ဘဝမှာ (၁၈)နှစ်ဆက်တိုက် စိတ်ညစ်စရာတွေပဲ ကြုံတွေ့ခဲ့ရဲ့ သူမရဲ့ ဘဝအခြေအနေကို ရင်ဖွင့်ခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင် ခင်ရတနာစိုးနဲ့ အမေဖြစ်သူ ခရမ်းဥမ္မာ






Read in UNICODE

ပရိသတ်တွေ အားလုံး The Voice Myanmar Season 3 ကို စောင့်မျှော်ကြည့်ရှုနေကြပြီလို့ ထင်ပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ The Voice Myanmar Season 3 ရဲ့ Blind Audition အဆင့်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်တယောက်ဖြစ်တဲ့ ခင်ရတနာစိုးက ဒိုင်လေးယောက်စလုံးကို လှည့်ကြည့်စေခဲ့ပြီး ပရိသတ်တွေကိုပါ

ဖမ်းစားနိုင်ခဲ့ပါတယ်။ Blind Audition အဆင့် ဒုတိယသီတင်းပါတ်မှာတော့ ပြိုင်ပွဲဝင်တွေထဲက ဒိုက်ဦးမြို့က ဝင်ရောက်ယှဉ်ပြိုင်တဲ့ အသက် ၂၀ အရွယ် ခင်ရတနာစိုးက အားလုံးရင်းနှီးကျွမ်း ဝင်ကြပြီးဖြစ်တဲ့ “ငယ်ကျွမ်းဆွေ” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေရော ဒိုင်တွေကပါ ကြိုက်နှစ်သက်ခဲ့ကြကာ စင်နောက်က သူမမိခင်ကိုပါ သီဆိုဖျော်ဖြေခဲ့ရတာပါ ဒီလိုအားပေးခြင်းခံခဲ့ရပေမယ့်

ခင်ရတနာစိုးရဲ့ ဘဝကတော့ အဆင်ပြေချောမွေ့ခဲ့တာမဟုတ်ပါဘူး အသက် ၂၀ အရွယ်သူမအနေနဲ့ ၁၈ နှစ်လောက်က စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်လို့ ပြောပြလာခဲ့တာပါ ခင်ရတနာစိုးက “အသက် ၂၀ မှာ ၁၈ နှစ်လောက်ကစိတ်ညစ်စရာတွေကြီးပဲ … အဖေဆုံးသွားတော့ ပိုပြီးဒုက္ခရောက်ခဲ့တယ် … ကျောင်းတက်တုန်းကလည်း သူများတွေမုန့်စားတာမြင်တော့ ကိုယ်မစားနိုင်ဘူး …

စားချင်တယ်.. အဲ့လိုအခက်အခဲတွေပဲရှိခဲ့တာ ..လို့ စိတ်မကောင်းစရာ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ် ဒါ့အပြင် သူမရဲ့မိခင် ခရမ်းဒေါ်ဥမ္မာကလည်း “ပြိုင်ပွဲလေးတွေရှိခဲ့ရင် သမီးကိုနာမည်ကျော်လေးဖြစ်စေချင်တာ …သမီးကို သူ့အဖေ မရှိတော့တယ့် အချိန်ကစပြီး အန်တီကပဲဈေးရောင်းရှာကျွေးပြီး ထိန်းသိမ်းခဲ့ရတာ…. အရမ်းခက်ခဲခဲ့ရတယ့်အချိန်တွေအများကြီးပဲ … _” ဟုဆိုကာခက်ခဲ

တဲ့အချိန်ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတဲ့အကြောငိး ပြောပြခဲ့တာပါ ခင်ရတနာစိုးကတော့ လက်ရှိမှာ ပရိသတ်အားပေးမှု တွေဆက်တိုက်ရရှိနေပေမယ့် သူမအနေနဲ့ ဒုက္ခပေါင်းများစွာကို မိခင်နဲ့အတူ ရင်ဆိုင်ခဲ့ရတဲ့အကြောင်း ဖွင့်ဟလာခဲ့တာပါနော် အားလုံးပဲ ခင်ရတနာစိုးအတွက် အားပေးစကားလေးပြောခဲ့ကြပါအူန်းနော်

Source : SY Myanmar

Add a Comment

Your email address will not be published. Required fields are marked *