သူငယ်ချင်းတွေနဲ့အတူ အားလပ်ရက်လေးမှာ ငါးမျှားထွက်ရင်း စိတ်အပန်းဖြေနေတဲ့ မြင့်မြတ်
Read in UNICODE
မြင့်မြတ်က သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ သရုပ်ဆောင်မှုတွေကလည်း လူကြီး လူငယ်မရွေး ကြိုက်နှစ်သက် အားပေးကြတာမို့ မြင့်မြတ်က သရုပ်ဆောင်လောကမှာ ဒီနေ့အချိန်ထိ အအောင်မြင်ဆုံး
မင်းသားတစ်လက်အဖြစ် ရပ်တည်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ အိမ်ထောင်ကျပြီး ကလေးအဖေဖြစ်သွားပေမယ့် မိသားစုတစ်ဘက်နဲ့ သူဝါသနာပါရာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ ကပ်ရောဂါအခြေအနေတွေကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ မြင့်မြတ်ကတော့ လက်ရှိမှာ
သူ့ရဲ့ အားလပ်ရက်တွေကို အေးအေးဆေးဆေး ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ မနေ့က သြဂုတ်လ (၄) ရက်နေ့မှာလည်း မြင့်မြတ်က သူငယ်ချင်းတွေဖြစ်တဲ့ K ညီ၊ ထူးခြားတို့နဲ့အတူတူ ငါးမြှားထွက်ရင်း စိတ်လွတ်ကိုယ်လွတ်အပန်းဖြေနေတာကို ထူးခြားရဲ့ ေ့ဖစ်ဘုတ်စာမျက်နှာကနေတဆင့် တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ နားရက်မရှိ အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာခဲ့တဲ့
မြင့်မြတ်ကတော့ လက်ရှိမှာ မိသားစုလေးကို အချိန်ပေးသလို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်း စိတ်လွတ်လက်လွတ်ပျော်ရင်း အပန်းဖြေနေလျက်ရှိပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Htoo Char’s Facebook
Add a Comment
Your email address will not be published. Required fields are marked *