ချစ်သူက စိန်ရွှေရတနာ တစ်ဆင်စာနဲ့ ကိုဗစ်ပြီးရင် လာတောင်းမယ်ဆိုပြီး စိတ်ကူးယဉ်နေတယ် ဆိုတဲ့ ဖြူဖြူကျော်သိန်း
Read in UNICODE
အသံပါဝါကောင်းကောင်းတွေကို ပိုင်ဆိုင်ထားပြီး သီချင်းကောင်းလေးတွေဖန်တီး သီဆိုတတ်သူကတော့ အဆိုတော်ဖြူဖြူကျော်သိန်းပဲ ဖြစ်ပါတယ်နော်..။ ဂီတပိုင်းမှာ ထူးချွန်အောင်မြင်သလို စကားပြောပွင့်လင်းပြီး ချစ်စရာကောင်းကာ အများနဲ့မတူတဲ့ ဖက်ရှင်လေးတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း ဖြစ်ပါတယ်နော်..။ သူမရဲ့သီချင်းကောင်းလေးတွေဟာလည်း
ပရိသတ်တွေကို အကြိုက်တွေ့စေပြီး မိန်းကလေးပရိသတ်တွေအပြင် ယောကျ်ားလေးပရိသတ်တွေကိုပါ အခိုင်အမာရရှိထားကာ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင် တစ်ဦးအဖြစ် ရပ်တည်လျှောက်လှမ်းနေသူပါပဲနော်..။သဘောထားပြည့်ဝကာ စကားပြောပွင့်လင်းပြီး
ချစ်စရာကောင်းသလို စတတ်နောက်တတ်သူလေးဖြစ်တဲ့ ဖြူဖြူတစ်ယောက် အခုတစ်ခါမှာလည်း ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေဝေမျှရင်း ပရိသတ်တွေကို စနောက်လိုက်ပြန်ပါတယ်နော်..။ရွှေစိန်အတွက် ကြော်ငြာလေး ရိုက်ကူးရင်း Covid ပြီးရင် လာတောင်းမယ်ဆိုလို့ တစ်ယောက်တည်းစိတ်ကူးယဉ်နေတယ်ဆိုပြီး စနောက်လိုက်နာဖြစ်ပြီး
ပရိသတ်တွေကို အချစ်ပိုစေပြန်တာပဲ ဖြစ်ပါတယ်နော်..။ “ကိုဗစ်နိုင်တင်းပြီးဝါးရင်… ကိုကိုက စိန်ရွှေရတနာ တစ်ဆင်စာနဲ့ လာတောင်းမယ်ဆိုလို့…ခလေးလေးက အိမ်ထဲမှာ တစ်ယောက်တည်း လှည့်ပတ်စိတ်ကူးယဉ်နေတယ်ကွယ်..” ဆိုပြီး စနောက်ရင်း ကြော်ငြာရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ဝေမျှထားတာမို့ ပရိသတ်တွေလည်း အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့နော်..။
Source : Phyu Phyu Kyaw Thein’s Facebook
Add a Comment
Your email address will not be published. Required fields are marked *