ “ ကိုယ္ကေတာ့ ေက်းဇူးရွိခဲ့ဖူးသူေတြအားလုံးကို တတ္ႏိုင္သေလာက္ ကူညီပါတယ္။ လူ႐ႊင္ေတာ္ ရွက္တယ္ဆိုရင္ ကြၽန္ေတာ္

ေတာ္ေတာ္အဆင္မေျပတုန္းက ေငြ(၂၄၀၀)ေပးဖူးတယ္။ သူေသဆုံးသြားတဲ့ အခ်ိန္မွာ ရလာတဲ့ ကူေငြေတြကို မိဘမဲ့ကေလး(၅) ေယာက္ကို ရွင္ျပဳေပးခဲ့တယ္။ ထင္ေပၚေသတုန္းကလည္း သူ႔အိမ္မသြားႏိုင္ေပမယ့္ ေကာင္းမႈေလးေတြ လုပ္ေလ့ရွိပါတယ္။ ကြၽန္ေတာ္က ေက်းဇူးသိတတ္တဲ့လူတစ္ေယာက္ပါ” ဆိုၿပီးေတာ့ ဆက္လက္ ေျပာျပလာပါတယ္။ဒိန္းေဒါင္ကေတာ့ အခုလက္ရွိမွာ ကိုယ္ပိုင္ဇာတ္သဘင္ တည္ေထာင္ထားတာေပမယ့္ Covid

ကာလေၾကာင့္ နယ္လွည့္ေဖ်ာ္ေျဖေရးေတြ ရပ္နာထားတယ္လို႔ သိရပါတယ္။ သူ႔ကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိခဲ့တာပါ။ ဒိန္းေဒါင္ဟာ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယို ဇာတ္ကားေတြ၊ တီဗီေၾကာ္ျငာေတြ မွာ ဟာသသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ အဲဒီေနာက္မွာေတာ့ သူငယ္ခ်င္းျဖစ္သူ ခင္လႈိင္နဲ႔ TV Program ေတြမွာ အစီအစဥ္တင္ဆက္သူအျဖစ္ ေဆာင္႐ြက္ခဲ့တာ ေတြ႕ရပါတယ္။

Read in UNICODE

ဒိန်းဒေါင်ကတော့ သူ့ရဲ့ အပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ အနုပညာရှင်တွေထဲမှာ ဗေလုဝက ပထမဆုံးလူပါလို့ ဆိုပါတယ်။ သရုပ်ဆောင်လောကထဲကို မဝင်ရောက်ခင်ကတည်းက ကူညီပေးခဲ့သူပါလို့ ပြောပြလာပါတယ်။ “ ဦးဗေဆိုတာက ဒိန်းဒေါင်ရယ်လို့ ပရိသတ်သိအောင် လုပ်ပေးခဲ့တဲ့ လူတွေထဲမှာ သူက ထိပ်ဆုံးကပါ။ အရင်တုန်းက ဆိုင်းဝိုင်းတွေ နောက်လိုက်ဘဝမှာ ကိုယ်က သွက်သွက်လက်လက် ပြတ်လုံး ပြတ်တတ်တော့ သူ့ထက်အရင်ကျော်မှာစိုးပြီး မခေါ်ကြတဲ့

လူတွေရှိခဲ့ပေမယ့် ဗေကြီးကတော့ ကျွန်တော့်ကို ခေါ်သုံးပေးတယ်။ ဒိန်းဒေါင်ဆိုတာ ဖြစ်လာတဲ့ နာဂလှိုင်ဂူဘုရားပွဲမှာဆိုရင် ဦးဗေက ကျွန်တော်တို့ အဖွဲ့ကို လာကူညီပေးတယ်။ ပရိသတ်တွေကလည်း ဗေလုဝလာမယ်ဆိုတော့ စုပြုံပြီးရောက်နေကြတာပေါ့။ ဦးဗေက ဧည့်သည်ဆိုတော့ သီချင်းဆို ပြတ်လုံးနည်းနည်းပြတ်ပြီး ပြန်သွားပေမယ့် ဆက်ပြီးတော့ ကျွန်တော်တို့က ပြတ်လုံးပြတ်ကြတဲ့ အချိန်မှာ မှတ်တမ်းဗီဒီယိုလေးရိုက်ထားရင်းနဲ့

ပရိသတ်ကြားထဲ ရောက်သွားတာပေါ့” လို့ သူကဆိုပါတယ်။ ဒိန်းဒေါင်အနေနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ အချိန်မှာလည်း လူရွှင်တော် ရှက်တယ်၊ ထင်ပေါ် တို့နဲ့ ရင်းရင်းနှီးနှီး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီ သူငယ်ချင်း နှစ်ယောက်ဟာ သူ့အတွက် ကျေးဇူးရှင်တွေပါပဲလို့ သူက ပြောပါတယ်။ “ ကိုယ်ကတော့ ကျေးဇူးရှိခဲ့ဖူးသူတွေအားလုံးကို တတ်နိုင်သလောက် ကူညီပါတယ်။ လူရွှင်တော် ရှက်တယ်ဆိုရင် ကျွန်တော်

တော်တော်အဆင်မပြေတုန်းက ငွေ(၂၄၀၀)ပေးဖူးတယ်။ သူသေဆုံးသွားတဲ့ အချိန်မှာ ရလာတဲ့ ကူငွေတွေကို မိဘမဲ့ကလေး(၅) ယောက်ကို ရှင်ပြုပေးခဲ့တယ်။ ထင်ပေါ်သေတုန်းကလည်း သူ့အိမ်မသွားနိုင်ပေမယ့် ကောင်းမှုလေးတွေ လုပ်လေ့ရှိပါတယ်။ ကျွန်တော်က ကျေးဇူးသိတတ်တဲ့လူတစ်ယောက်ပါ” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာပေမယ့် Covid

ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နာထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *