ေတာင္ႀကီးမွာ အေဆာက္အဦးနဲ႔ ေျမေနရာ လွဴတဲ့သူေပၚလာလို႔ ေဂဟာအသစ္ ထပ္ဖြင့္ႏိုင္ေတာ့မယ္ဆိုတဲ့ ခိုင္ႏွင္းေဝ

ခိုင္ႏွင္းေဝတစ္ေယာက္ဟာ ကံကံ၏အက်ိဳးဆိုတဲ့စကားေလးအတိုင္းပဲ ရင္ခြင္မဲ့ကေလးငယ္ေတြကို အေကာင္းဆုံးျပဳစုပ်ိဳးေထာင္ရင္း သူမရဲ႕ပရဟိတအလုပ္ေလးဟာလည္း ယုံၾကည္သူ၊ လႉတန္းသူေတြမ်ားျပားလာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေလာက္က မရွိခဏ ဆရာေတာ္ ႀကီးထံမွာ

သားေလးခိုင္ရန္ေဝးေမာင္ကို ေကြၽးေမြးျပဳစုဖို႔အတြက္ ေပးအပ္ထားခဲ့ၿပီးေနာက္ ဆရာေတာ္ႀကီးက ေဂဟာကိုထပ္မံႂကြျမန္းလာခဲ့ပါတယ္။ ဆရာေတာ္ႀကီးရဲ႕ ဒကာရင္းက ေနာက္ထပ္ရင္ခြင္မဲ့ကေလးငယ္ေလးေတြ ခိုလႈံဖို႔အတြက္ ေတာင္ႀကီးမွာ ေျမေနရာတစ္ကြက္လႉတန္းမွာ ျဖစ္တဲ့အေၾကာင္းကိုလည္း ခိုင္ႏွင္းေဝက

ဝမ္းသာအားရေျပာျပခဲ့ပါေသးတယ္။ အနာဂတ္ရဲ႕ ရင္ခြင္မဲ့ကေလးငယ္ေလးေတြကို အမိုးေအာက္မွာ လုံလုံၿခဳံၿခဳံနဲ႔ ျပဳစုႏိုင္ေတာ့မွာျဖစ္လို႔ ေမေမခိုင္ႏွင္းေဝရဲ႕ ပီတိကေတာ့ ေျပာမျပတတ္ေအာင္ေဝေနခဲ့ပါတယ္။ ဒီအေၾကာင္းေလးကို ” ေဂဟာသို႔ မရွိခဏ ဆရာေတာ္ဘုရားႀကီးႂကြလာအပူေဇာ္ခံၿပီး ဆရာေတာ္ဘုရားရဲ႕ သားေတာ္ လြိဳင္ခမ္း

အဆင့္ျမင့္အိမ္ရာစီမံကိန္း အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ ဦးစိုင္း႐ြက္မွ အလႉေငြ ဆယ္သိန္းႏွင့္ ေဂဟာမွ ဝန္ထမ္းမ်ားအတြက္ မုန႔္ဖိုး ၂ သိန္း က်ပ္ လႉဒါန္းေပးပါတယ္ရွင္ ကိုစိုင္းမွ ေတာင္ႀကီးၿမိဳ႕တြင္ က်မ ေဂဟာေဆာက္လုပ္ရန္အတြက္ ေျမဧကက်ယ္ႏွင့္ အေဆာက္အဦး ေဆာက္လုပ္လႉဒါန္းေပးမည္ဟု ကမ္းလွမ္းခဲ့ပါေသာေၾကာင့္

အနာဂတ္ စြန႔္ပစ္ခံကေလးမ်ားအတြက္ က်မဝမ္းသာခဲ့ရပါတယ္ရွင္ ရန္ကုန္ ႏွင့္ ေတာင္ႀကီး အျပင္ အျခားၿမိဳ႕ တိုင္းမွာ ေဂဟာေတြ ဖြင့္ႏိူင္၍ သာသနာျပဳမည့္ သားသမီးမ်ား ေမြးထုတ္ေပး ႏိုင္ပါေစလို႔ ဆုေတာင္းမိ ပါရွင္ ေျမဧကအက်ယ္ႏွင့္ အေဆာက္အဦး လႉဒါန္းေပးပါေသာ ဥကၠဌ ဦးစိုင္း႐ြက္ အား ေက်းဇူးအထူးတင္ရွိပါတယ္ရွင္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

Read in UNICODE

ခိုင်နှင်းဝေတစ်ယောက်ဟာ ကံကံ၏အကျိုးဆိုတဲ့စကားလေးအတိုင်းပဲ ရင်ခွင်မဲ့ကလေးငယ်တွေကို အကောင်းဆုံးပြုစုပျိုးထောင်ရင်း သူမရဲ့ပရဟိတအလုပ်လေးဟာလည်း ယုံကြည်သူ၊ လှူတန်းသူတွေများပြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မရှိခဏ ဆရာတော် ကြီးထံမှာ

သားလေးခိုင်ရန်ဝေးမောင်ကို ကျွေးမွေးပြုစုဖို့အတွက် ပေးအပ်ထားခဲ့ပြီးနောက် ဆရာတော်ကြီးက ဂေဟာကိုထပ်မံကြွမြန်းလာခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ဒကာရင်းက နောက်ထပ်ရင်ခွင်မဲ့ကလေးငယ်လေးတွေ ခိုလှုံဖို့အတွက် တောင်ကြီးမှာ မြေနေရာတစ်ကွက်လှူတန်းမှာ ဖြစ်တဲ့အကြောင်းကိုလည်း ခိုင်နှင်းဝေက

ဝမ်းသာအားရပြောပြခဲ့ပါသေးတယ်။ အနာဂတ်ရဲ့ ရင်ခွင်မဲ့ကလေးငယ်လေးတွေကို အမိုးအောက်မှာ လုံလုံခြုံခြုံနဲ့ ပြုစုနိုင်တော့မှာဖြစ်လို့ မေမေခိုင်နှင်းဝေရဲ့ ပီတိကတော့ ပြောမပြတတ်အောင်ဝေနေခဲ့ပါတယ်။ ဒီအကြောင်းလေးကို ” ဂေဟာသို့ မရှိခဏ ဆရာတော်ဘုရားကြီးကြွလာအပူဇော်ခံပြီး ဆရာတော်ဘုရားရဲ့ သားတော် လွိုင်ခမ်း

အဆင့်မြင့်အိမ်ရာစီမံကိန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းရွက်မှ အလှူငွေ ဆယ်သိန်းနှင့် ဂေဟာမှ ဝန်ထမ်းများအတွက် မုန့်ဖိုး ၂ သိန်း ကျပ် လှူဒါန်းပေးပါတယ်ရှင် ကိုစိုင်းမှ တောင်ကြီးမြို့တွင် ကျမ ဂေဟာဆောက်လုပ်ရန်အတွက် မြေဧကကျယ်နှင့် အဆောက်အဦး ဆောက်လုပ်လှူဒါန်းပေးမည်ဟု ကမ်းလှမ်းခဲ့ပါသောကြောင့်

အနာဂတ် စွန့်ပစ်ခံကလေးများအတွက် ကျမဝမ်းသာခဲ့ရပါတယ်ရှင် ရန်ကုန် နှင့် တောင်ကြီး အပြင် အခြားမြို့ တိုင်းမှာ ဂေဟာတွေ ဖွင့်နိူင်၍ သာသနာပြုမည့် သားသမီးများ မွေးထုတ်ပေး နိုင်ပါစေလို့ ဆုတောင်းမိ ပါရှင် မြေဧကအကျယ်နှင့် အဆောက်အဦး လှူဒါန်းပေးပါသော ဥက္ကဌ ဦးစိုင်းရွက် အား ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Source : Khine Hnin Wai’s Facebook

Add a Comment

Your email address will not be published. Required fields are marked *