အိမ္ရွင္မတိုင္းရဲ႕ လက္စြဲေတာ္ျဖစ္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူး မ်ားစြာေပးတဲ့ စပါးလင္

သံပယိုသီးအနံ႔ရွိၿပီး စပါးလင္ကေတာ့အရသာကေတာ့ ပိုခ်ိဳပါတယ္။ စပါးလင္က ဟင္းခတ္အေမႊးအႀကိဳင္တစ္မ်ိဳးျဖစ္ၿပီး သူ႔ရဲ႕အနံ႔အရသာေၾကာင့္ ထိုင္းနဲ႔ အာရွအစားအစာေတြ ခ်က္ျပဳတ္ရာမွာ အသုံးျပဳေလ့ရွိၾကပါတယ္။ စပါးလင္မွာ မ်ားစြာေသာ က်န္းမာေရးေကာင္းက်ိဳးေတြရွိၿပီး အိႏၵိယမွာဆိုရင္ ေရွးႏွစ္ေပါင္းမ်ားစြာထဲက ႐ိုးရာေဆးနည္းအျဖစ္ အသုံးျပဳခဲ့ၾကပါတယ္။ ဒါဆို က်န္းမာေရးေကာင္းက်ိဳးမ်ားတဲ့ စပါးလင္လက္ဖက္ရည္ အေၾကာင္းကို ေလ့လာၾကည့္ရေအာင္ေနာ္။ စပါးလင္လက္ဖက္ရည္ စပါးလင္လက္ဖက္ရည္ ျပဳလုပ္နည္းေလးကေတာ့ စပါးလင္တစ္ေခ်ာင္းကို လွီးၿပီး အိုးထဲ ထည့္ထားေပးပါ။အိုးကို ေရထည့္ၿပီး 10-15 မိနစ္ခန္႔

ဆူေအာင္ တည္ထားေပးပါ။ၿပီးရင္ေတာ့ ေရေႏြးၾကမ္းအိုးထဲ ေျပာင္းထည့္ၿပီး သုံးေဆာင္႐ုံပါပဲေနာ္။ အစာေျခစနစ္အတြက္ေကာင္းမြန္ျခင္းစပါးလင္မွာ ပါဝင္ေနတဲ့ ေအးျမတဲ့စြမ္းအင္က အစာအိမ္ကို သက္သာေစၿပီး အစာေျခလုပ္ငန္းေဆာင္တာမ်ားကို ေကာင္းမြန္ေစပါတယ္။ Citral လို႔ေခၚတဲ့ အစာေျခရာမွာ ကူညီေပးတဲ့ ပစၥည္းတစ္မ်ိဳးလဲ ပါဝင္ေနပါတယ္။ ဒါေၾကာင့္ ညစာ စားၿပီး စပါးလင္လက္ဖက္ရည္ကို ေသာက္ေပးသင့္ပါတယ္။ ဟိုးလြန္ခဲ့တဲ့ႏွစ္ေတြထဲက ဝမ္းေဖာျခင္း၊ ဝမ္းခ်ဳပ္ျခင္းနဲ႔ အစာမေၾကျခင္းစတဲ့ အစာအိမ္ေဝဒနာမ်ားကို ကုသရာမွာ တ႐ုတ္႐ိုးရာေဆးနည္းအေနနဲ႔ စပါးလင္ကို အသုံးျပဳေလ့ရွိၾကပါတယ္။ Antioxidants

