(၂၇)နှစ်ပြည့် မွေးနေ့အကြိုအနေနဲ့ ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးမှာ (၅)သိန်းလှူဒါန်းခဲ့တဲ့ ကျော်ထက်ဇော်
Read in UNICODE
MRTV -4 ကထုတ်လွှင့်ပြသခဲ့တဲ့ “အမုန်းမှသည်”၊ “မိုးကောင်းကင်အိပ်မက်”၊ “ကြယ်ကလေးရဲ့ကောင်းကင်”၊ “အချစ်ဖွဲ့လေညှင်း” စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေ ကျော်ထက်ဇော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားလာတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ ဒီနေ့မှာတော့
ကျော်ထက်ဇော်က အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ မနက်ဖြန် စက်တင်ဘာလ (၆)ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ (၂၇)နှစ်ပြည့်မွေးနေ့လေးအတွက် မွေးနေ့အကြိုအနေနဲ့ ပြုလုပ်ခဲ့တဲ့ အလှူလေးပဲဖြစ်ပါတယ်။ မွေးနေ့အကြိုအလှူအဖြစ်
စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)မှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ လူနာတွေအတွက် အထွေထွေ ပဒေသာအလှူအဖြစ် အလှူငွေ (၅)သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အခုလို စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းခဲ့တဲ့ မွေးနေ့အကြိုအလှူလေးအတွက်
ကျော်ထက်ဇော်တစ်ယောက် (၂၇)နှစ်ပြည့်မွေးနေ့ရက်လေးကနေစလို့ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အလှူအတန်းတွေကို ပိုမိုလှူဒါန်းနိုင်ပြီး အနုပညာလောကမှာ ဒီထက်မကအောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ပိုမိုပိုင်ဆိုင်နိုင်ပါစေလို့ ကနေမွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Source : Kyaw Htet Zaw’s Facebook
Add a Comment
Your email address will not be published. Required fields are marked *