လကမ႓ာကို ေယာက်ာ္းျဖစ္သူနဲ႔ အတူသြားမယ္ဆိုတဲ့ ကိစၥကို ေျဖရွင္းခဲ့တဲ့ ခ်မ္းမီမီကို

အိမ္ေထာင္မျပဳခင္အထိ ခ်မ္းမီမီကိုဟာ ဇာတ္ကားေပါင္းမ်ားစြာ႐ိုက္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမွဳကို သိမ္းပိုက္ႏိုင္ခဲ့သူပါ။အႏုပညာအလုပ္ေတြကို အိမ္ေထာင္က်ၿပီးေနာက္ ရပ္နားခဲ့တာျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ Facebook ကေနတဆင့္ ပရိသတ္ေတြနဲ႔ ထိေတြ႕ေနၿပီ ျဖစ္ပါတယ္။ယခုအခါမွာေတာ့ ခ်မ္းမီမီကိုဟာ အႏုပညာေလာကအတြင္းကို ဒုတိယအႀကိမ္ျပန္လည္ဝင္ေရာက္ဖို႔ရွိေနတယ္လို႔ ေျပာလာခဲ့တာပါ ခ်မ္းမီမီကိုက

” ” အႏုပညာအလုပ္ေတြကေတာ့ ကိုယ့္အလုပ္ေတြကို ျပန္လုပ္ခ်င္တာနဲ႔ ပဲ လုပ္ျဖစ္တာပါ။ အရင္တုန္းကေတာ့ ကိုယ့္ဘဝမွာ မျဖစ္မေန လုပ္သင့္တဲ့ အလုပ္ေလးျဖစ္တဲ့ တရားထိုင္တဲ့အလုပ္ေလးကို လုပ္လိုက္တယ္။ တကယ္ဆရာသမားေကာင္းေတြကိုလည္း ကိုယ္တိုင္ ရွာႏိုင္ခဲ့တယ္။ ကိုယ္တိုင္လည္း တရားအားထုတ္ခြင့္ရခဲ့တယ္။ အႏုပညာအလုပ္ကို ဆက္လုပ္ေနမယ္ဆိုရင္လည္း တရားအားထုတ္တာကလည္း မျဖစ္မေနကို လုပ္ေနမွာပါပဲ။အိမ္ေထာင္က်သြားတဲ့အခါက် အေမေရာ ပရိတ္သတ္ေတြကေရာ

ထပ္တူ ႏွေျမာၾကတယ္။ အဲ့ခ်ိန္တုန္းကေတာ့ စဥ္းစားတတ္တဲ့ အသိဉာဏ္နည္းတယ္ေပါ့။ ေနာင္တရတဲ့ အလုပ္ေတာ့ မရွိပါဘူး။ ဘယ္အလုပ္ေနေန ကိုယ့္အမွားက သင္ခန္းစာပဲေပါ့ေနာ္။ ဘယ္သူမွလည္း လုံးဝမွန္ေနတယ္ဆိုေတာ့ မရွိဘူးေပါ့။ အဲ့ထဲကေနမွ အၿမဲတမ္း ႀကိဳးစားေနဖို႔ပါပဲ ” ဆိုၿပီးေျပာလာခဲ့တာပါ သူမ မဂၤလာေဆာင္စဥ္ကနာမည္ႀကီးခဲ့တဲ့ လကမာၻကို ဟန္းနီးမြန္းခရီးထြက္မယ္လို႔ေျပာခဲ့တာနဲ႔ပတ္သတ္ၿပီး “အိမ္ေထာင္ေရး က သူ နဲ႔ ကိုယ္ နဲ႔က သူငယ္ခ်င္း လိုပါပဲ။ အားလုံး က ေအးေဆးပါ။ အေၾကာင္း

တစ္ခုခု ေၾကာင့္ ပတ္သက္ခဲ့ရတယ္.. ဆုံ ခဲ့ၾကတယ္။ တစ္ေယာက္ နဲ႔ တစ္ေယာက္ ေမတၱာ ရွိၾကပါတယ္။ သားေလး တစ္ေယာက္ ရွိပါတယ္။ လကမာၻ ကို Honeymoon ထြက္ဖို႔ သူေျပာခဲ့တာေလးကို နားလည္ ခြင့္လြတ္ေပးလိုက္ပါ။ သူလည္း သြားမွာ မဟုတ္ပါဘူး” လို႔ သူမရဲ႕အိမ္ေထာင္ေရး အေျခအေနကို ေျပာလာခဲ့တာပါပရိသတ္ႀကီးေရ ခ်မ္းမီမီကိုကေတာ့ သူမ မဂၤလာေဆာင္စဥ္က လကမာၻကို Honeymoon ထြက္မယ္လို႔ ေျပာခဲ့တာေလးကို ျပန္လည္ရွင္းျပလာခဲဲ့တာပါေနာ္ တရားအားထုတ္ၿပီး ေအးခ်မ္းေနၿပီျဖစ္တဲ့ ခ်မ္းမီမီကို အတြက္ အားေပးစကားေျပာခဲ့ၾကပါအုန္းေနာ္

Read in UNICODE

အိမ်ထောင်မပြုခင်အထိ ချမ်းမီမီကိုဟာ ဇာတ်ကားပေါင်းများစွာရိုက်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို သိမ်းပိုက်နိုင်ခဲ့သူပါ။အနုပညာအလုပ်တွေကို အိမ်ထောင်ကျပြီးနောက် ရပ်နားခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာတော့ Facebook ကနေတဆင့် ပရိသတ်တွေနဲ့ ထိတွေ့နေပြီ ဖြစ်ပါတယ်။ယခုအခါမှာတော့ ချမ်းမီမီကိုဟာ အနုပညာလောကအတွင်းကို ဒုတိယအကြိမ်ပြန်လည်ဝင်ရောက်ဖို့ရှိနေတယ်လို့ ပြောလာခဲ့တာပါ ချမ်းမီမီကိုက

” ” အနုပညာအလုပ်တွေကတော့ ကိုယ့်အလုပ်တွေကို ပြန်လုပ်ချင်တာနဲ့ ပဲ လုပ်ဖြစ်တာပါ။ အရင်တုန်းကတော့ ကိုယ့်ဘဝမှာ မဖြစ်မနေ လုပ်သင့်တဲ့ အလုပ်လေးဖြစ်တဲ့ တရားထိုင်တဲ့အလုပ်လေးကို လုပ်လိုက်တယ်။ တကယ်ဆရာသမားကောင်းတွေကိုလည်း ကိုယ်တိုင် ရှာနိုင်ခဲ့တယ်။ ကိုယ်တိုင်လည်း တရားအားထုတ်ခွင့်ရခဲ့တယ်။ အနုပညာအလုပ်ကို ဆက်လုပ်နေမယ်ဆိုရင်လည်း တရားအားထုတ်တာကလည်း မဖြစ်မနေကို လုပ်နေမှာပါပဲ။အိမ်ထောင်ကျသွားတဲ့အခါကျ အမေရော ပရိတ်သတ်တွေကရော

ထပ်တူ နှမြောကြတယ်။ အဲ့ချိန်တုန်းကတော့ စဉ်းစားတတ်တဲ့ အသိဉာဏ်နည်းတယ်ပေါ့။ နောင်တရတဲ့ အလုပ်တော့ မရှိပါဘူး။ ဘယ်အလုပ်နေနေ ကိုယ့်အမှားက သင်ခန်းစာပဲပေါ့နော်။ ဘယ်သူမှလည်း လုံးဝမှန်နေတယ်ဆိုတော့ မရှိဘူးပေါ့။ အဲ့ထဲကနေမှ အမြဲတမ်း ကြိုးစားနေဖို့ပါပဲ ” ဆိုပြီးပြောလာခဲ့တာပါ သူမ မင်္ဂလာဆောင်စဉ်ကနာမည်ကြီးခဲ့တဲ့ လကမ္ဘာကို ဟန်းနီးမွန်းခရီးထွက်မယ်လို့ပြောခဲ့တာနဲ့ပတ်သတ်ပြီး “အိမ်ထောင်ရေး က သူ နဲ့ ကိုယ် နဲ့က သူငယ်ချင်း လိုပါပဲ။ အားလုံး က အေးဆေးပါ။ အကြောင်း

တစ်ခုခု ကြောင့် ပတ်သက်ခဲ့ရတယ်.. ဆုံ ခဲ့ကြတယ်။ တစ်ယောက် နဲ့ တစ်ယောက် မေတ္တာ ရှိကြပါတယ်။ သားလေး တစ်ယောက် ရှိပါတယ်။ လကမ္ဘာ ကို Honeymoon ထွက်ဖို့ သူပြောခဲ့တာလေးကို နားလည် ခွင့်လွတ်ပေးလိုက်ပါ။ သူလည်း သွားမှာ မဟုတ်ပါဘူး” လို့ သူမရဲ့အိမ်ထောင်ရေး အခြေအနေကို ပြောလာခဲ့တာပါပရိသတ်ကြီးရေ ချမ်းမီမီကိုကတော့ သူမ မင်္ဂလာဆောင်စဉ်က လကမ္ဘာကို Honeymoon ထွက်မယ်လို့ ပြောခဲ့တာလေးကို ပြန်လည်ရှင်းပြလာခဲ့တာပါနော် တရားအားထုတ်ပြီး အေးချမ်းနေပြီဖြစ်တဲ့ ချမ်းမီမီကို အတွက် အားပေးစကားပြောခဲ့ကြပါအုန်းနော်

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *