ကားရေသွားဆေးတာ ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့ တိုင်ပတ်ခဲ့ကြောင်း ပြောပြခဲ့တဲ့ ခြူးလေး
Read in UNICODE
ခြူးလေးကတော့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေသူလေးပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ ခြူးလေးက ပရိသတ်အားပေးမှုကိုလည်း အပြည့်အဝရရှိထားတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့
ခြူးလေးက အနုပညာလှုပ်ရှားမှုအနေနဲ့ photo shooting တွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေတာပါ။ သူမ အားလပ်တဲ့ အချိန်လေးတွေမှာ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတဲ့ ခြူးလေးက ယနေ့မှာတော့
မြင်သူငေးရလောက်တဲ့ ဆွဲဆောင်မှုရှိရှိ ပုံလေးတွေကို တင်ပေးလာရင်း ကားရေဆေးဖို့သွားရာမှာ အလွဲလွဲအချော်ချော်ဖြစ်ခဲ့တဲ့ အကြောင်းကို ရေးသားမျှဝေလာတာပဲ ဖြစ်ပါတယ်။ ခြူးလေးက ” အိမ်က သမီးတော် ပိုက်ဆံအိတ် ပါမသွားတာ သိရဲ့သားနဲ့သတိမပေးဘူး Shooting မှာလည်း
ချစ်ရတဲ့ မန်နေဂျာလေးက ပိုက်ဆံမပါလာတာ သိရဲ့သားနဲ့ ကားရေဆေးဖို့ စိတ်ချလက်ချ သွားခိုင်းတယ်လေ ကားလည်း ရေဆေးပြီးရော ဂွမ်း ပေးစရာမရှိတော့ဘူး ကံများ ကောင်းချင်တော့ ဘောင်းဘီ အိတ်ကပ်ထဲအလျှော်ခံ မီးပူတိုက်ခံ ထားရတဲ့ ၅ထောင်တန်
နွမ်းနွမ်းကြေကြေလေး ထွက်လာလို့ ( ပိုက်ဆံမရှင်းခင် ဝပ်ရှော့မှာ ပဲများထားတဲ့ selfie ) ” ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…. ။ ကဲ ချစ်ရတဲ့ ပရိသတ်ကြီးကလည်း ခြူးလေးရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်…… ။
Source : Chue Lay’s Facebook
Add a Comment
Your email address will not be published. Required fields are marked *