မုန္းစြဲ႐ုပ္ရွင္ဇာတ္ကားႀကီး ရံုမတင္ခင္ ဆံုးပါးသြားခဲ့တဲ့ မင္းေသြးနဲ႔ ကင္မရာမန္း အတြက္ ရည္စူးၿပီး နိဗၺာန္ယာဥ္ လွဴဒါန္းၾကမယ့္ အဖြဲ႕သားမ်ားႏွင့္ ေနတိုး

“မုန္းစြဲ” ရုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဒါရိုက္တာ ဩရသက အေကာင္းဆံုး ရိုက္ကူးပံုေဖာ္ထားတဲ့ ဆရာေတာ္အရွင္ဆႏၵာဓိကရဲ႕ျဖစ္ရပ္မွန္တရားေတာ္ကို အေျခခံၿပီး ရိုက္ကူးထားတာျဖစ္ျပီး ပရိသတ္ေတြၾကားမွာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားၾကီးပဲ ျဖစ္ပါတယ္။ “မုန္းစြဲ” ရုပ္ရွင္ဇာတ္ကားႀကီးက ျပီးခဲ့တဲ့ (၂၀၁၈) ခုနွစ္အတြက္ ရုပ္ရွင္ထူးခၽြန္ဆုေပးပြဲၾကီးမွာ အကယ္ဒမီဆု (၂) ဆုတိတိ ရရိွခဲ့ျပီး ရုပ္ရွင္ရံုေတြမွာလည္း

လနဲ့ခ်ီျပီး ျပသနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ မုန္းစြဲ ရုပ္ရွင္ဇာတ္ကားၾကီးက ရံုတင္ျပသခဲ့တာ (၂) နွစ္နီးပါးရိွေနျပီျဖစ္ေပမယ့္ ဒီေန့ဒီအခ်ိန္ထိ ပရိသတ္ေတြ ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့တာပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း မုန္းစြဲအဖြဲ့သားမ်ားက ဇာတ္ကားႀကီး ႐ုံမတင္မီ ပ်ံလြန္ေသာမူသြားေသာ ေက်ာက္ဂူေရထြက္ ဆရာေတာ္ဘုရားႀကီး၊ ကြယ္လြန္သြားေသာ သ႐ုပ္ေဆာင္ မင္းေသြး၊ ကင္မရာမင္း ကိုေက်ာ္သန္းလြင္ တို႔အား

ရည္စူးျပီး နာေရးကားတစ္စီး စုေပါင္းလွဴဒါန္းသြားမွာပဲ ျဖစ္ပါတယ္။ မုန္းစြဲ႐ုပ္ရွင္အဖြဲ႕မွ မာဃသဟာယအဖြဲ႕နိဗၺာန္ယာဥ္ကားဝယ္ရန္အတြက္ယာဥ္အလႉ​ေငြသိန္း(၇၀)က်ပ္လႉဒါန္းခဲ့ရာ 7th Sense ႐ုပ္ရွင္ထုတ္လုပ္ေရးမွ အလႉေငြ (၃၅)သိန္းက်ပ္၊ အကယ္ဒမီ ေနတိုးမွ အလႉေငြ(၂၀)သိန္းက်ပ္၊ အကယ္ဒမီ ၾသရသမွ အလႉေငြ(၅)သိန္းက်ပ္၊ ေအးဝတ္ရည္ေသာင္းမွ အလႉေငြ(၅)သိန္းက်ပ္၊ အကယ္ဒမီေက်ာ္ေက်ာ္ဗိုလ္မွ အလႉေငြ(၃)သိန္းက်ပ္ အသီးသီး လွဴဒါန္းခဲ့ၾကတာပဲ ျဖစ္ပါတယ္။ “မုန္းစြဲ” ရုပ္ရွင္ဇာတ္

ကားၾကီးကေတာ့ ဒီေန့ဒီအခ်ိန္ထိ ပရိသတ္ေတြရင္ထဲမွာ စြဲက်န္ရစ္ေနရတဲ့ ရုပ္ရွင္ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ ေက်ာက္ဂူေရထြက္ ဆရာေတာ္ဘုရားႀကီး၊ မင္းသား မင္းေသြးနဲ့ ကင္မရာမင္း ကိုေက်ာ္သန္းလြင္တို့လည္း ေရာက္ရာဘံုဘဝကေန ဝမ္းေျမာက္စြာ သာဓုေခၚဆိုေနၾကမယ္ ထင္ပါတယ္။ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာ ဩရသက အကောင်းဆုံး ရိုက်ကူးပုံဖော်ထားတဲ့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ဖြစ်ရပ်မှန်တရားတော်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကြားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီဆု (၂) ဆုတိတိ ရရှိခဲ့ပြီး ရုပ်ရှင်ရုံတွေမှာလည်း

လနဲ့ချီပြီး ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသခဲ့တာ (၂) နှစ်နီးပါးရှိနေပြီဖြစ်ပေမယ့် ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မုန်းစွဲအဖွဲ့သားများက ဇာတ်ကားကြီး ရုံမတင်မီ ပျံလွန်သောမူသွားသော ကျောက်ဂူရေထွက် ဆရာတော်ဘုရားကြီး၊ ကွယ်လွန်သွားသော သရုပ်ဆောင် မင်းသွေး၊ ကင်မရာမင်း ကိုကျော်သန်းလွင် တို့အား

ရည်စူးပြီး နာရေးကားတစ်စီး စုပေါင်းလှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။ မုန်းစွဲရုပ်ရှင်အဖွဲ့မှ မာဃသဟာယအဖွဲ့နိဗ္ဗာန်ယာဉ်ကားဝယ်ရန်အတွက်ယာဉ်အလှူငွေသိန်း(၇၀)ကျပ်လှူဒါန်းခဲ့ရာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ အလှူငွေ (၃၅)သိန်းကျပ်၊ အကယ်ဒမီ နေတိုးမှ အလှူငွေ(၂၀)သိန်းကျပ်၊ အကယ်ဒမီ သြရသမှ အလှူငွေ(၅)သိန်းကျပ်၊ အေးဝတ်ရည်သောင်းမှ အလှူငွေ(၅)သိန်းကျပ်၊ အကယ်ဒမီကျော်ကျော်ဗိုလ်မှ အလှူငွေ(၃)သိန်းကျပ် အသီးသီး လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်

ကားကြီးကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရင်ထဲမှာ စွဲကျန်ရစ်နေရတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ကျောက်ဂူရေထွက် ဆရာတော်ဘုရားကြီး၊ မင်းသား မင်းသွေးနဲ့ ကင်မရာမင်း ကိုကျော်သန်းလွင်တို့လည်း ရောက်ရာဘုံဘဝကနေ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနေကြမယ် ထင်ပါတယ်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Win Minn Maung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *