ပကာသနကင်းစွာနဲ့ ပျော်ရွှင်ရယ်မောပြီး ညီနန္ဒတို့ အနုပညာရှင်တွေကို ကန်တော့ခဲ့ပြန်ပြီဖြစ်တဲ့ ဖြူဖြူထွေး
Read in UNICODE
အရမ်းကိုလူချစ်လူခင်ပေါများတဲ့ ပြည်သူချစ် အနုပညာရှင်လေးတစ်ဦးလို့တောင် ဖြူဖြူထွေးကတော့ ဆိုနိုင်ပါတယ်နော်။ ဖြူဖြူထွေးဟာဆိုရင် လူကြီးသူမတွေကို ရိုသေတတ်သလို ဝါရင့်အနုပညာရှင်တွေအပေါ်မှာလည်း လေးစားသိတတ်သူလေး ဖြစ်ပါတယ် ။ ဒါ့အပြင်
အလှူအတန်းနဲ့ပတ်သက်ရင်လည်း အင်မတန်ရက်ရောတဲ့ ဖြူဖြူထွေးက လိုအပ်နေတဲ့သူတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီလှူဒါန်းပေးလေ့ရှိတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဖြူဖြူထွေးက တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာပြီး ကြော်ငြာတွေ မနားတမ်းရိုက်ကူးနေရတာပဲ
ဖြစ်ပါတယ် ။ အထူးသဖြင့် ဖြူဖြူထွေးက သူမရဲ့ကြော်ငြာတွေမှာ ဇာတ်ပို့အနုပညာရှင်တွေကို အတူတူပါဝင်ရိုက်ကူးဖို့ အမြဲတမ်းဖိတ်ခေါ်လေ့ရှိတာလည်း ဖြစ်ပါတယ် ။ ဒီနေ့မှာလည်း ဖြူဖြူထွေးက သရုပ်ဆောင်ညီနန္ဒတို့အနုပညာရှင်တစ်စုနဲ့အတူ ကြော်ငြာလေးတစ်ခုကို
ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။ ရိုက်ကူးရေးပြုလုပ်တဲ့ပြီးတဲ့အခါမှာတော့ ဖြူဖြူထွေးက အနုပညာရှင်တွေကို ဆန်၊ဆီ၊စားသောက်ကုန်တွေနဲ့ လေးလေးစားစား ကန်တော့ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖြူဖြူထွေးက “ပီတိကတော့ ပါးစပ် နားတပ်ချိတ်တော့မယ်” ဆိုပြီး
ညီနန္ဒတို့အနုပညာရှင်တစ်စုကိုကန်တော့ရင်း ဟန်ဆောင်မှုကင်းစွာ ရယ်မောပျော်ရွှင်နေတဲ့ပုံလေးတွေကို တင်ထားတာလည်း ဖြစ်ပါတယ် ။ ကဲ ပီတိအပြုံးတွေဝေဆာနေတဲ့ မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Phyu Phyu Htwe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *