လှူချင်တာမှန်သမျှ လှူခွင့်ပေးတဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားရလို့ ကျေးဇူးတင်နေတဲ့ ပိုးအိအိခန့်
Read in UNICODE
ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးပြီး ပိုးအိအိခန့်ကတော့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့အပြုံးအလှပိုင်ရှင်လေး ပိုးအိအိခန့်က ကလေးတစ်ယောက် မေမေဖြစ်သွားတာတောင် အရင်တုန်းကအတိုင်း နုပျိုလှပနေဆဲ ဖြစ်ပါတယ် ။ ပိုးအိအိခန့်က
မြန်မာ့ဂုဏ်ဆောင်ဘောလုံးသမား အောင်သူနဲ့ လက်ထပ်ထိမ်းမြားပြီး အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုဆိုရင် အောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံက ချစ်စရာကောင်းတဲ့သားလေး တစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပြီး
နားလည်မှုအပြည့်နဲ့ လက်တွဲနေကြတဲ့ ပိုးအိအိခန့်တို့စုံတွဲလေးကို အများကပါအားကျနေရတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ပိုးအိအိခန့်က မိသားစုအပေါ်မှာ ဂရုစိုက်ကြင်နာတတ်ပြီး သူမလှူချင်တာတွေကိုလှူခွင့်ပေးတဲ့ ခင်ပွန်းကောင်းကို ရရှိထားတာလည်း ဖြစ်ပါတယ် ။အခုလည်း ပိုးအိအိခန့်က
“ဒီဘဝမှာ ဒီလိုရုပ်ရည် ဒီလိုပညာအရည်အချင်းနဲ့ ဒီလိုစိတ်ထားလေးဖြစ်အောင် ကျွေးမွေးပြုစုစောင့်ရှောက်သင်ကြားပေးတဲ့ မိဘတွေကိုအရမ်းကျေးဇူးတင်မိသလို ဒီလိုမိသားစုလေးရလာတဲ့အခါ လှူချင်တာမှန်သမျှ လှူချင်တိုင်းလှူခွင့်ပေးတဲ့ ချစ်တဲ့ခင်ပွန်းကိုလည်း
ကျေးဇူးတင်ပါတယ်ရှင် လှည်းကူးမြို့နယ် ဗောဓိပေါင်း (၈၄၀၀၀) စစ်ကိုင်းကျောင်းမှာ လမ်းခင်းအလှူနဲ့ လမ်းတစ်လျှောက်မှာ အပင်လေးတွေ စိုက်လှူထားပါတယ်ရှင်” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုးအိအိခန့်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Poe Ei Ei Khant’s Facebook
Add a Comment
Your email address will not be published. Required fields are marked *