ထိပ္ဆံုးမွာ အေမသီခ်င္းကို ႏွင္းဆီရႈိးပြဲမွာ သီဆိုရင္း မ်က္ရည္ေတြ ထိန္းမရျဖစ္ခဲ့တဲ့ ရဲေလး

ရဲေလးကေတာ့ ဂီတဖန္တီးမႈစြမ္းရည္ေျပာင္ေျမာက္ရံုသာမက မိန္းကေလးေတြ ေၾကြခ်င္ေလာက္စရာ ေခ်ာေမာတဲ့ ရုပ္ရည္ကိုလည္း ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ရဲေလးက အဆိုေတာ္တစ္ေယာက္အျဖစ္သာမက သရုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာ

သရုပ္ေဆာင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရိွအခ်ိန္ထိလည္း ရဲေလးက သူဝါသနာပါရာ အနုပညာအလုပ္ေတြကို စြဲစြဲျမဲျမဲလုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ မေန့က စက္တင္ဘာလ (၇) ရက္ေန့မွာေတာ့ ရဲေလးက သူ့ရဲ့နွင္းဆီအဖြဲ့သားေတြျဖစ္တဲ့ ေနတိုး၊ မင္းေမာ္ကြန္း၊ ေက်ာ္ေက်ာ္ဗိုလ္၊ ထြန္းထြန္းတို့နဲ့အတူတူ နွင္းဆီ Unplugged Show မွာ သီခ်င္းေတြနဲ့ သီဆိုေဖ်ာ္ေျဖခဲ့ပါတယ္။ ထို Show မွာ

ရဲေလးက “ထိပ္ဆံုးမွာအေမ” သီခ်င္းကို သီဆိုခ်ိန္မွာေတာ့ မိခင္ရဲ့အနစ္နာခံေကၽြးေမြးေစာင့္ေရွာက္မႈေတြကို ျပန္လည္ျမင္ေယာင္ျပီး မ်က္ရည္ေတြ ထိန္းမရနိုင္ျဖစ္ခဲ့ျပီး သီခ်င္းဆိုျပီးခ်ိန္မွာေတာ့ ငိုမိတဲ့အထိ ခံစားခ်က္ေတြ နစ္ဝင္ခဲ့တာပဲ ျဖစ္ပါတယ္။ ရဲေလးရဲ့ “ထိပ္ဆံုးမွာအေမ” သီခ်င္းကေတာ့ ရဲေလး

အဆိုေတာ္စျဖစ္စဥ္ကတည္းက ပရိသတ္ေတြ ၾကိဳက္နွစ္သက္ခဲ့ရတာျဖစ္ျပီး ဒီေန့ဒီအခ်ိန္ထိ ေအာင္ျမင္ေနဆဲပဲ ျဖစ္ပါတယ္။ ရဲေလးတစ္ေယာက္ ခ်စ္တဲ့အေမကို ထိပ္ဆံုးမွာထားနိုင္တဲ့အထိ ေကၽြးေမြးျပဳစုေစာင့္ေရွာက္နိုင္တဲ့ သားေကာင္းတစ္ေယာက္ ျဖစ္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ရဲလေးကတော့ ဂီတဖန်တီးမှုစွမ်းရည်ပြောင်မြောက်ရုံသာမက မိန်းကလေးတွေ ကြွေချင်လောက်စရာ ချောမောတဲ့ ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရဲလေးက အဆိုတော်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ

သရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ရဲလေးက သူဝါသနာပါရာ အနုပညာအလုပ်တွေကို စွဲစွဲမြဲမြဲလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၇) ရက်နေ့မှာတော့ ရဲလေးက သူ့ရဲ့နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်းတို့နဲ့အတူတူ နှင်းဆီ Unplugged Show မှာ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။ ထို Show မှာ

ရဲလေးက “ထိပ်ဆုံးမှာအမေ” သီချင်းကို သီဆိုချိန်မှာတော့ မိခင်ရဲ့အနစ်နာခံကျွေးမွေးစောင့်ရှောက်မှုတွေကို ပြန်လည်မြင်ယောင်ပြီး မျက်ရည်တွေ ထိန်းမရနိုင်ဖြစ်ခဲ့ပြီး သီချင်းဆိုပြီးချိန်မှာတော့ ငိုမိတဲ့အထိ ခံစားချက်တွေ နစ်ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရဲလေးရဲ့ “ထိပ်ဆုံးမှာအမေ” သီချင်းကတော့ ရဲလေး

အဆိုတော်စဖြစ်စဉ်ကတည်းက ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ရတာဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲပဲ ဖြစ်ပါတယ်။ ရဲလေးတစ်ယောက် ချစ်တဲ့အမေကို ထိပ်ဆုံးမှာထားနိုင်တဲ့အထိ ကျွေးမွေးပြုစုစောင့်ရှောက်နိုင်တဲ့ သားကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Ye Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *