ကိုဗစ်ဒုတိယလှိုင်း ခံစားနေရတဲ့ ရခိုင်ပြည်နယ်အတွက် အခြေခံစားသောက်ကုန်(၃)သိန်းဖိုး လှူဒါန်းခဲ့တဲ့ ပိုင်တံခွန်
Read in UNICODE
မင်းသား ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံရဲ့ အစွန်အဖျားက ကော့သောင်းမြို့လေးမှာ မွေးဖွားခဲ့သူတစ်ယောက်ပဲ ဖြစ်ပြီး အရွယ်ရောက်တဲ့အချိန်မှာ အနုပညာအလုပ်တွေကို ရန်ကုန်မြို့မှာ လာရောက်လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုင်တံခွန်က အောင်မြင်တဲ့ အနုပညာလမ်းမမှာ ရပ်တည်နေပြီဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိထားသူပဲ
ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့ အောင်မြင်မှုအပေါ်မှာ ထောင်လွှားမောက်မာခြင်းမရှိပဲ သူ့ရဲ့ ပုံစံလေးအတိုင်း ရိုးရိုးအေးအေးလေးသာ နေတတ်တာကြောင့် ပရိသတ်တွေပေးတဲ့ အမှတ်ပြည့်ရရှိနေတဲ့ မင်းသားချောတစ်လက်ပါပဲ။ အောင်မြင်လာတာနဲ့အမျှ လူကြီးမိဘတွေကို သိတတ်ရိုသေသလို အလှူအတန်းတွေကိုလည်း ဆက်တိုက်လုပ်ကိုင်နေလျက်ရှိတဲ့ ပိုင်တံခွန်က
ဒီတစ်ခေါက်မှာလည်း ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့ Covid-19 ကာလအတွင်း အခြေခံပြည်သူများအတွက် အခြေခံစားသောက်ကုန်(၁၈)မျိုးပါဝင်ပြီး တစ်ဗူးကိုတစ်အိမ်ထောင်အတွက် ကျပ် (၂၅.၀၀၀) တန်းဖိုးရှိတဲ့ အိမ်ထောင်စု (၁၂) စုစာအတွက် ငွေကျပ် (၃) သိန်းကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ပိုင်တံခွန်ကတော့
သူ့ရဲ့ တိုင်းရင်းသားပြည်သူတွေအတွက် တတ်နိုင်သလောက် ဖြည့်စွက်ကူညီနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ကုသိုလ်လေးအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Ashin Kumara’s Facebook
Add a Comment
Your email address will not be published. Required fields are marked *