ယုဇနကိုယ္တိုင္ The Voice Myanmar လာၿပိဳင္တယ္ထင္ၿပီး စကၠန္႔အနဲငယ္ၾကာ ဆြံ့အခဲ့ရတဲ့ နီနီခင္ေဇာ္

နီနီခင္ေဇာ္က အားလံုးသိျပီးသားအတိုင္း Melody World သီခ်င္းဆိုျပိဳင္ပြဲကေန တက္လာခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမကိုယ္တိုင္လည္း သီခ်င္းဆိုျပိဳင္ပြဲကေန တက္လာခဲ့တဲ့ နီနီခင္ေဇာ္က The Voice Myanmar သီခ်င္းဆိုျပိဳင္ပြဲမွာလည္း ဒိုင္လူၾကီးတစ္ေယာက္အျဖစ္ ပါဝင္ေဆာင္ရြက္လာခဲ့တာ အခုဆိုရင္

(၃) နွစ္ေတာင္ရိွခဲ့ျပီပဲ ျဖစ္ပါတယ္။ The Voice Myanmar Blind Audition က ေဖေဖာ္ဝါရီလအတြင္းက ရိုက္ကူးခဲ့တာျဖစ္ျပီး လက္ရိွအခ်ိန္မွသာ ရုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသခဲ့တာပဲ ျဖစ္ပါတယ္။ မေန့က စက္တင္ဘာလ (၆) ရက္ေန့မွာ ထုတ္လႊင့္ျပသခဲ့တဲ့ Blind Audition မွာ နုိင္ငံေက်ာ္ အဆိုေတာ္ ယုဇနက ဒိုင္လူၾကီး ေလးေယာက္ကို Surprise လုပ္ျပီး လာေရာက္ ေဖ်ာ္ေျဖခဲ့ပါတယ္။ ထိုအေၾကာင္းနဲ့ ပက္သတ္ျပီး နီနီခင္ေဇာ္က

“ဒီပုံက The Voice Myanmar Season 3 ရဲ႕ အမွတ္တရပါပဲ။ မယု တကယ္ၿပိဳင္တာလားလို႔ 3 Seconds ​ေလာက္ဆြံအ သြားခဲ့တာ ကြိ(နီနီ)တ​ေယာက္ထဲလား ( Blind Audition က ၿပီးခဲ့တဲ့​ေဖ​ေဖာ္ဝါရီလက ႐ိုက္ကူးခဲ့တာျဖစ္တဲ့အတြက္ လြတ္လပ္စြာထိ​ေတြ႕႐ိုက္ကူးခြင့္ရခဲ့ပါတယ္။ မလိုတာ​ေတြ လာ​ေရး​ေနရရင္လက္​ေညာင္းမွာစိုးလို႔ပါ​ေနာ္)” ဆုိျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားထားပါတယ္။ နီနီခင္ေဇာ္ကေတာ့

ယုဇနရဲ့ စေနာက္မႈကို တကယ္ၾကီးထင္ျပီး (၃) စကၠန့္ေလာက္ ဆြံ့အသြားခဲ့ရတယ္လို့ ဆိုထားတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း နီနီခင္ေဇာ္တို့လိုပဲ ယုဇနရဲ့ Surprise ေၾကာင့္ ခဏတာေတာ့ အံ့ၾသသြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

နီနီခင်ဇော်က အားလုံးသိပြီးသားအတိုင်း Melody World သီချင်းဆိုပြိုင်ပွဲကနေ တက်လာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း သီချင်းဆိုပြိုင်ပွဲကနေ တက်လာခဲ့တဲ့ နီနီခင်ဇော်က The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်လူကြီးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်လာခဲ့တာ အခုဆိုရင်

(၃) နှစ်တောင်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ The Voice Myanmar Blind Audition က ဖေဖော်ဝါရီလအတွင်းက ရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှသာ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၆) ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Blind Audition မှာ နိုင်ငံကျော် အဆိုတော် ယုဇနက ဒိုင်လူကြီး လေးယောက်ကို Surprise လုပ်ပြီး လာရောက် ဖျော်ဖြေခဲ့ပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီး နီနီခင်ဇော်က

“ဒီပုံက The Voice Myanmar Season 3 ရဲ့ အမှတ်တရပါပဲ။ မယု တကယ်ပြိုင်တာလားလို့ 3 Seconds လောက်ဆွံအ သွားခဲ့တာ ကွိ(နီနီ)တယောက်ထဲလား ( Blind Audition က ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ရိုက်ကူးခဲ့တာဖြစ်တဲ့အတွက် လွတ်လပ်စွာထိတွေ့ရိုက်ကူးခွင့်ရခဲ့ပါတယ်။ မလိုတာတွေ လာရေးနေရရင်လက်ညောင်းမှာစိုးလို့ပါနော်)” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ နီနီခင်ဇော်ကတော့

ယုဇနရဲ့ စနောက်မှုကို တကယ်ကြီးထင်ပြီး (၃) စက္ကန့်လောက် ဆွံ့အသွားခဲ့ရတယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နီနီခင်ဇော်တို့လိုပဲ ယုဇနရဲ့ Surprise ကြောင့် ခဏတာတော့ အံ့သြသွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Ni Ni Khin Zaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *