ဝါရင့်သက်ကြီး အနုပညာရှင်တွေအတွက် ဒံပေါက်အလှူမှာ ပါဝင်ကူညီ ကုသိုလ်ယူခဲ့တဲ့ အေးသီတာ



Read in UNICODE
အနုပညာလောကမှာ အောင်မြင်တဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် တစ်ယောက်အနေနဲ့ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအေးသီတာကတော့ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လက်ရှိမှာတော့ ပရိသတ်တွေရဲ့အချစ်တော်အေးသီတာက အနုပညာအလုပ်တွေနဲ့အတူ

အချိန်ရရင်ရသလို ပရဟိတအလုပ်တွေကိုပါ ပူတွဲလုပ်ကိုင်နေခဲ့ပါတယ်။ဒီနေ့ စက်တင်ဘာလ (၇)ရက်နေ့မှာလည်း ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် အေးသီတာက အောင်ဇမ္ဗူဆရာတော်ဘုရားကြီ်းအမှူးထားပြီး အောင်ဇမ္ဗူသာသနာပြုအဖွဲ့ကလှူဒါန်းတဲ့

သက်ကြီး အနုပညာရှင်တွေ အတွက် ဒံပေါက်အလှူပွဲလေးမှာ ကူညီပို့ဆောင်ပေးတဲ့ လုပ်အားဒါနအလှူလေးကို ပါဝင်ကုသိုလ်ယူပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အေးသီတာကိုယ်တိုင်ကလည်း အခုလို သက်ကြီးအနုပညာရှင်တွေအတွက် တတ်နိုင်သလောက်ပါဝင်ကူညီခွင့်ရတဲ့အတွက် ဝမ်းသာနေခဲ့ပါသေးတယ်။ အခုလိုလှူဒါန်းပေးတဲ့

အလှူအကျိုးကြောင့် အောင်ဇမ္ဗူဆရာတော်ဘုရားကြီးလည်း သက်တော်ရာကျော်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းထားပါသေးတယ်။ ပရိသတ်ကြီးတွေလည်း အေးသီတာရဲ့ ဒီနေ့မှာပြုလုပ်ခဲ့တဲ့ လုပ်အားဒါနကုသိုလ်လေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source : Aye Thida’s Facebook