ေတာင္ဒဂံုမွာ Quarantine ဝင္ေနတဲ့ ကိုယ္ဝန္သည္ အမ်ိဳးသမီးကို ကေလးေမြးေပးႏိုင္ခဲ့တဲ့ အေတြ႕အၾကံဳကို ေျပာျပခဲ့တဲ့ ေဝဠဳေက်ာ္

ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း အဖြဲ႕သားေတြနဲ႔ အတူေဝဠဳေက်ာ္ကေတာ့ Covid ကာလမွာ Quarantine ေနတဲ့သူေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ေဆာင္႐ြက္ေပးေနတာ ေတြ႕ရပါတယ္။ သူ႔အေနနဲ႔ Quarantine ဝင္ေနရတဲ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးကို အကူအညီေပးခဲ့ရတဲ့ အမွတ္တရေတြကို ေျပာျပလာပါတယ္။ “ေတာင္ဒဂုံ Q Center က အမ်ိဳးသမီးတစ္ေယာက္

ကေလးေမြးဖို႔အတြက္ ေရႁမႊာေပါက္ၿပီဆိုၿပီးေတာ့ အဲဒီမွာ တာဝန္က်တဲ့ ကိုေအာင္ေက်ာ္ဆန္းက ကြၽန္ေတာ့္ကို ဖုန္းဆက္လာတယ္။ အဲဒီကို ကားလႊတ္ေပးခါနီးမွာ သူ႔ကို ထပ္ေမးတယ္ ကေလးေမြးၿပီလား၊ ကေလး ေမြးတတ္တဲ့လူ ရွိလားေမးတယ္။ အဲဒီမွာ ကြၽန္ေတာ္ ၾကက္ေျခနီသင္တန္းတက္ထားတုန္းက အေရးေပၚ ကေလးေမြးနည္းပညာရပ္ကိုလည္း သင္ထားရတဲ့ အတြက္ ကြၽန္ေတာ္ကိုယ္တိုင္ PPE ဝတ္စုံဝတ္ၿပီးလိုက္သြားခဲ့တယ္” ဆိုၿပီးေတာ့ စက္တင္ဘာလ(၃) ရက္ေန႔ က မီဒီယာေတြနဲ႔ ေတြ႕ဆုံပြဲမွာ ေျဖဆိုခဲ့တာပါ။ ဒီ ကိုယ္ဝန္ေဆာင္

အမ်ိဳးသမီးကိုလည္း ေတာင္ဒဂုံ Quarantine စင္တာကေနတဆင့္ ဗဟို အမ်ိဳးသမီးေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။ ေဆး႐ုံကိုသြားေနတဲ့ လမ္းတစ္ေလွ်ာက္မွာပဲ ဒီအမ်ိဳးသမီးကို ေဝဠဳေက်ာ္က ကေလးေမြးေပးႏိုင္ခဲ့တယ္လို႔ သူကဆိုပါတယ္။ “ အဲဒီအမ်ိဳးသမီးက မေလးရွားကေန ျပန္လာၿပီး Q ဝင္ေနရတာ (၂၁) ရက္ျပည့္ဖို႔ ၈ ရက္ပဲ လိုေတာ့တာတဲ့။ သူ႔ အမ်ိဳးသားကလည္း မေလးရွားမွာ က်န္ခဲ့တယ္။ သူ႔မွာ လူနာေစာင့္ကလည္း မရွိဘူး။ အဲဒီမွာ သူက ကေလးေမြးခ်င္တယ္ဆိုမွ ကြၽန္ေတာ္က

ေမြးေပးလို႔ရမွာေလ။ ကြၽန္ေတာ္ကလည္း သူေမြးမယ္ဆိုမွ ေမြးေပးလို႔ရမွာ ဆရာဝန္လည္း မဟုတ္ဘူး။ ဒါေပမယ့္ သားဖြားတာနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္က သင္ထားၿပီးသားပါလို႔ ေျပာျပခဲ့ရတယ္။ ႐ြာသာႀကီးကေန ဗဟိုအမ်ိဳးသမီးေဆး႐ုံ အထိကို ညဘက္ေမာင္းတာ (၁) နာရီေလာက္ၾကာတယ္။ ဒါေပမယ့္ ကားေပၚမွာပဲ ကေလးကို ေကာင္းေကာင္းမြန္မြန္ ေမြးဖြားေပးႏိုင္ခဲ့ပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ ဦးေဆာင္တဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းဟာ အခုလက္ရွိ COVID-19 ေရာဂါ

ကာကြယ္ေရးအတြက္ သံသယလူနာမ်ား သယ္ယူပို႔ေဆာင္ျခင္း၊ ေဆးျဖန္းျခင္းမ်ားေဆာင္႐ြက္လွ်က္ရွိပါတယ္။ အဲဒီေနာက္ အမွန္တကယ္ လိုအပ္မႈ ရွိေနတဲ့ ေနရာေဒသေတြမွာလည္း စားနပ္ရိကၡာေတြ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ ေမလအတြင္းမွာလည္း နာဂေဒသအတြက္ လိုအပ္တဲ့ ေဆးဝါးေတြကို ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းက လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ ဒါ့အျပင္က်ဴးေက်ာ္ရပ္ကြက္ေတြမွာ ေနထိုင္ရတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ေတြ နဲ႔ ဆိုက္ကား နင္းၿပီး မိသားစု စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနရသူေတြကို အဝတ္အစား ၊ စားနပ္ရိကၡာနဲ႔ ေငြေၾကးေထာက္ပံ့မႈေတြ ျပဳလုပ္ခဲ့တာ ေတြ႕ရပါတယ္။

Read in UNICODE

ဝေဠုကျော်ဖောင်ဒေးရှင်း အဖွဲ့သားတွေနဲ့ အတူဝေဠုကျော်ကတော့ Covid ကာလမှာ Quarantine နေတဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ Quarantine ဝင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အကူအညီပေးခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ “တောင်ဒဂုံ Q Center က အမျိုးသမီးတစ်ယောက်

ကလေးမွေးဖို့အတွက် ရေမြွှာပေါက်ပြီဆိုပြီးတော့ အဲဒီမှာ တာဝန်ကျတဲ့ ကိုအောင်ကျော်ဆန်းက ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ အဲဒီကို ကားလွှတ်ပေးခါနီးမှာ သူ့ကို ထပ်မေးတယ် ကလေးမွေးပြီလား၊ ကလေး မွေးတတ်တဲ့လူ ရှိလားမေးတယ်။ အဲဒီမှာ ကျွန်တော် ကြက်ခြေနီသင်တန်းတက်ထားတုန်းက အရေးပေါ် ကလေးမွေးနည်းပညာရပ်ကိုလည်း သင်ထားရတဲ့ အတွက် ကျွန်တော်ကိုယ်တိုင် PPE ဝတ်စုံဝတ်ပြီးလိုက်သွားခဲ့တယ်” ဆိုပြီးတော့ စက်တင်ဘာလ(၃) ရက်နေ့ က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဖြေဆိုခဲ့တာပါ။ ဒီ ကိုယ်ဝန်ဆောင်

အမျိုးသမီးကိုလည်း တောင်ဒဂုံ Quarantine စင်တာကနေတဆင့် ဗဟို အမျိုးသမီးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံကိုသွားနေတဲ့ လမ်းတစ်လျှောက်မှာပဲ ဒီအမျိုးသမီးကို ဝေဠုကျော်က ကလေးမွေးပေးနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။ “ အဲဒီအမျိုးသမီးက မလေးရှားကနေ ပြန်လာပြီး Q ဝင်နေရတာ (၂၁) ရက်ပြည့်ဖို့ ၈ ရက်ပဲ လိုတော့တာတဲ့။ သူ့ အမျိုးသားကလည်း မလေးရှားမှာ ကျန်ခဲ့တယ်။ သူ့မှာ လူနာစောင့်ကလည်း မရှိဘူး။ အဲဒီမှာ သူက ကလေးမွေးချင်တယ်ဆိုမှ ကျွန်တော်က

မွေးပေးလို့ရမှာလေ။ ကျွန်တော်ကလည်း သူမွေးမယ်ဆိုမှ မွေးပေးလို့ရမှာ ဆရာဝန်လည်း မဟုတ်ဘူး။ ဒါပေမယ့် သားဖွားတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က သင်ထားပြီးသားပါလို့ ပြောပြခဲ့ရတယ်။ ရွာသာကြီးကနေ ဗဟိုအမျိုးသမီးဆေးရုံ အထိကို ညဘက်မောင်းတာ (၁) နာရီလောက်ကြာတယ်။ ဒါပေမယ့် ကားပေါ်မှာပဲ ကလေးကို ကောင်းကောင်းမွန်မွန် မွေးဖွားပေးနိုင်ခဲ့ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ

ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလအတွင်းမှာလည်း နာဂဒေသအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင်ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေ နဲ့ ဆိုက်ကား နင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေကို အဝတ်အစား ၊ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *