အနာဂတ္ကို ႀကိဳမျမင္ႏိုင္လို႔ ေနာက္အိမ္ေထာင္ျပဳမျပဳဆိုတာ မေျပာႏိုင္ေသးဘူးဆိုတဲ့ ခ်မ္းမီမီကို

႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ တစ္ေခတ္တစ္ခါထဲက က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္ အႏုပညာစြမ္းရည္ေတြကို ထုတ္ျပခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမွဳကို တခဲနက္ယူႏိုင္ခဲ့သူကေတာ့ ခ်မ္းမီမီကို ျဖစ္ပါတယ္။ ခင္ပြန္းနဲ႔ လမ္းခြဲၿပီးေနာက္ပိုင္း ဘဝကို သားေလးနဲ႔အတူ ေရွ႕ဆက္ေနတဲ့ သ႐ုပ္ေဆာင္၊ ေမာ္ဒယ္ ခ်မ္းမီမီကို ကေတာ့ ေနာက္အိမ္ေထာင္မျပဳခ်င္ေသးေပမယ့္ အနာဂတ္ကို ႀကိဳမျမင္ရတာေၾကာင့္

စကားကို အကုန္ မေျပာခ်င္ေသးဘူးလို႔ ေျပာခဲ့ပါတယ္။ခ်မ္းမီမီကိုကေတာ့ အိမ္ေထာင္ေရးနဲ႔ ပတ္သတ္ၿပီး အခုလိုပဲ ေျပာခဲ့ပါတယ္။ ခ်မ္းမီက စကားကိုေတာ့ အကုန္မေျပာခ်င္ဘူး။ ကိုယ္ကလည္း ထပ္ၿပီးေတာ့ အိမ္ေထာင္မျပဳခ်င္ဘူး။ ကိုယ့္သားကိုပဲ အခ်ိန္ေပးမယ္ဆိုၿပီး ေျပာလိုက္ေပမယ့္ စကားကြၽံရင္ ႏႈတ္လို႔မရတာေတြ ရွိတယ္။ ေနာင္တခ်ိန္ ကံစပ္လို႔ တခုခုျဖစ္သြားခဲ့ရင္ ဆိုတာလည္း ရွိတယ္။ ခ်မ္းမီမီကိုက အခုအခ်ိန္မွာေတာ့ အိမ္ေထာင္ေရးကို စိတ္မဝင္စားေသးဘူး။ အလုပ္ လုပ္မယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြလည္း ဘယ္အိမ္ေထာင္ျပဳခ်င္ပါ့မလဲ။ ကံအေၾကာင္းတရားေတြ ဖူးစာကံဆိုတာ ဘယ္ေျပာလို႔ ရမလဲ။ ျဖစ္ခ်ိန္တန္ရင္ ျဖစ္တယ္ဆိုတာ

ရွိၾကေတာ့ ေျပာလို႔ မရဘူး။ ကိုယ့္ကေလးအတြက္ကို ႏွလုံးသားထဲမွာ ကိန္းၿပီး စဥ္းစားသြားမယ္လို႔ ေျပာပါတယ္။ကေလးကိုက အိမ္ေထာင္သက္ ၂ ႏွစ္ေက်ာ္မွာ ယူတာပါ။ သူ႔အတြက္က်ေတာ့ ပံ့ပိုးေပးႏိုင္သေလာက္ ပံ့ပိုးေပးမယ္။ မိဘဆိုတာက လူတန္းစား အမ်ိဳးမ်ိဳး ရွိတယ္ေလ။ ကိုယ္ကအမ်ားႀကီး ပံ့ပိုးေပးႏိုင္တဲ့ မိဘ ရွိတယ္။ မေပးႏိုင္တဲ့ မိဘ ရွိတယ္။ လူတန္းစား ကြာျခားတယ္ေလ။ ကိုယ္ပံ့ပိုးေပးႏိုင္တဲ့ အတိုင္းအဆေလးနဲ႔ ပံ့ပိုးေပးမယ္လို႔လဲ ရင္ဖြင့္ခဲ့ပါေသးတယ္။ ပညာေရး၊ လူမႈေရး၊ ယဥ္ေက်းမႈအပိုင္းကို ပံ့ပိုးေပးမယ္။ အဲ့လိုမ်ိဳးေလးေတာ့

