ကြဲကြာေနၾကတဲ့ မိဘႏွစ္ပါး ျပန္လည္သင့္ျမတ္ေပါင္းစည္းသြားၿပီ ျဖစ္တာေၾကာင့္ အရမ္းေပ်ာ္ေနရတဲ့ ေႏြးေႏြးခ်စ္စဖြယ္
|မိဘႏွစ္ပါးရဲ႕ ခ်စ္ျခင္းေမတၱာဟာ သားသမီးေတြအတြက္ ေတာ့ အေကာင္းဆုံးနိဗၺာန္ဘုံေလးတစ္ခုပါပဲ။ Broken Family မွာ ႀကီးပ်င္းခဲ့ရတဲ့သားသမီးေတြအတြက္ အေမွ်ာ္လင့္ဆုံးက ေပ်ာ္႐ႊင္သာယာတဲ့ မိသားစုဘဝေလးတစ္ခုျဖစ္ဖို႔ပါပဲ။ ခ်စ္ျခင္းတရားေတြ ထုံမႊန္းေနတဲ့ အိမ္ေလးဟာ

မိသားစုေတြအတြက္ေတာ့ သုခရိပ္ၿမဳံေလးတစ္ခုပါပဲ။ေႏြးေႏြးခ်စ္ဖြယ္ဟာလည္း သူမ ငယ္စဥ္ကတည္းက ကြဲကြာသြားခဲ့ၾကတဲ့ မိခင္နဲ႔ဖခင္ကို အျမန္ဆုံး ျပန္ေပါင္းထုတ္ေစခ်င္တာေၾကာင့္ အမ်ိဳးမ်ိဳးေအာင္သြယ္ေပးခဲ့ပါတယ္။ မိဘႏွစ္ပါး နဲ႔ အတူတူဆုံၿပီးဓာတ္ပုံ႐ိုက္ခဲ့တဲ့ အခိုက္အတန႔္ဟာ သူမအတြက္ေတာ့

အေတာ္ေလးကိုရွားပါးခဲ့ ပါတယ္။ ဒီေန႔မွာေတာ့ ေဖေဖ ေမေမတို႔နဲ႔အတူတူ ဓာတ္ပုံ႐ိုက္ခြင့္ရလို႔ ေႏြးကအရမ္းကိုေပ်ာ္ေနခဲ့တာပါ။ မိသားစုပုံေလးကို ” အေပ်ာ္ဆုံးထဲကေန႔တေန႔ ေမေမရယ္ ေဖေဖရယ္ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ ဒီေနာက္မွာလည္း ဝမ္းသာေၾကာင္း မွတ္ခ်က္ေပးတဲ့သူေတြကို ” ေႏြးနဲ႔အတူ

ထပ္တူေပ်ာ္ေပး ၾကည္ႏူးေပးၾကတဲ့ အေယာက္စီတိုင္းကို ရင္ထဲအၿမဲသိမ္းထားပါ့မယ္ ” ” အရမ္းေပ်ာ္ေနတာ မ်က္ရည္မက်ေအာင္မနည္းထိန္းထားရတယ္ အားလုံးထပ္တူဝမ္းသာေပးလို႔ ေႏြးအရမ္း ေပ်ာ္တယ္ ” ဆိုၿပီး ရင္ထဲကပီတိစကားေလးေတြနဲ႔ ခြန္းတုန႔္ျပန္ခဲ့ပါေသးတယ္။ အျမန္ဆုံး ျပန္လည္ေပါင္းဆုံႏိုင္ပါေစေနာ္။
Read in UNICODE
မိဘနှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာဟာ သားသမီးတွေအတွက် တော့ အကောင်းဆုံးနိဗ္ဗာန်ဘုံလေးတစ်ခုပါပဲ။ Broken Family မှာ ကြီးပျင်းခဲ့ရတဲ့သားသမီးတွေအတွက် အမျှော်လင့်ဆုံးက ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးတစ်ခုဖြစ်ဖို့ပါပဲ။ ချစ်ခြင်းတရားတွေ ထုံမွှန်းနေတဲ့ အိမ်လေးဟာ

မိသားစုတွေအတွက်တော့ သုခရိပ်မြုံလေးတစ်ခုပါပဲ။နွေးနွေးချစ်ဖွယ်ဟာလည်း သူမ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့ မိခင်နဲ့ဖခင်ကို အမြန်ဆုံး ပြန်ပေါင်းထုတ်စေချင်တာကြောင့် အမျိုးမျိုးအောင်သွယ်ပေးခဲ့ပါတယ်။ မိဘနှစ်ပါး နဲ့ အတူတူဆုံပြီးဓာတ်ပုံရိုက်ခဲ့တဲ့ အခိုက်အတန့်ဟာ သူမအတွက်တော့

အတော်လေးကိုရှားပါးခဲ့ ပါတယ်။ ဒီနေ့မှာတော့ ဖေဖေ မေမေတို့နဲ့အတူတူ ဓာတ်ပုံရိုက်ခွင့်ရလို့ နွေးကအရမ်းကိုပျော်နေခဲ့တာပါ။ မိသားစုပုံလေးကို ” အပျော်ဆုံးထဲကနေ့တနေ့ မေမေရယ် ဖေဖေရယ် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဒီနောက်မှာလည်း ဝမ်းသာကြောင်း မှတ်ချက်ပေးတဲ့သူတွေကို ” နွေးနဲ့အတူ

ထပ်တူပျော်ပေး ကြည်နူးပေးကြတဲ့ အယောက်စီတိုင်းကို ရင်ထဲအမြဲသိမ်းထားပါ့မယ် ” ” အရမ်းပျော်နေတာ မျက်ရည်မကျအောင်မနည်းထိန်းထားရတယ် အားလုံးထပ်တူဝမ်းသာပေးလို့ နွေးအရမ်း ပျော်တယ် ” ဆိုပြီး ရင်ထဲကပီတိစကားလေးတွေနဲ့ ခွန်းတုန့်ပြန်ခဲ့ပါသေးတယ်။ အမြန်ဆုံး ပြန်လည်ပေါင်းဆုံနိုင်ပါစေနော်။
Source : Nway Nway Chit Phwal’s Facebook