စိန်နားကပ်ပန်ရတာထက် ခရီးထွက်ရတာကို ပိုသဘောကျတယ်ဆိုတဲ့ ပိုပို
Read in UNICODE
ပိုပိုကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်နေတဲ့ သူတစ်ယယောက်ပဲဖြစ်ပါတယ်။ ပိုပိုကတော့ လူငယ်ပီပီလွတ်လပ်မှုကို မြတ်နိုးလွန်းလှတဲ့ သူတစ်ယောက်ပါ။ လွတ်လပ်မှုကိုကြိုက်တဲ့ လူငယ်တစ်ယောက်ပီပီ ပိုပိုကတော့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ပြီး အားတဲ့
အချိန်တွေမှာတော့ ခရီးတွေထွက်လေ့ရှိပါတယ်။ ပိုပိုက ခရီးထွက်ရတာကို ဘယ်လောက်တောင်မှကြိုက်နှစ်သက်သလဲဆိုရင် ခရီးထွက်ခြင်းကို စိန်နားကပ်ပန်ရခြင်းထက်အောင် ပိုမိုမက်မောတယ် လို့တောင်မှဆိုလာပါတယ်။ ပိုပိုကတော့ အခုလို Covid ကြောင့်
Stay Home နေရချိန်မှာ ခရီးမထွက်ရတာကြောင့် စိတ်မကောင်းဖြစ်နေပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ လွန်ခဲ့တဲ့ (၁)လလောက်က ကျောက်ကြီးကို အလည်သွားခဲ့တဲံ အမှတ်တရပုံလေးတွေကို Throw Back အနေနဲ့ ပြန်လည်တင်ခဲ့ပါတယ်။ ပိုပိုက အခုတော့
အိမ်အပေါ်နဲ့အောက် အလည်လမ်းလျှောက်နေတယ် StayAtHome ပေါ့ လို့လည်း ညွှန်ကြားချက်တွေနဲ့အညီ နေခိုင်နေကြောင်းဟာသလေးတွေနှောပြီးပြောထားပါသေးတယ်။ ပရိသတ်ကြီးတွေရော ခရီးသွားရတာကိုကြိုက်နှစ်သက်ကြလား။ အခုလိုကာလကြီးပြီးလို့ ခရီးတွေပြန်ထွက်ရမယ်ဆိုရင် ဘယ်ကို အရင်ဆုံးသွားကြမှာလဲ။
Source : Po Po’s Facebook