အာဇာနည္အေပၚမွာ သူ႔ရဲ႕ အျမင္ေလးေတြကို ပြင့္လင္းစြာ ေျပာျပခဲ့တဲ့ ဦးအ႐ိုင္းမင္း

ဦးအ႐ိုင္းမင္းဟာ လတ္တေလာမွာ Metro Brothers က ႐ိုက္တဲ့ ေျပာင္ေျမာက္တဲ့ ပံုေတြေၾကာင့္ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနသူတစ္ဦးပါ။ လူၾကမ္းမင္းသားတစ္ေယာက္ျဖစ္ေသာ္လည္း ခန္႔ျငားလြန္းတဲ့ ပံုေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အသည္းကို ဆြဲကိုင္လႈပ္ေစခဲ့ပါတယ္။ လတ္တေလာမွာေတာ့ အာဇာနည္နဲ႔အတူ အႏုပညာအလုပ္ေတြ အတူလုပ္ေနၾကပါတယ္။

“ကိုအာဇာနည္နဲ႔ အလုပ္အတူတူတြဲလုပ္ရတဲ့အေပၚ ခံစားခ်က္ေလး ေျပာေပးပါဦး” လို႔ ဦးအ႐ိုင္းမင္းကို ေမးခဲ့ပါတယ္။ 

ဥိးအ႐ိုင္းမင္းက “အာဇာနည္က်ေတာ့ ေျပာစရာမလိုဘူးေလ။ သူက ဂီတေလာကမွာ ေအာင္ျမင္ေန ေက်ာ္ၾကားေနတဲ့ ပုဂၢိဳလ္တစ္ေယာက္။ ဘာပဲျဖစ္ျဖစ္ေလ ကိုယ့္တူ အရြယ္ေလာက္ရွိပါတယ္။ ဘာပဲျဖစ္ျဖစ္ အသက္ႀကီးတဲ့ အခ်ိန္မွာ လူငယ္ေတြနဲ႔ ျပန္တြဲၿပီးေတာ့ အလုပ္လုပ္ေနရတာေပါ့ေနာ္။ ေပ်ာ္ရြင္ပါတယ္ အလုပ္လုပ္ရတာ။ ” ဆိုၿပီး ႐င္တြင္းခံစားခ်က္ေတြကို ေျပာၾကားခဲ့ပါတယ္။ 

အႏုပညာပိုင္းနဲ႔ ပတ္သတ္ၿပီး ညႇိရတာေတြရွိလားဆိုတဲ့ အေပၚ ဦးအ႐ိုင္းမင္းက 

အဲ့လို လြန္ဆြဲပြဲေတာ့ မရွိဘူး။ ဘာလို႔လဲဆိုေတာ့ ဂီတနဲ႔ ႐ုပ္ရွင္က အတူတူပဲေလ။ ႐ုပ္ရွင္မွာ ဂီတရဲ႕ သံစဥ္ေလးေတြ ဒါအၿမဲတမ္းဖံုးလႊမ္းေနတာ။ ႐ုပ္ရွင္ႀကီးပဲ ႐ိုက္သြားလို႔ မရဘူး။ ေတးသီခ်င္းေလးေတြပါမွ ဇာတ္ဝင္ခန္းက ျပည့္စံုတာ။ ဆိုၿပီး အႏုပညာ ကိစၥေတြမွ အာဇာနည္နဲ႔ သိပ္ညႇိစရာမလိုပဲ အဆင္ေျပေၾကာင္း ေျဖဆိုခဲ့ပါတယ္။

ဦးအ႐ိုင္းမင္းက “ကိုအာဇာနည္အေပၚ အျမင္ေလးေတြ ေျပာျပေပးပါဦး။” ဆိုတဲ့ ေမးခြန္းအေပၚ မွာ”ဟိုတုန္းကေတာ့ ဦးတို႔ ႐ိုက္ကြင္းေပၚမွာ ဆံုဖူးတယ္။ မနက္ကေတာင္ ေျပာျဖစ္ေသးတယ္။ အာဇာနည္ကို “ညီေလး အကို႔ကိုမွတ္မိလားလို႔ ပုဂံက ထန္းဦးပင္ ဟိုတယ္မွာ အကိုတို႔႐ိုက္ေနေတာ့ အဲ့တုန္းကမင္းသားက ေဒြးလို႔ ဇာတ္ကားက ျပံဳးေတာ္မူလို႔ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ေလာက္က” ဒါနဲ႔ အာဇာနည္က “ဟား မွတ္မိၿပီ” ဆိုၿပီး ေျပာတယ္။ ေနာက္ေတာ့ ဦးတို႔က ႐ွိဳးပြဲေတြ သြားေတာ့ ဦးတို႔က Presenter လုပ္တာေပါ့။ အဲ့မွာ ဦးနဲ႔ ဦးေကာင္းေက်ာ္နဲ႔က သူတို႔ ႐ွိဳးပြဲေတြမွာ Presenter လုပ္ၿပီး လိုက္ ေၾကျငာရတာေပါ့။ ေနာက္ၿပီး မူဆယ္႐ွိဳးပြဲမွာ တစ္ခါ ဆံုတယ္။ အဲ့တာနဲ႔ ၾကံဳေတာ့ မွတ္မိတယ္တဲ့။ ေအးလို႔ ဘာပဲျဖစ္ျဖစ္ေလ ဂီတနဲ႔ အႏုပညာနဲ႔က ဆက္စပ္မႈရွိေနတာပဲလို႔။ ဘာပဲျဖစ္ျဖစ္ အခုလို ၾကံဳေတာ့လဲ ဝမ္းေျမာက္ဝမ္းသာနဲ႔ သ႐ုပ္ေဆာင္ၾကတာေပါ့။” ဆိုၿပီး ယခုလို ေျဖဆိုခဲ့ပါတယ္။ 

ေနာက္ဆံုးအေနနဲ႔ “အာဇာနည္က အားေပးရတဲ့ အႏုပညာရွင္ဆိုေတာ့ အျမင္ေလးေျပာေပးပါဦး။” ဆိုတဲ့ ေမးခြန္းအေပၚ ဦးအ႐ိုင္းမင္းက ဒီလိုပဲ ေျပာျပလာပါတယ္။ 

အခုခ်ိန္မွာ ဘာလဲဆိုေတာ့ အာဇာနည္က ေကာင္းတယ္။ သီခ်င္းေတြေကာင္းတယ္ ဆိုႏိုင္တယ္။ အသံမ်ိဳးစံု ဆိုႏိုင္တယ္။ ဟိုတပတ္က ျမန္မာ့႐ုပ္ရွင္ ႏွစ္တစ္ရာျပည့္မွ အာဇာနည္က သီခ်င္းဆိုသြားေတာ့ ေအာ္ ဟိုတုန္းက သီခ်င္းေတြပါ သူဆိုႏိုင္ပါေသးလားေပါ့။ ဘာလို႔လဲဆိုေတာ့ အႏုပညာသမားဆိုတာ ေခတ္ေဟာင္းသီခ်င္းလဲဆိုႏိုင္ရမယ္ ေခတ္ေပၚသီခ်င္းေတြလဲ ဆိုႏိုင္ရမယ္။ အခု Hip Hop သီခ်င္းေတြလဲ ဆိုႏိုင္ရမယ္။ ဘာလို႔လဲဆိုေတာ့ Hip Hop က်ေတာ့လဲ လူငယ္ေတြ အမ်ားအျပားက စိတ္ဝင္စားၾကတာေလ။ ဦးတို႔လို အသက္ႀကီးတဲ့ လူေတြက်ေတာ့ ခံစားလို႔ေတာ့ သိပ္မရဘူး။ ဒါေပမယ့္ Hip Hop ေတြနဲ႔လဲ တြဲ႐ိုက္ဖူးတယ္။ ယုန္ေလးတို႔ ေဂ်ာက္ဂ်က္တို႔ ရသတို႔နဲ႔ ကိုယ့္သမိုင္းကိုယ္ ေရးၾကသည္ ဇာတ္ကားမွာ သူတို႔နဲ႔႐ိုက္ဖူးပါတယ္။ ႐ိုက္ကြင္းေပၚက်ေတာ့လဲ ကေလးေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ဆိုေတာ့ ပိုႏုသြားတယ္ ကိုယ့္စိတ္က။ ဘာပဲျဖစ္ျဖစ္ ဒီေလာကထဲမွာ ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ ဒီေလာကထဲမွာ ေပါင္းသင္းၾကၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အလုပ္တစ္ခုကို လုပ္သြားတာ ေအာင္ျမင္မႈတစ္ခုကို ရႏိုင္တယ္လို႔ ျမင္တယ္လို႔ ဦးအ႐ိုင္းမင္းက ေျဖၾကားခဲ့ပါတယ္။ 

ဦးအ႐ိုင္းမင္းနဲ႔ အေမးအေျဖေလးကို ၾကည့္ၿပီးေတာ့ အာဇာနည္က သေဘာထားေကာင္းေၾကာင္းနဲ႔ အႏုပညာေလာကက စီနီယာေတြကို အခ်ိန္ေတြ ဘယ္ေလာက္ၾကာၾကာ သတိတရနဲ႔ ေျပာဆို ႏႈတ္ဆက္တတ္တာကို ေတြ႕ရပါတယ္။ ပရိသတ္ႀကီးခဲ အာဇာနည္ ပရိသတ္လား ဦးအ႐ိုင္းမင္း ပရိသတ္လားဆိုတာကို ေျဖသြားၾကပါဦးေနာ္။ အခ်ိန္ေပးဖတ္ေပးတဲ့ အတြက္ အထူး ေက်းဇူးတင္ပါတယ္။

Read in UNICODE

ဦးအရိုင်းမင်းဟာ လတ်တလောမှာ Metro Brothers က ရိုက်တဲ့ ပြောင်မြောက်တဲ့ ပုံတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေသူတစ်ဦးပါ။ လူကြမ်းမင်းသားတစ်ယောက်ဖြစ်သော်လည်း ခန့်ငြားလွန်းတဲ့ ပုံတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကို ဆွဲကိုင်လှုပ်စေခဲ့ပါတယ်။ လတ်တလောမှာတော့ အာဇာနည်နဲ့အတူ အနုပညာအလုပ်တွေ အတူလုပ်နေကြပါတယ်။

“ကိုအာဇာနည်နဲ့ အလုပ်အတူတူတွဲလုပ်ရတဲ့အပေါ် ခံစားချက်လေး ပြောပေးပါဦး” လို့ ဦးအရိုင်းမင်းကို မေးခဲ့ပါတယ်။ 

ဥိးအရိုင်းမင်းက “အာဇာနည်ကျတော့ ပြောစရာမလိုဘူးလေ။ သူက ဂီတလောကမှာ အောင်မြင်နေ ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်။ ဘာပဲဖြစ်ဖြစ်လေ ကိုယ့်တူ အရွယ်လောက်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်ကြီးတဲ့ အချိန်မှာ လူငယ်တွေနဲ့ ပြန်တွဲပြီးတော့ အလုပ်လုပ်နေရတာပေါ့နော်။ ပျော်ရွင်ပါတယ် အလုပ်လုပ်ရတာ။ ” ဆိုပြီး ရင်တွင်းခံစားချက်တွေကို ပြောကြားခဲ့ပါတယ်။ 

အနုပညာပိုင်းနဲ့ ပတ်သတ်ပြီး ညှိရတာတွေရှိလားဆိုတဲ့ အပေါ် ဦးအရိုင်းမင်းက 

အဲ့လို လွန်ဆွဲပွဲတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ဂီတနဲ့ ရုပ်ရှင်က အတူတူပဲလေ။ ရုပ်ရှင်မှာ ဂီတရဲ့ သံစဉ်လေးတွေ ဒါအမြဲတမ်းဖုံးလွှမ်းနေတာ။ ရုပ်ရှင်ကြီးပဲ ရိုက်သွားလို့ မရဘူး။ တေးသီချင်းလေးတွေပါမှ ဇာတ်ဝင်ခန်းက ပြည့်စုံတာ။ ဆိုပြီး အနုပညာ ကိစ္စတွေမှ အာဇာနည်နဲ့ သိပ်ညှိစရာမလိုပဲ အဆင်ပြေကြောင်း ဖြေဆိုခဲ့ပါတယ်။

ဦးအရိုင်းမင်းက “ကိုအာဇာနည်အပေါ် အမြင်လေးတွေ ပြောပြပေးပါဦး။” ဆိုတဲ့ မေးခွန်းအပေါ် မှာ”ဟိုတုန်းကတော့ ဦးတို့ ရိုက်ကွင်းပေါ်မှာ ဆုံဖူးတယ်။ မနက်ကတောင် ပြောဖြစ်သေးတယ်။ အာဇာနည်ကို “ညီလေး အကို့ကိုမှတ်မိလားလို့ ပုဂံက ထန်းဦးပင် ဟိုတယ်မှာ အကိုတို့ရိုက်နေတော့ အဲ့တုန်းကမင်းသားက ဒွေးလို့ ဇာတ်ကားက ပြုံးတော်မူလို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က” ဒါနဲ့ အာဇာနည်က “ဟား မှတ်မိပြီ” ဆိုပြီး ပြောတယ်။ နောက်တော့ ဦးတို့က ရှိုးပွဲတွေ သွားတော့ ဦးတို့က Presenter လုပ်တာပေါ့။ အဲ့မှာ ဦးနဲ့ ဦးကောင်းကျော်နဲ့က သူတို့ ရှိုးပွဲတွေမှာ Presenter လုပ်ပြီး လိုက် ကြေငြာရတာပေါ့။ နောက်ပြီး မူဆယ်ရှိုးပွဲမှာ တစ်ခါ ဆုံတယ်။ အဲ့တာနဲ့ ကြုံတော့ မှတ်မိတယ်တဲ့။ အေးလို့ ဘာပဲဖြစ်ဖြစ်လေ ဂီတနဲ့ အနုပညာနဲ့က ဆက်စပ်မှုရှိနေတာပဲလို့။ ဘာပဲဖြစ်ဖြစ် အခုလို ကြုံတော့လဲ ဝမ်းမြောက်ဝမ်းသာနဲ့ သရုပ်ဆောင်ကြတာပေါ့။” ဆိုပြီး ယခုလို ဖြေဆိုခဲ့ပါတယ်။ 

နောက်ဆုံးအနေနဲ့ “အာဇာနည်က အားပေးရတဲ့ အနုပညာရှင်ဆိုတော့ အမြင်လေးပြောပေးပါဦး။” ဆိုတဲ့ မေးခွန်းအပေါ် ဦးအရိုင်းမင်းက ဒီလိုပဲ ပြောပြလာပါတယ်။ 

အခုချိန်မှာ ဘာလဲဆိုတော့ အာဇာနည်က ကောင်းတယ်။ သီချင်းတွေကောင်းတယ် ဆိုနိုင်တယ်။ အသံမျိုးစုံ ဆိုနိုင်တယ်။ ဟိုတပတ်က မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်မှ အာဇာနည်က သီချင်းဆိုသွားတော့ အော် ဟိုတုန်းက သီချင်းတွေပါ သူဆိုနိုင်ပါသေးလားပေါ့။ ဘာလို့လဲဆိုတော့ အနုပညာသမားဆိုတာ ခေတ်ဟောင်းသီချင်းလဲဆိုနိုင်ရမယ် ခေတ်ပေါ်သီချင်းတွေလဲ ဆိုနိုင်ရမယ်။ အခု Hip Hop သီချင်းတွေလဲ ဆိုနိုင်ရမယ်။ ဘာလို့လဲဆိုတော့ Hip Hop ကျတော့လဲ လူငယ်တွေ အများအပြားက စိတ်ဝင်စားကြတာလေ။ ဦးတို့လို အသက်ကြီးတဲ့ လူတွေကျတော့ ခံစားလို့တော့ သိပ်မရဘူး။ ဒါပေမယ့် Hip Hop တွေနဲ့လဲ တွဲရိုက်ဖူးတယ်။ ယုန်လေးတို့ ဂျောက်ဂျက်တို့ ရသတို့နဲ့ ကိုယ့်သမိုင်းကိုယ် ရေးကြသည် ဇာတ်ကားမှာ သူတို့နဲ့ရိုက်ဖူးပါတယ်။ ရိုက်ကွင်းပေါ်ကျတော့လဲ ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဆိုတော့ ပိုနုသွားတယ် ကိုယ့်စိတ်က။ ဘာပဲဖြစ်ဖြစ် ဒီလောကထဲမှာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီလောကထဲမှာ ပေါင်းသင်းကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်တစ်ခုကို လုပ်သွားတာ အောင်မြင်မှုတစ်ခုကို ရနိုင်တယ်လို့ မြင်တယ်လို့ ဦးအရိုင်းမင်းက ဖြေကြားခဲ့ပါတယ်။ 

ဦးအရိုင်းမင်းနဲ့ အမေးအဖြေလေးကို ကြည့်ပြီးတော့ အာဇာနည်က သဘောထားကောင်းကြောင်းနဲ့ အနုပညာလောကက စီနီယာတွေကို အချိန်တွေ ဘယ်လောက်ကြာကြာ သတိတရနဲ့ ပြောဆို နှုတ်ဆက်တတ်တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးခဲ အာဇာနည် ပရိသတ်လား ဦးအရိုင်းမင်း ပရိသတ်လားဆိုတာကို ဖြေသွားကြပါဦးနော်။ အချိန်ပေးဖတ်ပေးတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ်။

Source : FMM

Add a Comment

Your email address will not be published. Required fields are marked *