မိခင္ႀကီးကို ရည္စူးၿပီး စာသင္သံဃာတစ္ပါးေဆာင္ ေဆာက္လုပ္ရန္ သိန္း(၇၀)တိတိ လွဴဒါန္းခဲ့တဲ့ သႏၲာဗိုလ္နဲ႔ ေခ်ာရတနာတို႔ ညီအစ္မ

ေခ်ာရတနာနဲ့ သႏၱာဗိုလ္တို့ရဲ့ မိခင္ၾကီး ေဒၚသန္းသန္းရီက ျပီးခဲ့တဲ့ ဧျပီလ (၈) ရက္ေန့ကပဲ ဘဝတစ္ပါးသို့ ကူးေျပာင္းကြယ္လြန္သြားတာပဲ ျဖစ္ပါတယ္။ ေခ်ာရတနာနဲ့ သႏၱာဗိုလ္တို့ ညီအစ္မ မိခင္ၾကီးရဲ့ ေနာက္ဆံုးခရီးကို အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္ေပးခဲ့ၾကသလို ဘဝတစ္ပါးသို့ ကူးေျပာင္သြားတဲ့ မိခင္ၾကီးအတြက္

ရည္စူးျပီး အလွဴအတန္းေတြကိုလည္း လစဥ္လတိုင္းလိုလို အလွဴအတန္းေတြ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း သႏၱာဗိုလ္နဲ့ ေခ်ာရတနာတို့ညီအစ္မက ကြယ္လြန္သူမိခင္ၾကီးရဲ့ (၅)လျပည့္ ရက္လည္အလွဴအျဖစ္ း စာသင္သံဃာတစ္ပါးေဆာင္ ေဆာက္လုပ္ဖို့ ေငြက်ပ္ သိန္း (၇၀) လွဴဒါန္းခဲ့ပါတယ္။ ေခ်ာရတနာကေတာ့ “၅လေတာင္ျပည့္ၿပီေမႀကီးေရ😔 ေမႀကီး လႉခ်င္ခဲ့တာေလး

တစ္ခုေတာ့ လႉခဲ့ႏိုင္ၿပီ 🙏🏻 ေမႀကီးအတြက္ရည္စူးၿပီး🙏🏻အၿမဲ ကုသိုလ္ျပဳေပးႏိုင္ေအာင္ႀကိဳးစားပါ့မယ္ 🙏🏻🙏🏻🙏🏻 ေမႀကီးကုသိုလ္ထပ္တူရပါေစ 😇🙏🏻🙏🏻🙏🏻” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝထားပါတယ္။ ေခ်ာရတနာနဲ့ သႏၱာဗိုလ္တို့အျပင္ အစ္မအၾကီးဆံုးျဖစ္သူ နန္းၾကဴဇူလုိင္တို့က မိခင္ျဖစ္သူအတြက္

ရည္စူးျပီး လစဥ္လတုိင္းလိုလို အလွဴအတန္းေတြ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ေခ်ာရတနာတို့ရဲ့ မိခင္ၾကီးလည္း သမီးသံုးေယာက္ရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ချောရတနာနဲ့ သန္တာဗိုလ်တို့ရဲ့ မိခင်ကြီး ဒေါ်သန်းသန်းရီက ပြီးခဲ့တဲ့ ဧပြီလ (၈) ရက်နေ့ကပဲ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားတာပဲ ဖြစ်ပါတယ်။ ချောရတနာနဲ့ သန္တာဗိုလ်တို့ ညီအစ်မ မိခင်ကြီးရဲ့ နောက်ဆုံးခရီးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခဲ့ကြသလို ဘဝတစ်ပါးသို့ ကူးပြောင်သွားတဲ့ မိခင်ကြီးအတွက်

ရည်စူးပြီး အလှူအတန်းတွေကိုလည်း လစဉ်လတိုင်းလိုလို အလှူအတန်းတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း သန္တာဗိုလ်နဲ့ ချောရတနာတို့ညီအစ်မက ကွယ်လွန်သူမိခင်ကြီးရဲ့ (၅)လပြည့် ရက်လည်အလှူအဖြစ် း စာသင်သံဃာတစ်ပါးဆောင် ဆောက်လုပ်ဖို့ ငွေကျပ် သိန်း (၇၀) လှူဒါန်းခဲ့ပါတယ်။ ချောရတနာကတော့ “၅လတောင်ပြည့်ပြီမေကြီးရေ😔 မေကြီး လှူချင်ခဲ့တာလေး

တစ်ခုတော့ လှူခဲ့နိုင်ပြီ 🙏🏻 မေကြီးအတွက်ရည်စူးပြီး🙏🏻အမြဲ ကုသိုလ်ပြုပေးနိုင်အောင်ကြိုးစားပါ့မယ် 🙏🏻🙏🏻🙏🏻 မေကြီးကုသိုလ်ထပ်တူရပါစေ 😇🙏🏻🙏🏻🙏🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ ချောရတနာနဲ့ သန္တာဗိုလ်တို့အပြင် အစ်မအကြီးဆုံးဖြစ်သူ နန်းကြူဇူလိုင်တို့က မိခင်ဖြစ်သူအတွက်

ရည်စူးပြီး လစဉ်လတိုင်းလိုလို အလှူအတန်းတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ချောရတနာတို့ရဲ့ မိခင်ကြီးလည်း သမီးသုံးယောက်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Chaw Yadanar’s Facebook

Add a Comment

Your email address will not be published. Required fields are marked *