အျပင္မွာေတြ႕ရင္ ဓာတ္ပံု႐ိုက္ဖို႔ Mask အတင္းခြ်တ္ခိုင္းတာေၾကာင့္ ပရိသတ္ေတြကို စိတ္ဆိုးေနတဲ့ ေဖြးေဖြး

ေဖြးေဖြးက လက္ရိွေခတ္ အႏုပညာေလာကမွာေတာ့ အေအာင္ျမင္ဆုံး မင္းသမီးတစ္ေယာက္ ျဖစ္ပါတယ္။ သူမရဲ႕ ထူးခြၽန္တဲ့ အႏုပညာစြမ္းရည္ေၾကာင့္ က်ရာဇာတ္႐ုပ္အတိုင္းကို စိတ္ေရာကိုယ္ပါ ေျပာင္းလဲၿပီး သ႐ုပ္ေဆာင္ႏိုင္သူျဖစ္တာေၾကာင့္ အႏုပညာသက္တမ္း (၁ဝ) ႏွစ္ေက်ာ္အတြင္းမွာတင္ အကယ္ဒမီဆု သုံဆုတိတိ ဆြတ္ခူးရရွိထားတာ ျဖစ္ပါတယ္။ နာမည္ၾကီးထိပ္တန္းမင္းသမီးပီပီ ရုပ္ရွင္ဇာတ္ကားေတြကို

လက္မလည္ေအာင္ ရိုက္ကူးရတဲ့ ေဖြးေဖြးက လက္ရိွမွာေတာ့ ျပင္ပေရာဂါအေျခအေနေတြေၾကာင့္ သူမရဲ့ အလုပ္ေတြကို ရပ္နားထားရတာပဲ ျဖစ္ပါတယ္။ လက္ရိွမွာလည္း သူမကိုယ္တိုင္ မလိုအပ္ပဲ အျပင္မထြက္သလို သူမရဲ့ ပရိသတ္ေတြကိုလည္း ဂရုတစိုက္ေနဖို့ အျမဲတမ္းမွာေလ့ရိွတဲ့ ေဖြးေဖြးက ဒီကေန့မွာလည္း “ခုလိုခ်ိန္ မွာ မျဖစ္မ​ေန အျပင္သြားရလို႔ Selfie ​ေလး႐ိုက္မို႔ mask

အတင္းခြၽတ္ခိုင္းတဲ့ တခ်ိဳ႕သူ​ So-Called Fans ေတြ က ကြၽန္မကို တကယ္မခ်စ္လို႔ပဲ! လို႔သတ္မွတ္တယ္! မခြၽတ္​ေပးႏိုင္ဘူး! ဒါပဲ! 😒 စိတ္​ေကာက္တယ္။ ဒါနဲ႔ Take Care My Beloved Darlings.. လြမ္း​ေနမယ္… :’)” ဆိုျပီး အျပင္မွာ Selfie ရိုက္ဖို့ ခြင့္ေတာင္းရင္ Mask အတင္းခၽြတ္ခိုင္းတဲ့ Fan ေတြကို စိတ္ေကာက္တယ္ဆိုျပီး ခ်စ္စဖြယ္ေျပာထားတာ

ျဖစ္ပါတယ္။ ေဖြးေဖြးကေတာ့ ျပီးခဲ့တဲ့ (၂၀၁၉) ခုနွစ္မွာ အက္ဆီဒင့္တစ္ခုေၾကာင့္ ရုပ္ရွင္ရိုက္ကူးမႈေတြကို အခ်ိန္အေတာ္ၾကာ ရပ္နားထားခဲ့ရသလို (၂၀၂၀) မွာလည္း ကပ္ေရာဂါအေျခအေနေတြေၾကာင့္ နွစ္တစ္ဝက္စာနီးပါး အလုပ္ေတြ နားေနခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဖွေးဖွေးက လက်ရှိခေတ် အနုပညာလောကမှာတော့ အအောင်မြင်ဆုံး မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ထူးချွန်တဲ့ အနုပညာစွမ်းရည်ကြောင့် ကျရာဇာတ်ရုပ်အတိုင်းကို စိတ်ရောကိုယ်ပါ ပြောင်းလဲပြီး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် အနုပညာသက်တမ်း (၁ဝ) နှစ်ကျော်အတွင်းမှာတင် အကယ်ဒမီဆု သုံဆုတိတိ ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ နာမည်ကြီးထိပ်တန်းမင်းသမီးပီပီ ရုပ်ရှင်ဇာတ်ကားတွေကို

လက်မလည်အောင် ရိုက်ကူးရတဲ့ ဖွေးဖွေးက လက်ရှိမှာတော့ ပြင်ပရောဂါအခြေအနေတွေကြောင့် သူမရဲ့ အလုပ်တွေကို ရပ်နားထားရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမကိုယ်တိုင် မလိုအပ်ပဲ အပြင်မထွက်သလို သူမရဲ့ ပရိသတ်တွေကိုလည်း ဂရုတစိုက်နေဖို့ အမြဲတမ်းမှာလေ့ရှိတဲ့ ဖွေးဖွေးက ဒီကနေ့မှာလည်း “ခုလိုချိန် မှာ မဖြစ်မနေ အပြင်သွားရလို့ Selfie လေးရိုက်မို့ mask

အတင်းချွတ်ခိုင်းတဲ့ တချို့သူ So-Called Fans တွေ က ကျွန်မကို တကယ်မချစ်လို့ပဲ! လို့သတ်မှတ်တယ်! မချွတ်ပေးနိုင်ဘူး! ဒါပဲ! 😒 စိတ်ကောက်တယ်။ ဒါနဲ့ Take Care My Beloved Darlings.. လွမ်းနေမယ်… :’)” ဆိုပြီး အပြင်မှာ Selfie ရိုက်ဖို့ ခွင့်တောင်းရင် Mask အတင်းချွတ်ခိုင်းတဲ့ Fan တွေကို စိတ်ကောက်တယ်ဆိုပြီး ချစ်စဖွယ်ပြောထားတာ

ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ အက်ဆီဒင့်တစ်ခုကြောင့် ရုပ်ရှင်ရိုက်ကူးမှုတွေကို အချိန်အတော်ကြာ ရပ်နားထားခဲ့ရသလို (၂၀၂၀) မှာလည်း ကပ်ရောဂါအခြေအနေတွေကြောင့် နှစ်တစ်ဝက်စာနီးပါး အလုပ်တွေ နားနေခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Phway Phway’s Facebook

Add a Comment

Your email address will not be published. Required fields are marked *