လမ်းဘေးခွေးလေးတွေ ဗိုက်ပြည့်အောင်လို့ ကိုယ်တိုင် ညစာအငတ်ခံပြီး ဒါနပြုခဲ့တဲ့ စည်သူ ပလပ်ကျွတ်
Read in UNICODE
အနုပညာလောကမှာ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ စည်သူ (ပလပ်ကျွတ်)ကတော့ လက်ရှိမှာ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုအနေနဲ့ ဖိနပ်ရောင်းတဲ့ အလုပ်လေးကို လုပ်ကိုင်နေခဲ့ပါတယ်။ လတ်တလောမှာတော့
စီးပွားရေးနယ်ပယ်ချဲ့ထွင်တဲ့ အနေနဲ့ မန္တလေးမြို့မှာ သွားရောက်ရောင်းချနေပါတယ်။မနေ့ညကတော့ စည်သူ (ပလပ်ကျွတ်)က ညစာအငတ်ခံပြီး သူညစာဝယ်စားမယ့် ပိုက်ဆံကို ဝယ်မစားဘဲ မန္တလေးမှာရှိတဲ့ လမ်းဘေးခွေးလေးတွေအတွက် အာဟာရဒါနပြု ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ စည်သူ (ပလပ်ကျွတ်)ကတော့ ရန်ကုန်မှာဆိုရင်တော့ အိမ်ကတွေ
ထမင်းတွေဟင်းတွေနယ်ပြီး လမ်းဘေးခွေးလေးတွေကို နေ့တိုင်းကျွေးမွေးတဲ့ ကုသိုလ်လေးကို မပြတ်တမ်းပြုလုပ်လှူဒါန်းလေ့ရှိပါတယ်။ အခုလို ကိုယ်တိုင်ညစာအငတ်ခံပြီး တိရိစ္ဆာန်လေးတွေအပေါ်မှာ သနားညှာတာစွာ အာဟာရဒါနပြုခဲ့တဲ့ စည်သူ (ပလပ်ကျွတ်)ရဲ့ လုပ်ရက်လေးကတော့
တကယ်ကိုပဲချီးကျူးဖွယ်ကောင်းလှတဲ့ စိတ်ဓာတ်လေးပါပဲနော်။ ပရိသတ်ကြီးရေ စည်သူ (ပလပ်ကျွတ်)ကတော့ အခုလို ညစာအငတ်ခံပြီး တိရိစ္ဆာန်လေးတွေအတွက် အာဟာရဒါနပြုရတဲ့ ကောင်းမှုကြောင့် ကျရောက်နေတဲ့ ကပ်ရောဂါဆိုးကြီးအမြန်ဆုံးပျောက်ကင်းပါစေလို့လည်း ဆုမွန်ကောင်းတောင်းထားခဲ့ပါတယ်။
Source : Si Thu’s Facebook
Add a Comment
Your email address will not be published. Required fields are marked *