ေရာဂါေဝဒနာမ်ားစြာကို သက္သာေစၿပီး ေဆးဖက္ဝင္လြန္းတဲ့ တ႐ုတ္ေျမစာဥ (ေခၚ) ကဒတ္ဥ

ဟင္းခ်က္စားပုံျခင္းလည္း မတူၾကသလို အသုံးျပဳနည္းလည္း မတူၾကပါဘူး။ တစ္ေက်ာင္းတဂါထာ တစ္႐ြာတစ္ပုဒ္ဆန္း ဆိုသလို အမ်ိဳးမ်ိဳးေခၚေဝါၾကပါတယ္။ အပင္မွာ ႏြယ္ပင္အမ်ိဳးအစားျဖစ္ၿပီး အ႐ြက္မွာ အသည္းပုံရွည္ေမ်ာေမ်ာပုံသ႑န္ရွိပါတယ္။ ဥမွာ ခပ္ရွည္ရွည္လုံးလုံးသ႑န္ရွိၿပီး

ပီေလာပီနံဥႏွင့္ အေတာ္အတန္တူပါတယ္။ အရသာကေတာ့ ကပ္ေစးေစး စပ္ရွားရွားနဲ႔ ခံတြင္းအေတာ္လိုက္ပါတယ္။ အပူပိုင္းေဒသေတြမွာေပါက္ေရာက္ၿပီး ျမန္မာျပည္ေနရာအႏွံမွာ ရႏိုင္ပါတယ္။ ရန္ကုန္မွာဆို ေဈးေတြနဲ႔ ကုန္တိုက္ေတြမွာေတြ႕ရၿပီး ေဈးႏႈန္းလည္းမႀကီးပါ။ တ႐ုတ္ေတြရဲ႕

တိုင္းရင္း႐ိုးရာေဆးအျဖစ္ေတာင္ ေတြ႕ျမင္ႏိုင္ပါတယ္။ တစ္ခ်ိဳ႕က ဟင္းခ်ိဳခ်က္စားပါတယ္။ တစ္ခ်ိဳ႕ကေတာ့ အသားနဲ႔ဆီျပန္ခ်က္စားတယ္။ တစ္ခ်ိဳ႕က ယိုထိုးစားတယ္။ တစ္ခ်ိဳ႕က ပါးပါးလွီးၿပီး အာလူးေၾကာ္သလို ေၾကာ္စားတယ္။ ဘယ္လိုပဲစားစား အလြန္စားေကာင္းတဲ့ ေျမစာဥတစ္မ်ိဳးပါ။

ဘာအတြက္ေကာင္းလဲဆိုရင္ ေက်ာက္ကပ္ေရာဂါအတြက္ အထူးေကာင္းမြန္တဲ့အျပင္ –

Energy ကိုျမႇင့္တင္ေပးျခင္း ပင္ပန္းႏြမ္းနယ္မႈကိုေပ်ာက္ေစျခင္း ရင္က်ပ္ပန္းနာကိုသက္သာေစျခင္းေ ခ်ာင္းေျခာက္ဆိုးျခင္းကိုေပ်ာက္ေစျခင္း သံေကာင္တုတ္ေကာင္မ်ားကိုဖယ္ရွားေပးျခင္း ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးျခင္း ဝမ္းတြင္းအပူအပုပ္မ်ားကိုဖယ္ရွားေပးျခင္း ဆီးေကာင္းေစျခင္း

အ႐ိုးပြမႈကိုကာကြယ္ျခင္း သိုင္း႐ြိဳက္ဟိုမုန္းေရခ်ိန္ညႇိေပးျခင္းေသြးတြင္းသၾကားဓာတ္ကိုညႇိေပးျခင္း သည္းေျခေရာင္ရမ္းမႈမျဖစ္ေအာင္ကာကြယ္ျခင္း အူက်န္းမာေရးကိုေစာင့္ေရွာက္ျခင္း အတြင္းေၾကမႈမ်ားကိုျပန္ေကာင္းေစျခင္း

ကင္ဆာဆဲလ္မ်ားကိုသတ္ေပးျခင္း စိတ္ခံစားမႈ၊မၿငိမ္သက္မႈမ်ားကိုေကာင္းေစျခင္းအစာေၾကေစျခင္း နာတာရွည္ဝမ္းေလ်ာမႈကိုေပ်ာက္ေစျခင္းေသြးဆုံးကိုင္ျခင္းကိုသက္သာေစျခင္းအသ႐ိုက္တစ္ကိုသက္သာေစျခင္းဇီဝကမၼျဖစ္စဥ္ကိုထိန္းေပးျခင္း

ဗိုက္ႂကြက္သားလိပ္တက္ျခင္းကိုကာကြယ္ျခင္း တစ္သ်ဴးအသစ္မ်ားေမြးေပးျခင္း အဆစ္အမ်က္နာက်င္ကိုက္ခဲမႈကိုသက္သာေစျခင္းေကာ္လက္စေၾတာေရခ်ိန္ကိုညႇိေပးျခင္း အင္တီေအာက္ဆိဒင့္ႂကြယ္ဝျခင္းအ႐ြက္ရည္ကေႁမြကင္းအဆိပ္ကိုပင္ေျဖေပးႏိုင္ျခင္း စသည္ျဖင့္ လူ႔ခႏၶာကိုယ္အတြက္ ေကာင္းက်ိဳးေတြအမ်ားႀကီး ရရွိေစပါတယ္။ အိမ္ရွင္မမ်ား ဉာဏ္ရွိသလို ခ်က္ျပဳတ္စားသုံးရင္း မိသားစုဝင္မ်ား က်န္းမာၾကပါေစ။

Read in UNICODE

ဟင်းချက်စားပုံခြင်းလည်း မတူကြသလို အသုံးပြုနည်းလည်း မတူကြပါဘူး။ တစ်ကျောင်းတဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို အမျိုးမျိုးခေါ်ဝေါကြပါတယ်။ အပင်မှာ နွယ်ပင်အမျိုးအစားဖြစ်ပြီး အရွက်မှာ အသည်းပုံရှည်မျောမျောပုံသဏ္ဍန်ရှိပါတယ်။ ဥမှာ ခပ်ရှည်ရှည်လုံးလုံးသဏ္ဍန်ရှိပြီး

ပီလောပီနံဥနှင့် အတော်အတန်တူပါတယ်။ အရသာကတော့ ကပ်စေးစေး စပ်ရှားရှားနဲ့ ခံတွင်းအတော်လိုက်ပါတယ်။ အပူပိုင်းဒေသတွေမှာပေါက်ရောက်ပြီး မြန်မာပြည်နေရာအနှံမှာ ရနိုင်ပါတယ်။ ရန်ကုန်မှာဆို ဈေးတွေနဲ့ ကုန်တိုက်တွေမှာတွေ့ရပြီး ဈေးနှုန်းလည်းမကြီးပါ။ တရုတ်တွေရဲ့

တိုင်းရင်းရိုးရာဆေးအဖြစ်တောင် တွေ့မြင်နိုင်ပါတယ်။ တစ်ချို့က ဟင်းချိုချက်စားပါတယ်။ တစ်ချို့ကတော့ အသားနဲ့ဆီပြန်ချက်စားတယ်။ တစ်ချို့က ယိုထိုးစားတယ်။ တစ်ချို့က ပါးပါးလှီးပြီး အာလူးကြော်သလို ကြော်စားတယ်။ ဘယ်လိုပဲစားစား အလွန်စားကောင်းတဲ့ မြေစာဥတစ်မျိုးပါ။

ဘာအတွက်ကောင်းလဲဆိုရင် ကျောက်ကပ်ရောဂါအတွက် အထူးကောင်းမွန်တဲ့အပြင် –

Energy ကိုမြှင့်တင်ပေးခြင်း ပင်ပန်းနွမ်းနယ်မှုကိုပျောက်စေခြင်း ရင်ကျပ်ပန်းနာကိုသက်သာစေခြင်းေ ချာင်းခြောက်ဆိုးခြင်းကိုပျောက်စေခြင်း သံကောင်တုတ်ကောင်များကိုဖယ်ရှားပေးခြင်း ကိုယ်အလေးချိန်လျှော့ချပေးခြင်း ဝမ်းတွင်းအပူအပုပ်များကိုဖယ်ရှားပေးခြင်း ဆီးကောင်းစေခြင်း

အရိုးပွမှုကိုကာကွယ်ခြင်း သိုင်းရွိုက်ဟိုမုန်းရေချိန်ညှိပေးခြင်းသွေးတွင်းသကြားဓာတ်ကိုညှိပေးခြင်း သည်းခြေရောင်ရမ်းမှုမဖြစ်အောင်ကာကွယ်ခြင်း အူကျန်းမာရေးကိုစောင့်ရှောက်ခြင်း အတွင်းကြေမှုများကိုပြန်ကောင်းစေခြင်း

ကင်ဆာဆဲလ်များကိုသတ်ပေးခြင်း စိတ်ခံစားမှု၊မငြိမ်သက်မှုများကိုကောင်းစေခြင်းအစာကြေစေခြင်း နာတာရှည်ဝမ်းလျောမှုကိုပျောက်စေခြင်းသွေးဆုံးကိုင်ခြင်းကိုသက်သာစေခြင်းအသရိုက်တစ်ကိုသက်သာစေခြင်းဇီဝကမ္မဖြစ်စဉ်ကိုထိန်းပေးခြင်း

ဗိုက်ကြွက်သားလိပ်တက်ခြင်းကိုကာကွယ်ခြင်း တစ်သျူးအသစ်များမွေးပေးခြင်း အဆစ်အမျက်နာကျင်ကိုက်ခဲမှုကိုသက်သာစေခြင်းကော်လက်စတြောရေချိန်ကိုညှိပေးခြင်း အင်တီအောက်ဆိဒင့်ကြွယ်ဝခြင်းအရွက်ရည်ကမြွေကင်းအဆိပ်ကိုပင်ဖြေပေးနိုင်ခြင်း စသည်ဖြင့် လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေအများကြီး ရရှိစေပါတယ်။ အိမ်ရှင်မများ ဉာဏ်ရှိသလို ချက်ပြုတ်စားသုံးရင်း မိသားစုဝင်များ ကျန်းမာကြပါစေ။

Source : Myanmar Food Guide

Add a Comment

Your email address will not be published. Required fields are marked *