အေဖျဖစ္သူ ခင္လွိုင္နဲ႔ ႐ိုက္ကြင္းေပၚက ပံုေလးေတြ မွ်ေဝခဲ့တဲ့ သဇင္ထူးျမင့္

ျမန္မာႏိုင္ငံရဲ႕ ဝါရင့္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုသ႐ုပ္ေဆာင္ ဟာသလူ႐ႊင္ေတာ္ ခင္လႈိင္ရဲ႕ သမီးေခ်ာေလး ကေတာ့ သဇင္ထူးျမင့္ပဲျဖစ္ပါတယ္။ ဖခင္ရဲ႕အႏုပညာေသြးအျပည့္ပါဝင္တဲ့ သဇင္ထူးျမင့္က ကိုယ္တိုင္လည္း အႏုပညာမွာ ပါရမီပါလြန္း

လွတာေၾကာင့္ လက္ရွိမွာ မင္းသမီးတစ္လက္အေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ပါဝင္႐ိုက္ကူးေနခဲ့ပါၿပီ။ လတ္တေလာမွာလည္း ဖခင္ျဖစ္သူ ဒါ႐ိုက္တာအေနနဲ႔ ႐ိုက္ကူးေနတဲ့ “ဆိုးေပ” ဆိုတဲ့ ဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္ေနခဲ့ပါတယ္။ ဒီေန႔မွာေတာ့ သဇင္ထူးျမင့္ေလးက

“ဆိုးေပ”ဇာတ္လမ္းတြဲ ႐ိုက္ကြင္းမွာ ရႈတင္နားတုန္း ဖခင္နဲ႔အတူ႐ိုက္ကူးထားတဲ့ ခ်စ္စဖြယ္ပုံရိပ္ေလးေတြကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန သူတို႔ သားအဖႏွစ္ေယာက္ကို အားေပးတဲ့ ပရိသတ္ေတြအတြက္ မွ်ေဝေဖာ္ျပထားခဲ့ပါတယ္။ ဇာတ္လမ္းတြဲထဲက

ဇာတ္ေကာင္ပုံစံနဲ႔ ကိုက္ညီေအာင္ဝတ္စားထားၿပီး ပါးကြက္ၾကားေလးနဲ႔ ျမန္မာဆန္လြန္းလွစြာလွပေနတဲ့ သဇင္ထူးျမင့္ေလးနဲ႔ ခင္လႈိင္တို႔ သားအဖႏွစ္ေယာက္ရဲ႕ “ဆိုးေပ”ရႈတင္ကအမွတ္တရပုံေလးေတြကို ပရိသတ္ႀကီးေတြအတြက္ ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

မြန်မာနိုင်ငံရဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် ခင်လှိုင်ရဲ့ သမီးချောလေး ကတော့ သဇင်ထူးမြင့်ပဲဖြစ်ပါတယ်။ ဖခင်ရဲ့အနုပညာသွေးအပြည့်ပါဝင်တဲ့ သဇင်ထူးမြင့်က ကိုယ်တိုင်လည်း အနုပညာမှာ ပါရမီပါလွန်း

လှတာကြောင့် လက်ရှိမှာ မင်းသမီးတစ်လက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပါဝင်ရိုက်ကူးနေခဲ့ပါပြီ။ လတ်တလောမှာလည်း ဖခင်ဖြစ်သူ ဒါရိုက်တာအနေနဲ့ ရိုက်ကူးနေတဲ့ “ဆိုးပေ” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေခဲ့ပါတယ်။ ဒီနေ့မှာတော့ သဇင်ထူးမြင့်လေးက

“ဆိုးပေ”ဇာတ်လမ်းတွဲ ရိုက်ကွင်းမှာ ရှုတင်နားတုန်း ဖခင်နဲ့အတူရိုက်ကူးထားတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူတို့ သားအဖနှစ်ယောက်ကို အားပေးတဲ့ ပရိသတ်တွေအတွက် မျှဝေဖော်ပြထားခဲ့ပါတယ်။ ဇာတ်လမ်းတွဲထဲက

ဇာတ်ကောင်ပုံစံနဲ့ ကိုက်ညီအောင်ဝတ်စားထားပြီး ပါးကွက်ကြားလေးနဲ့ မြန်မာဆန်လွန်းလှစွာလှပနေတဲ့ သဇင်ထူးမြင့်လေးနဲ့ ခင်လှိုင်တို့ သားအဖနှစ်ယောက်ရဲ့ “ဆိုးပေ”ရှုတင်ကအမှတ်တရပုံလေးတွေကို ပရိသတ်ကြီးတွေအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source : Thazin Htoo Myint – Thel’s Facebook

Add a Comment

Your email address will not be published. Required fields are marked *