တိုက်ခန်းက ပြိုကျတော့မှာဖြစ်လို့ သိန်းနှစ်သောင်းကျော်တန်ဖိုးရှိ ခြံကြီးမှာ ပြောင်းနေရပြီး ကိုယ်ပိုက်ဆံရှိတာ လူမသိစေချင်ဘူးဆိုတဲ့ မမဆောင်း
Read in UNICODE
ပွင့်လင်းရိုးသားလွန်းတဲ့ မမဆောင်းကတော့ ပရိသတ်တွေရဲ့ အချစ်ကို အပိုင်သိမ်းထားပြီး လက်ရှိမှာ အနာပညာအလုပ်တွေကို ပုံမှန်လေး လုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့တော့ ပရိသတ်ကြီးအတွက် မမဆောင်းကို အိမ်ပြောင်းလိုက်ရတဲ့ အကြောင်းတွေ မေးခဲ့တာကို တင်ဆက်ပေးလိုက်ရပါတယ်။
“အိမ်နဲ့ပတ်သတ်ပြီး ဘာပြောချင်လဲ” လို့ မမဆောင်းကို မေးခဲ့ပါတယ်
မမဆောင်း က အင်တာဗျူးမှာ ယခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။ အိမ်နဲ့ပတ်သတ်ပြီး ဘာမှမပြောချင်ပါဘူး။ အိမ်ကမပြောင်းချင်ဘူး။ ဘာဖြစ်လ်ု့လဲဆိြတော့ အမက အဲ့ဒီ ဂျောင်ထဲမှာနေရတာပျော်တာ။ အမက နဂိုထဲကလေ အမပိုက်ဆံရှိတာ ဘယ်သူမှ မသိဘူး။ ဖုန်းဘေ ကံစမ်းမဲဖောက်တုန်းကလဲ စသလို ပြောင်သလိုနဲ့ လိုင်းပေါ်မှာလေ သိန်း(၅၀၀)တန်ကားမဝယ်ပဲ ဖုန်းဘေကံစမ်းပေးမယ့် မင်းသမီး မမဆောင်းဆိုပြီးတော့ အဲ့လိုမျိုးတင်တယ်။ ကိုယ်ပိုက်ဆံရှိတာကို မသိစေချင်ဘူး။ ကားဝယ်မယ့် ပိုက်ဆံကိုပဲ ဘယ်လိုပြောမလဲ ကားမဝယ်ပဲ လှူတယ်ပေါ့နော်။ အဲ့လိုပုံစံလေးတွေပဲ သိစေချင်တာ။ ကိုယ်ပိုက်ဆံရှိတာ သူများ သိတာလဲ မကောင်းဘူးပေါ့နော်။ 
အဲ့လိုမျိုးဆိုတော့ အမကလေ ဘယ်လိုပြောမလဲ အဲ့လိုမျိုးတွေ နေဖို့ အစီအစဉ်မရှိဘူး။ အမတိုက်ကြီးက ပြိုမလိုဖြစ်သွားတယ်။ မြေနီကုန်းက တိုက်ကြီးက။ ရန်ကုန်ရောက်ထဲက အဲ့ကနေ အမတစ်ခါမှ မပြောင်းရသေးဘူး။ အဲ့တာကြီးက ပြိုမလိုဖြစ်နေတော့ အမမနေရဲတော့ဘူး။ အမှန်မှန် အမကမပြောင်းချင်ဘူး။ အမ မြေနီကုန်းက လူတွေကို အရမ်းချစ်တယ်။ မြေနီကုန်းကလူတွေက ကိုယ့်ကိုဆို မင်းသမီးထဲမှာ ရိုးတယ်ပေါ့်နော် မင်းသမီးထဲမှာ။ အမတို့က အဝင်အထွက်တွေလဲ သိပ်မလုပ်ဘူး။ အထူးသဖြင့် ယောကျာ်းတွေ။ သရုပ်ဆောက်လုပ်ပေမယ့် အမအိမ်ကို ယောကျာ်းတွေ အဝင်အထွက် သိပ်မရှိဘူး။ အဲ့တော့ ရပ်ကွက်က ပြောကြတာပေါ့နော် မင်းသမီးထဲမှာ အကောင်းဆုံး ပုံစံမျိုးပြောတော့ အမက အဲ့မေရာကနေ ပြောင်းဖို့ အစီအစဉ်မရှိဘူး။ အဲ့မှာပဲ ခေါင်းချဖို့ အစီအစဉ်ရှိတယ်။ 
သူများတွေဆို အံသြသွားတယ်။ ဘယ်လိုပြောမလဲ၊ မော်လမြိုင်မှာလဲ အမပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်ဆိုတော့ ဒီလို နေရာမျိုးကြီးမှာ မနေသင့်ဘူးပေါ့နော်။ မနေသင့်ဘူးပြောလဲ နားလဲမထောင်ဘူး မမဆောင်းက။ နောက်ဘိတ်ဆုံး ကိုယ့်အခန်းထဲမှာလေ ရှယ်ပြင်ထားတယ်။ နှစ်ခန်းတွဲကြီးကို အလယ်ကနေ ဖောက်ပြီးတော့ ရှယ်ပြင်ထားတာ ကွန်ဒိုဈေးလောက်ရှိတယ် အမဟာကြီးကလေ။ ဒါပေမယ့် အဲ့တာကို အမမပြောင်းဘူး။ ကွန်ဒိုတွေဘာတွေ သွားပြောင်းဖို့ အစီအစဉ်လဲ မရှိဘူး။ တခြား အိမ်ပြောင်းဖို့လဲ အစီအစဉ်မရှိဘူးပေါ့နော်။ အခုကကျတော့ အမရဲ့တိုက်က ပြိုကျမလိုဖြစ်သွားတဲ့ အတွက်ကြောင့် Hotel မှာ (၁၅)ရက် သောင်တင်သွားတယ်။ (၁၅)ရက် သောင်တင်ပြီးတော့မှ ပြောင်းခဲ့တယ်ပေါ့နော်။ အိမ်ရှာရတာလဲ မလွယ်တော့ (၁၅)ရက်တိတိ ဟော်တယ်မှာ အမ သောင်တင်ခဲ့တယ်။ ပြီးတော့မှ ကိုယ်ကြိုက်တဲ့ အိမ်ကို ရခဲ့တယ်ပေါ့နော်။ 
လူတွေက အမျိုးမျိုးတော့ ပြောကြတာပေါ့။ ပိုက်ဆံချမ်းသာတာကလဲ ဓားမြတိုက်နေလား။ စပွန်ဆာလားလို့ ပြောမှာပဲ။ ခန္ဓာကိုယ် အချိုးအစားတွေ အဆင်ပြေနေရင်လဲ အတုတွေလား ဘာလား ပြောတာရှိတယ်လေ။ အဲ့တော့ ပရိသတ်တွေက အမျိုးမျိုးပြောတာကို မမဆောင်းက လိုက်မခံစားတော့ဘူး။ တချို့ကတော့ ချစ်တဲ့ပုံစံမျိုးပဲ ပြောကြတာများတယ်။ 
ပရိသတ်တွေလဲ သိမှာပါ။ လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ထဲက နေနိုင်ရဲ့သားနဲ့ အခုမှပဲ တိုက်ခန်းကအခြေအနေမကောင်းတော့လို့ နေဖြစ်ခဲ့တယ်ဆိုတာ ပရိသတ်တွေ အားလုံးသိတယ်။ မမဆောင်းနဲ့ ဆက်ဆံဖူးတဲ့ သူတွေ အားလုံးကတော့ သိတာပေါ့နော်။ ဒါတွေကတော့ အင်တာဗျုးမှာ မမဆောင်းကိုယ်တိုင် ပြောခဲ့တာတွေပဲဖြစ်ပါတယ်။
ထို့အပြင် “အိမ်က သိန်းတစ်သောင်းတန်ပါ့မလားလို့ ပြောနေကြတာလေးကို ပြောပေးပါဦး” လို့ မမဆောင်းကို ထပ်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
မမဆောင်း ပြန်လည် ဖြေကြားခဲ့တာကတော့ မြေပဲ သိန်းနှစ်သောင်းတန်တာ။ အိမ်က အဲ့လောက်ကြီး မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်းယားလမ်း ရွှေတောင်ကြားဆိုတော့လေ မြေကိုက သိန်းနှစ်သောင်းတန်တာ အိမ်က အဲ့လောက်ကြီး မဟုတ်ဘူး။ အိမ်ကတော့ အိမ်ခန်း(၇)ခန်းပါတယ်။ မြောက်ဥက္ကလာဘက်မှာကျတော့ မြေကွက်တစ်ကွက်ဝယ်မယ်ဆို (၅၀၀)လောက်ပဲရှိတာဆိုတော့ မြေကပဲ သိန်းနှစ်သောင်းတန်သွားတာ။ အိမ်က အဲ့လောက်ကြီး မဟုတ်ဘူး ပေါ့နော်။ သူများတွေကလဲ ဟားခနဲ့ဖြစ်သွားကြတယ်ပေါ့နော်။ မေးတဲ့သူကလဲ မေးတော့ မမဆောင်း က အဲ့လိုမျိုးတွေ သိပ်မဖြေချင်ဘူး။ ကိုယ့်အတွက် အန္တရာယ်အရမ်းရှိတယ်။ ကိုယ့်အမေကလဲ ပိုက်ဆံရှိပြီးတော့မှ ဒုက္ခရောက်ထားရတာဆိုတော့ အမက လုံးဝမဖြေချင်ဘူး။ ကိုယ်ပိုက်ဆံရှိတာ ဘယ်သူမှ မသိတာ အကောင်းဆုံးပဲဆိုတော့ မဖြေချင်ဘူး။ မေးတဲ့သူရှိလို့သာ ဖြေလိုက်ရတာပေါ့။ 
နောက်ဆုံးအနေနဲ့ “မြေကြီးပဲ သိန်းနှစ်သောင်းတန်တာလား။” လို့ မမဆောင်းကို မေးခဲ့ပါတယ်။ 
မြေကြီးပဲ သိန်းနှစ်သောင်းတန်တာပါ။ အိမ်ကတော့ သိန်းနှစ်ထောင်လောက်ပဲရှိတယ်။ ဘယ်လောက်လှတဲ့ အိမ်ပဲဖြစ်ဖြစ် ၂၅၀၀ ၃၀၀၀ အများဆုံးပဲ။ အဓိကက မြေမှာကွာသွားတာလို့ မမဆောင်းက အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ပရိသတ်ကြီးရေ မမဆောင်းကတော့ စိတ်ထဲရှိတဲ့အတိုင်း ရိုးသားပွင့်လင်းစွာ ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ အနေအေးပေမယ့် မထင်ရလောက်အောင် ချမ်းသာကြွယ်ဝလွန်းတဲ့ မမဆောင်းကို ပရိသိတ်တွေလဲ အားကျကြမယ်ထင်ပါတယ်။ စိတ်ထဲရှိတာတွေကိုလဲ အကြံပြုဆွေးနွေးပေးကြပါဦး ပရိတ်ကြီးရေ။ အချိန်ပေးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Source : Cele Connections
Add a Comment
Your email address will not be published. Required fields are marked *