စဥ္းစားထားပါတယ္။ ကိုယ့္ကေလးကိုလည္း အရမ္းျဖစ္ရမယ္ဆိုတဲ့ ေဇာ မရွိပါဘူး။ ကိုယ္ႏိုင္သေလာက္ေလးပဲ ျဖည့္ဆည္းေပးရမွာေပါ့ လို႔ ခ်မ္းမီမီကိုက ေျပာပါတယ္။မိခင္တစ္ေယာက္ အေနနဲ႔ ကိုယ္တိုင္ကေတာ့ ကိုယ့္ကို အၿမဲခ်စ္ေနတဲ့ မိခင္မ်ိဳးပဲ ျဖစ္ခ်င္တယ္။ မိခင္တေယာက္အေနနဲ႔ သားသမီးအေပၚ အၿမဲေႏြးေထြးမႈေတြပဲ ေပးသြားမယ္။ အဲ့လိုမ်ိဳး မိခင္ပဲ ျဖစ္ခ်င္ပါတယ္။ အဓိကကေတာ့ မိဘရယ္လို႔ျဖစ္လာရင္ ငယ္ငယ္ကတည္းက သူတို႔နဲ႔ အခ်ိန္ ကုန္လာခဲ့တယ္။  သူတို႔နဲ႔ အခ်ိန္ ျဖဳန္းလာတဲ့အခါက်ေတာ့

မိဘအေနနဲ႔ ျဖစ္လာတဲ့ ေမတၱာကေလ သားသမီးအေပၚမွာ လုံးဝ ပုံအပ္ထားတာ။ သားသမီးအတြက္ကိုပဲ ျဖည့္ဆည္းေပးတဲ့ မိခင္ ျဖစ္ခ်င္တယ္။ သားကလည္း အေမ့အတြက္၊ အေမကလည္း သားအတြက္ပဲ ျဖစ္ခ်င္တယ္ လို႔ ခ်မ္းမီမီကိုက ေျပာပါတယ္။ခ်မ္းမီကိုကိုကေတာ့ မၾကာေသးမီကမွ အႏုပညာေလာကထဲကို ျပန္လည္ ဝင္ေရာက္ဖို႔အတြက္ အသိေပးခဲ့ၿပီး အခ်ိန္ကာလတခုအၾကာ

အဆက္ျပတ္သြားခဲ့တာ ျဖစ္ပါတယ္။ခ်မ္းမီမီကိုကေတာ့ အသက္ ၁၆ ႏွစ္အ႐ြယ္မွာ အလွမယ္တေယာက္ျဖစ္လာခဲ့ၿပီး သ႐ုပ္ေဆာင္တေယာက္အျဖစ္ ဗီဒီယိုဇာတ္ကားမ်ား၊ ႐ုပ္ရွင္ဇာတ္ကားမ်ား ႐ိုက္ကူးခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ၂၀၁၄ ခုႏွစ္မွာ အိမ္ေထာင္က်သြားခဲ့ၿပီး အႏုပညာေလာကမွ ေပ်ာက္ကြယ္သြားကာ အိမ္ေထာင္မႈ တာဝန္မ်ားနဲ႔အတူ အသက္ ၅ ႏွစ္အ႐ြယ္ သားေလးတေယာက္ကို

ပိုင္ဆိုင္ထားပါတယ္။ ခ်မ္းမီမီကိုကေတာ့ အိမ္ေထာင္ေရးနဲ႔ ပတ္သတ္ၿပီး ေရွ႕ဆက္ဘာျဖစ္လာနလဲဆိုတာ မသိႏိုင္တဲ့ အေၾကာင္းေတြနဲ႔ သားေလးနဲ႔ ပတ္သတ္ၿပီး ရင္တြင္းခံစားခ်က္ေတြကို ယခုလိုပဲ ေျပာျပခဲ့တာျဖစ္ပါတယ္။ အႏုပညာေလာကထဲ ျပန္လည္ ဝင္ေရာက္လာတဲ့ ခ်မ္းမီကို ပရိသတ္ေတြလဲ အရင္လိုပဲ အားေပးၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ပရိသတ္ေတြအားလံုး ဖတ္ေပးၾကတာ ေက်းဇူးတင္ပါတယ္။ အားလံုးပဲ က်န္းမာရႊင္လန္းၾကပါေစ။

Read in UNICODE

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ တစ်ခေတ်တစ်ခါထဲက ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် အနုပညာစွမ်းရည်တွေကို ထုတ်ပြခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ယူနိုင်ခဲ့သူကတော့ ချမ်းမီမီကို ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ လမ်းခွဲပြီးနောက်ပိုင်း ဘဝကို သားလေးနဲ့အတူ ရှေ့ဆက်နေတဲ့ သရုပ်ဆောင်၊ မော်ဒယ် ချမ်းမီမီကို ကတော့ နောက်အိမ်ထောင်မပြုချင်သေးပေမယ့် အနာဂတ်ကို ကြိုမမြင်ရတာကြောင့်

စကားကို အကုန် မပြောချင်သေးဘူးလို့ ပြောခဲ့ပါတယ်။ချမ်းမီမီကိုကတော့ အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောခဲ့ပါတယ်။ ချမ်းမီက စကားကိုတော့ အကုန်မပြောချင်ဘူး။ ကိုယ်ကလည်း ထပ်ပြီးတော့ အိမ်ထောင်မပြုချင်ဘူး။ ကိုယ့်သားကိုပဲ အချိန်ပေးမယ်ဆိုပြီး ပြောလိုက်ပေမယ့် စကားကျွံရင် နှုတ်လို့မရတာတွေ ရှိတယ်။ နောင်တချိန် ကံစပ်လို့ တခုခုဖြစ်သွားခဲ့ရင် ဆိုတာလည်း ရှိတယ်။ ချမ်းမီမီကိုက အခုအချိန်မှာတော့ အိမ်ထောင်ရေးကို စိတ်မဝင်စားသေးဘူး။ အလုပ် လုပ်မယ်။ တချို့အမျိုးသမီးတွေလည်း ဘယ်အိမ်ထောင်ပြုချင်ပါ့မလဲ။ ကံအကြောင်းတရားတွေ ဖူးစာကံဆိုတာ ဘယ်ပြောလို့ ရမလဲ။ ဖြစ်ချိန်တန်ရင် ဖြစ်တယ်ဆိုတာ

ရှိကြတော့ ပြောလို့ မရဘူး။ ကိုယ့်ကလေးအတွက်ကို နှလုံးသားထဲမှာ ကိန်းပြီး စဉ်းစားသွားမယ်လို့ ပြောပါတယ်။ကလေးကိုက အိမ်ထောင်သက် ၂ နှစ်ကျော်မှာ ယူတာပါ။ သူ့အတွက်ကျတော့ ပံ့ပိုးပေးနိုင်သလောက် ပံ့ပိုးပေးမယ်။ မိဘဆိုတာက လူတန်းစား အမျိုးမျိုး ရှိတယ်လေ။ ကိုယ်ကအများကြီး ပံ့ပိုးပေးနိုင်တဲ့ မိဘ ရှိတယ်။ မပေးနိုင်တဲ့ မိဘ ရှိတယ်။ လူတန်းစား ကွာခြားတယ်လေ။ ကိုယ်ပံ့ပိုးပေးနိုင်တဲ့ အတိုင်းအဆလေးနဲ့ ပံ့ပိုးပေးမယ်လို့လဲ ရင်ဖွင့်ခဲ့ပါသေးတယ်။ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအပိုင်းကို ပံ့ပိုးပေးမယ်။ အဲ့လိုမျိုးလေးတော့

စဉ်းစားထားပါတယ်။ ကိုယ့်ကလေးကိုလည်း အရမ်းဖြစ်ရမယ်ဆိုတဲ့ ဇော မရှိပါဘူး။ ကိုယ်နိုင်သလောက်လေးပဲ ဖြည့်ဆည်းပေးရမှာပေါ့ လို့ ချမ်းမီမီကိုက ပြောပါတယ်။မိခင်တစ်ယောက် အနေနဲ့ ကိုယ်တိုင်ကတော့ ကိုယ့်ကို အမြဲချစ်နေတဲ့ မိခင်မျိုးပဲ ဖြစ်ချင်တယ်။ မိခင်တယောက်အနေနဲ့ သားသမီးအပေါ် အမြဲနွေးထွေးမှုတွေပဲ ပေးသွားမယ်။ အဲ့လိုမျိုး မိခင်ပဲ ဖြစ်ချင်ပါတယ်။ အဓိကကတော့ မိဘရယ်လို့ဖြစ်လာရင် ငယ်ငယ်ကတည်းက သူတို့နဲ့ အချိန် ကုန်လာခဲ့တယ်။  သူတို့နဲ့ အချိန် ဖြုန်းလာတဲ့အခါကျတော့

မိဘအနေနဲ့ ဖြစ်လာတဲ့ မေတ္တာကလေ သားသမီးအပေါ်မှာ လုံးဝ ပုံအပ်ထားတာ။ သားသမီးအတွက်ကိုပဲ ဖြည့်ဆည်းပေးတဲ့ မိခင် ဖြစ်ချင်တယ်။ သားကလည်း အမေ့အတွက်၊ အမေကလည်း သားအတွက်ပဲ ဖြစ်ချင်တယ် လို့ ချမ်းမီမီကိုက ပြောပါတယ်။ချမ်းမီကိုကိုကတော့ မကြာသေးမီကမှ အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်ဖို့အတွက် အသိပေးခဲ့ပြီး အချိန်ကာလတခုအကြာ

အဆက်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ချမ်းမီမီကိုကတော့ အသက် ၁၆ နှစ်အရွယ်မှာ အလှမယ်တယောက်ဖြစ်လာခဲ့ပြီး သရုပ်ဆောင်တယောက်အဖြစ် ဗီဒီယိုဇာတ်ကားများ၊ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၄ ခုနှစ်မှာ အိမ်ထောင်ကျသွားခဲ့ပြီး အနုပညာလောကမှ ပျောက်ကွယ်သွားကာ အိမ်ထောင်မှု တာဝန်များနဲ့အတူ အသက် ၅ နှစ်အရွယ် သားလေးတယောက်ကို

ပိုင်ဆိုင်ထားပါတယ်။ ချမ်းမီမီကိုကတော့ အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး ရှေ့ဆက်ဘာဖြစ်လာနလဲဆိုတာ မသိနိုင်တဲ့ အကြောင်းတွေနဲ့ သားလေးနဲ့ ပတ်သတ်ပြီး ရင်တွင်းခံစားချက်တွေကို ယခုလိုပဲ ပြောပြခဲ့တာဖြစ်ပါတယ်။ အနုပညာလောကထဲ ပြန်လည် ဝင်ရောက်လာတဲ့ ချမ်းမီကို ပရိသတ်တွေလဲ အရင်လိုပဲ အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ပရိသတ်တွေအားလုံး ဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။

Source : Chan Me Me Ko’s Facebook

Add a Comment

Your email address will not be published. Required fields are marked *