ေဝဘာဂီမွာတာဝန္က်တဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ပီဇာနဲ႔ ၾကက္ေၾကာ္ေတြ ပို႔ေပးခဲ့တဲ့ Sinon Loresca

ၾကင္နာတတ္တဲ့ နွလံုးသားကို ပိုင္ဆိုင္ထားတဲ့ Sinon Loresca ကိုေတာ့ ျမန္မာပရိသတ္ေတြေတာ္ေတာ္မ်ားမ်ား ခ်စ္ခင္အားေပးၾကျပီးသား ျဖစ္မွာပါ။ Sinon က ၾကင္နာတတ္ျပီး သူတစ္ပါးရဲ့ အပူအပင္ေတြကို မွ်ေဝခံစားတတ္သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ့ ခ်ီးက်ဴးအားေပးျခင္းခံရတဲ့ တိုင္းတစ္ပါးသားပါပဲ။ Sinon က ဖိလစ္ပိုင္လူမ်ိဳးတစ္ေယာက္ျဖစ္ေပမယ့္ ျမန္မာလူမ်ိဳးေတြအေပၚ ေတာ္ေတာ္ေလး

သံေယာဇဥ္ရိွျပီး ျမန္မာလူမ်ိဳးေတြအတြက္ ကူညီလွဴဒါန္းမႈေတြကို လုပ္ေဆာင္ေနသူပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ Sinon က ေဝဘာဂီေဆးရံုမွာ တာဝန္က်ေနတဲ့ ဆရာဝန္၊ သူနာျပဳေတြနဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ ၾကက္ေၾကာ္နဲ့ ပီဇာေတြ ပို့ေပးခဲ့တဲ့အေၾကာင္းကို အခုလိုပဲ မွ်ေဝေပးထားပါတယ္။ Sinon က “ဒီေန႔ ကၽြန္ေတာ္ ကၽြန္ေတာ္တို႔ရဲ႕Covid-19ေရာဂါ ကုသမႉခံယူေနတဲ့ လူနာေတြကို

ၾကည့္ရွေစာင့္ေရွာက္ေနတဲ့ ကၽြန္ေတာ္တို႔ သူရဲေကာင္းေတြကို ကၽြန္ေတာ့္ရဲ႕ေလးစားမႈ ‌အနည္းငယ္အေထာက္အပံ့ ေပးပို႔မွာျဖစ္ပါတယ္။ ပီဇာ နဲ႔ ၾကက္ေၾကာ္ ေတြကိုဆရာ၀န္ေတြ သူနာျပဳ ဆရာမေတြနဲ႔ ေဝဘာဂီေဆး႐ုံအနီးအနားတဝိုက္က ခ်ိဳ႕တဲ့သူအခ်ိဳ႕ကို ေပးပို႔မွာပဲ ျဖစ္ပါတယ္။ ဘာမွမေျပာပေလာက္နဲ႔ ကၽြန္ေတာ္ရဲ႕ ေထာက္ပံ့မႈေလးက ကၽြန္ေတာ္တို႔သူရဲေကာင္းေတြကို တစ္ေန႔တာေပ်ာ္႐ႊင္ေစမွာပါ” ဆိုျပီး

သူ့ရဲ့ အေပ်ာ္ေတြကို မွ်ေဝေပးထားပါတယ္။ Sinon ကေတာ့ လက္ရိွမွာျဖစ္ေနတဲ့ အခက္အခဲေတြအတြက္ ေထာင့္ေစ့ေအာင္ကို စဥ္းစားေပးတတ္သူတစ္ေယာက္ပါပဲ။ Sinon ရဲ့ ေမတၱာတရားေၾကာင့္ က်န္းမာေရးဝန္ထမ္းေတြအတြက္လည္း အင္အားသစ္ေတြ ရရိွသြားမယ္လို့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ကြင်နာတတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ Sinon Loresca ကိုတော့ မြန်မာပရိသတ်တွေတော်တော်များများ ချစ်ခင်အားပေးကြပြီးသား ဖြစ်မှာပါ။ Sinon က ကြင်နာတတ်ပြီး သူတစ်ပါးရဲ့ အပူအပင်တွေကို မျှဝေခံစားတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းခံရတဲ့ တိုင်းတစ်ပါးသားပါပဲ။ Sinon က ဖိလစ်ပိုင်လူမျိုးတစ်ယောက်ဖြစ်ပေမယ့် မြန်မာလူမျိုးတွေအပေါ် တော်တော်လေး

သံယောဇဉ်ရှိပြီး မြန်မာလူမျိုးတွေအတွက် ကူညီလှူဒါန်းမှုတွေကို လုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Sinon က ဝေဘာဂီဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကြက်ကြော်နဲ့ ပီဇာတွေ ပို့ပေးခဲ့တဲ့အကြောင်းကို အခုလိုပဲ မျှဝေပေးထားပါတယ်။ Sinon က “ဒီနေ့ ကျွန်တော် ကျွန်တော်တို့ရဲ့Covid-19ရောဂါ ကုသမှူခံယူနေတဲ့ လူနာတွေကို

ကြည့်ရှစောင့်ရှောက်နေတဲ့ ကျွန်တော်တို့ သူရဲကောင်းတွေကို ကျွန်တော့်ရဲ့လေးစားမှု ‌အနည်းငယ်အထောက်အပံ့ ပေးပို့မှာဖြစ်ပါတယ်။ ပီဇာ နဲ့ ကြက်ကြော် တွေကိုဆရာဝန်တွေ သူနာပြု ဆရာမတွေနဲ့ ဝေဘာဂီဆေးရုံအနီးအနားတဝိုက်က ချို့တဲ့သူအချို့ကို ပေးပို့မှာပဲ ဖြစ်ပါတယ်။ ဘာမှမပြောပလောက်နဲ့ ကျွန်တော်ရဲ့ ထောက်ပံ့မှုလေးက ကျွန်တော်တို့သူရဲကောင်းတွေကို တစ်နေ့တာပျော်ရွှင်စေမှာပါ” ဆိုပြီး

သူ့ရဲ့ အပျော်တွေကို မျှဝေပေးထားပါတယ်။ Sinon ကတော့ လက်ရှိမှာဖြစ်နေတဲ့ အခက်အခဲတွေအတွက် ထောင့်စေ့အောင်ကို စဉ်းစားပေးတတ်သူတစ်ယောက်ပါပဲ။ Sinon ရဲ့ မေတ္တာတရားကြောင့် ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း အင်အားသစ်တွေ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Sinon Loresca’s Facebook

Add a Comment

Your email address will not be published. Required fields are marked *