ေပါႂကြယ္ဝျခင္းစပါးလင္လက္ဖက္ရည္က အဆိပ္ေျဖေပးႏိုင္ပါတယ္။ သူ႔မွာ antioxidants ေတြနဲ႔ ျပည့္ႏွက္ေနတာေၾကာင့္ ခႏၲာကိုယ္မွ အညစ္အေၾကးမ်ားကို ရွင္းလင္းဖယ္ရွားရာမွာအကူအညီေပးႏိုင္ပါတယ္။ ခႏၲာကိုယ္မွာ မလိုအပ္ပဲ ေရသိုေလွာင္မႈကို သက္သာေစျခင္းျဖင့္လဲ ခႏၲာကိုယ္မွ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးပါေသးတယ္။ ေသြးေပါင္ခ်ိန္ထိန္းညႇိေပးျခင္းစပါးလင္ရဲ႕ စြမ္းအင္တစ္ခုက ေသြးေပါင္ခ်ိန္တက္ျခင္းကို ထိန္းခ်ဳပ္ေပးတာပါ။ စပါးလင္မွာ ပိုတက္ဆီယမ္လဲ ႂကြယ္ဝတာေၾကာင့္ ေသြးစီးဆင္းမႈကို အားေကာင္းေစၿပီး ေသြးေပါင္ခ်ိန္က်ေစကာ ဆီးစြန္႔ထုတ္မႈကိုလဲ တိုးျမႇင့္ေပးပါတယ္။ ေသြးစီးဆင္းမႈကိုလဲ တိုးျမႇင့္ေပးတာေၾကာင့္

အသည္းကို အဆိပ္ေျဖရာမွာလဲ ကူညီေပးပါတယ္။ စပါးလင္ကိုဆိုရင္ အူမ်ားမွ ကိုလက္စထေရာစုပ္ယူမႈကို ကန္႔သတ္ေပးရာမွာ နာမည္ႀကီးပါတယ္။ ဒါေၾကာင့္ စပါးလင္က က်န္းမာေရးအလုံးစုံကို အေထာက္အပံ့ေပးႏိုင္ပါတယ္။ အဆီေတြကိုေလာင္ကြၽမ္းေစျခင္းစပါးလင္လက္ဖက္ရည္ကို ကိုယ္အေလးခ်ိန္ခ်ဖို႔ စားေသာက္ရာမွာ ထည့္သြင္းစဥ္းစားသင့္ပါတယ္။ သူက အစာေျချခင္းကို ျမန္ဆန္ေစၿပီး

ကယ္လိုရီေလာင္ကြၽမ္းရာမႈ အကူအညီေပးတဲ့ ဇီဝျဖစ္စဥ္မ်ားကို အားေကာင္းေစပါတယ္။ စပါးလင္မွာ ေတြ႕ရတဲ့ polyphenols ျဒပ္ေပါင္းနဲ႔ လက္ဖက္ရည္ရဲ႕ caffeine ပါဝင္မႈေၾကာင့္ စြမ္းအင္သုံးစြဲမႈကို တိုးျမႇင့္ေပးၿပီး ခႏၲာကိုယ္မွ fatty acids ဓာတ္ျပဳျခင္းကိုလဲ အားေပးပါတယ္။ အသားအရည္ႏွင့္ဆံပင္ကိုေကာင္းမြန္ေစျခင္းစပါးလင္က လွပတဲ့ အသားအရည္နဲ႔ ဆံပင္အတြက္ မရွိမျဖစ္ လိုအပ္တဲ့ vitamin A နဲ႔ C အရင္းျမစ္လဲ ျဖစ္ပါတယ္။ ေသြးစီးဆင္းမႈ အားေကာင္းေစတာေၾကာင့္ အသားအရည္ကို ၾကည္လင္ စိုဝင္းေစကာ ဝက္ၿခံနဲ႔ ႏွင္းခူနာမ်ား ကုသရာမွာလဲ

အကူအညီေပးႏိုင္ပါတယ္။ အေအးမိေဝဒနာမ်ားကိုသက္သာေစျခင္းစပါးလင္မွာဆိုရင္ အေအးမိျခင္း၊ ေခ်ာင္းဆိုးျခင္းနဲ႔ တုပ္ေကြးေဝဒနာမ်ားကို တိုက္ထုတ္ေပးႏိုင္တဲ့ ဘက္တီးရီးယားနဲ႔ မႈိေတြကို ေသေစႏိုင္တဲ့ အစြမ္းသတၱိေတြကို ပိုင္ဆိုင္ထားပါတယ္။ ဒါအျပင္ ကိုယ္ခံအားကို ျမႇင့္တင္ေပးတဲ့ vitamin C လဲ ျပည့္ႏွက္လို႔ေနပါတယ္။ စပါးလင္အနည္းငယ္၊ ေလးညႇင္းပြင့္ အနည္းငယ္နဲ႔ ဆႏြင္း၊ လက္ဖက္ေျခာက္တို႔ကို ျပဳတ္ၿပီး ေသာက္ေပးတာက ႏွာေခ်ေခ်ာင္းဆိုးရာမွာ ျဖစ္ေပၚလာတဲ့ ခြၽဲသလိပ္မ်ားကို ေခ်ဖ်က္ေပးႏိုင္ပါတယ္။ စပါးလင္၊ ဖာလာေစ့ ကို ျပဳတ္ၿပီး ေသာက္ေပးတာကလဲ အေအးမိျခင္းကို ကုသေပးႏိုင္ပါတယ္။

Read in UNICODE

သံပယိုသီးအနံ့ရှိပြီး စပါးလင်ကတော့အရသာကတော့ ပိုချိုပါတယ်။ စပါးလင်က ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး သူ့ရဲ့အနံ့အရသာကြောင့် ထိုင်းနဲ့ အာရှအစားအစာတွေ ချက်ပြုတ်ရာမှာ အသုံးပြုလေ့ရှိကြပါတယ်။ စပါးလင်မှာ များစွာသော ကျန်းမာရေးကောင်းကျိုးတွေရှိပြီး အိန္ဒိယမှာဆိုရင် ရှေးနှစ်ပေါင်းများစွာထဲက ရိုးရာဆေးနည်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒါဆို ကျန်းမာရေးကောင်းကျိုးများတဲ့ စပါးလင်လက်ဖက်ရည် အကြောင်းကို လေ့လာကြည့်ရအောင်နော်။ စပါးလင်လက်ဖက်ရည် စပါးလင်လက်ဖက်ရည် ပြုလုပ်နည်းလေးကတော့ စပါးလင်တစ်ချောင်းကို လှီးပြီး အိုးထဲ ထည့်ထားပေးပါ။အိုးကို ရေထည့်ပြီး 10-15 မိနစ်ခန့်

ဆူအောင် တည်ထားပေးပါ။ပြီးရင်တော့ ရေနွေးကြမ်းအိုးထဲ ပြောင်းထည့်ပြီး သုံးဆောင်ရုံပါပဲနော်။ အစာခြေစနစ်အတွက်ကောင်းမွန်ခြင်းစပါးလင်မှာ ပါဝင်နေတဲ့ အေးမြတဲ့စွမ်းအင်က အစာအိမ်ကို သက်သာစေပြီး အစာခြေလုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပါတယ်။ Citral လို့ခေါ်တဲ့ အစာခြေရာမှာ ကူညီပေးတဲ့ ပစ္စည်းတစ်မျိုးလဲ ပါဝင်နေပါတယ်။ ဒါကြောင့် ညစာ စားပြီး စပါးလင်လက်ဖက်ရည်ကို သောက်ပေးသင့်ပါတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေထဲက ဝမ်းဖောခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ အစာမကြေခြင်းစတဲ့ အစာအိမ်ဝေဒနာများကို ကုသရာမှာ တရုတ်ရိုးရာဆေးနည်းအနေနဲ့ စပါးလင်ကို အသုံးပြုလေ့ရှိကြပါတယ်။ Antioxidants

ပေါကြွယ်ဝခြင်းစပါးလင်လက်ဖက်ရည်က အဆိပ်ဖြေပေးနိုင်ပါတယ်။ သူ့မှာ antioxidants တွေနဲ့ ပြည့်နှက်နေတာကြောင့် ခန္တာကိုယ်မှ အညစ်အကြေးများကို ရှင်းလင်းဖယ်ရှားရာမှာအကူအညီပေးနိုင်ပါတယ်။ ခန္တာကိုယ်မှာ မလိုအပ်ပဲ ရေသိုလှောင်မှုကို သက်သာစေခြင်းဖြင့်လဲ ခန္တာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပါသေးတယ်။ သွေးပေါင်ချိန်ထိန်းညှိပေးခြင်းစပါးလင်ရဲ့ စွမ်းအင်တစ်ခုက သွေးပေါင်ချိန်တက်ခြင်းကို ထိန်းချုပ်ပေးတာပါ။ စပါးလင်မှာ ပိုတက်ဆီယမ်လဲ ကြွယ်ဝတာကြောင့် သွေးစီးဆင်းမှုကို အားကောင်းစေပြီး သွေးပေါင်ချိန်ကျစေကာ ဆီးစွန့်ထုတ်မှုကိုလဲ တိုးမြှင့်ပေးပါတယ်။ သွေးစီးဆင်းမှုကိုလဲ တိုးမြှင့်ပေးတာကြောင့်

အသည်းကို အဆိပ်ဖြေရာမှာလဲ ကူညီပေးပါတယ်။ စပါးလင်ကိုဆိုရင် အူများမှ ကိုလက်စထရောစုပ်ယူမှုကို ကန့်သတ်ပေးရာမှာ နာမည်ကြီးပါတယ်။ ဒါကြောင့် စပါးလင်က ကျန်းမာရေးအလုံးစုံကို အထောက်အပံ့ပေးနိုင်ပါတယ်။ အဆီတွေကိုလောင်ကျွမ်းစေခြင်းစပါးလင်လက်ဖက်ရည်ကို ကိုယ်အလေးချိန်ချဖို့ စားသောက်ရာမှာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သူက အစာခြေခြင်းကို မြန်ဆန်စေပြီး

ကယ်လိုရီလောင်ကျွမ်းရာမှု အကူအညီပေးတဲ့ ဇီဝဖြစ်စဉ်များကို အားကောင်းစေပါတယ်။ စပါးလင်မှာ တွေ့ရတဲ့ polyphenols ဒြပ်ပေါင်းနဲ့ လက်ဖက်ရည်ရဲ့ caffeine ပါဝင်မှုကြောင့် စွမ်းအင်သုံးစွဲမှုကို တိုးမြှင့်ပေးပြီး ခန္တာကိုယ်မှ fatty acids ဓာတ်ပြုခြင်းကိုလဲ အားပေးပါတယ်။ အသားအရည်နှင့်ဆံပင်ကိုကောင်းမွန်စေခြင်းစပါးလင်က လှပတဲ့ အသားအရည်နဲ့ ဆံပင်အတွက် မရှိမဖြစ် လိုအပ်တဲ့ vitamin A နဲ့ C အရင်းမြစ်လဲ ဖြစ်ပါတယ်။ သွေးစီးဆင်းမှု အားကောင်းစေတာကြောင့် အသားအရည်ကို ကြည်လင် စိုဝင်းစေကာ ဝက်ခြံနဲ့ နှင်းခူနာများ ကုသရာမှာလဲ

အကူအညီပေးနိုင်ပါတယ်။ အအေးမိဝေဒနာများကိုသက်သာစေခြင်းစပါးလင်မှာဆိုရင် အအေးမိခြင်း၊ ချောင်းဆိုးခြင်းနဲ့ တုပ်ကွေးဝေဒနာများကို တိုက်ထုတ်ပေးနိုင်တဲ့ ဘက်တီးရီးယားနဲ့ မှိုတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါအပြင် ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ vitamin C လဲ ပြည့်နှက်လို့နေပါတယ်။ စပါးလင်အနည်းငယ်၊ လေးညှင်းပွင့် အနည်းငယ်နဲ့ ဆနွင်း၊ လက်ဖက်ခြောက်တို့ကို ပြုတ်ပြီး သောက်ပေးတာက နှာချေချောင်းဆိုးရာမှာ ဖြစ်ပေါ်လာတဲ့ ချွဲသလိပ်များကို ချေဖျက်ပေးနိုင်ပါတယ်။ စပါးလင်၊ ဖာလာစေ့ ကို ပြုတ်ပြီး သောက်ပေးတာကလဲ အအေးမိခြင်းကို ကုသပေးနိုင်ပါတယ်။

Source : FoodIndustustryDirectory

Add a Comment

Your email address will not be published. Required fields are marked *