တန္ေဆးလြန္ေဘးဆိုသလို အလြန္အကြ်ံ မစားသင့္တဲ့ ေထာပတ္သီး

ေထာပတ္သီးမွာ ဗီတာမင္ေတြနဲ႔ က်န္းမာတဲ့ အဆီေတြပါဝင္တာေၾကာင့္ အာဟာရအလြန္ျဖစ္ေစပါတယ္။ သို႔ေသာ္ ေထာပတ္သီးကို အလြန္အကြၽံစားမယ္ဆိုရင္ သင့္က်န္းမာေရးအတြက္ အက်ိဳးဆက္ေတြ ရွိလာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ယေန႔မွာ ဒီေထာပတ္သီးကို မ်ားမ်ားစားသုံးျခင္းရဲ႕ ဆိုးက်ိဳးေတြနဲ႔ ပတ္သတ္ၿပီး ေျပာျပေပးခ်င္ပါတယ္။ အာဟာရပညာရွင္ေတြက ေထာပတ္သီးမွာ အိုမီဂါ ၃အဆီမ်ားစြာ ႂကြယ္ဝတယ္လို႔ သေဘာတူထားပါတယ္။ ထို႔အျပင္ ၎တို႔ဟာ

ကြၽန္မတို႔ ခႏၶာကိုဘ္အား ဗီတာမင္ႏွင့္ ဓါတ္သတၱဳေတြ အမ်ားႀကီး ေထာက္ပံ့ေပးထားပါတယ္။ သို႔ေသာ္ တန္ေဆးလြန္ေဘးဆိုသလိုပါပဲ။ ေထာပတ္သီးအလြန္အကြၽံစားျခင္းက က်န္းမာေရးကို မ်ားစြာ ထိခိုက္ေစႏိုင္ပါတယ္။ ဥပမာ-ကိုယ္အေလးခ်ိန္တတ္ျခင္းႏွင့္ ေထာပတ္သီးမွာ မပါဝင္တဲ့ အာဟာရဓါတ္ေတြ ခ်ိဳ႕တဲ့ေစတာ ျဖစ္ပါတယ္။ ၁။ ကိုယ္အေလးခ်ိန္တိုးလာေစပါတယ္ ေထာပတ္သီးမွာ

ကယ္လိုရီပါဝင္မႈ ျမင့္မားျခင္းႏွင့္အတူ ဟင္းသီးဟင္း႐ြက္-အမ်ိဳးအစား အဆီ ႂကြယ္ဝပါတယ္။ သာမာန္အ႐ြယ္ေထာပတ္သီးတစ္လုံးမွာ ကယ္လိုရီ ၃၀၀နီးပါးႏွင့္ အဆီအနည္းဆုံး ၂၅ဂရမ္ ေပးစြမ္းႏိုင္ပါတယ္။ မ်ားစြာေသာ လူေတြက ဒါကို သတိမထားမိၾကသျဖင့္ ေထာပတ္သီးကို အလြန္အကြၽံ စားသုံးၾကပါတယ္။ ကိုယ္အေလးခ်ိန္က်ဖို႔ ႀကိဳးစားေနသူဆိုရင္ ေထာပတ္သီးကို အသင့္အတင့္သာ စားသုံးသင့္ပါတယ္။ ေထာပတ္သီးမွာ

ေတြ႕ရတဲ့အဆီက ကြၽန္မတို႔ခႏၶာကိုယ္အတြက္ က်န္းမာေသာ္လည္း ကယ္လိုရီမ်ားပါတယ္။ ၂။ အာဟာရခ်ိဳ႕တဲ့ျခင္း ေထာပတ္သီးမွာ ခႏၶာကိုဘ္အတြက္ အာဟာရဓါတ္မ်ားစြာ ပါဝင္ပါတယ္။ သို႔ေသာ္ ကြၽန္မတို႔ဟာ အစားအစာ မွ်မွ်တတရွိေစဖို႔ အျခားစားေသာက္ကုန္ေတြပါ လိုအပ္ပါတယ္။ ေထာပတ္သီးခ်ည္းပဲ မစားသင့္ပါဘူး။ အခ်ိဳ႕လူေတြက ေထာပတ္သီးမ်ားစြာ စားရင္ ကိုယ္အေလးခ်ိန္က်ေစၿပီး

အျမင့္ဆုံးစြမ္းေဆာင္ရည္အတြက္ လိုအပ္တဲ့ အာဟာရေတြကို ရရွိေစလိမ့္မယ္လို႔ ယူဆၾကပါတယ္။ ဒါကမွားပါတယ္။ ေထာပတ္သီးမွာ ပ႐ိုတိန္း မပါဝင္တဲ့အျပင္ ကြၽန္မတို႔ ကိုယ္ခႏၶာအတြက္ မရွိမျဖစ္လိုအပ္တဲ့ သတၱဳဓါတ္ေတြ မပါတာကို သတိရဖို႔ အေရးႀကီးပါတယ္။ ၃။ အသည္းပ်က္စီးေစပါတယ္ အေတာ္မ်ားမ်ားက သတိမထားမိၾကပါဘူး။ ေထာပတ္သီး စားသုံးျခင္းက အသည္းေရာဂါရွိသူေတြကို အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။ ဒီအသီးမွာ anethole နဲ႔ estragole ကဲ့သို႔ေသာ အရာမ်ားပါဝင္ၿပီး ဒါေတြက အသည္းေရာဂါကို ျဖစ္ေစႏိုင္ပါတယ္။ အလြန္အကြၽံမစားမိဖို႔ သတိထားေရွာင္ရပါမယ္။

Read in UNICODE

ထောပတ်သီးမှာ ဗီတာမင်တွေနဲ့ ကျန်းမာတဲ့ အဆီတွေပါဝင်တာကြောင့် အာဟာရအလွန်ဖြစ်စေပါတယ်။ သို့သော် ထောပတ်သီးကို အလွန်အကျွံစားမယ်ဆိုရင် သင့်ကျန်းမာရေးအတွက် အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် ယနေ့မှာ ဒီထောပတ်သီးကို များများစားသုံးခြင်းရဲ့ ဆိုးကျိုးတွေနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။ အာဟာရပညာရှင်တွေက ထောပတ်သီးမှာ အိုမီဂါ ၃အဆီများစွာ ကြွယ်ဝတယ်လို့ သဘောတူထားပါတယ်။ ထို့အပြင် ၎င်းတို့ဟာ

ကျွန်မတို့ ခန္ဓာကိုဘ်အား ဗီတာမင်နှင့် ဓါတ်သတ္တုတွေ အများကြီး ထောက်ပံ့ပေးထားပါတယ်။ သို့သော် တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ ထောပတ်သီးအလွန်အကျွံစားခြင်းက ကျန်းမာရေးကို များစွာ ထိခိုက်စေနိုင်ပါတယ်။ ဥပမာ-ကိုယ်အလေးချိန်တတ်ခြင်းနှင့် ထောပတ်သီးမှာ မပါဝင်တဲ့ အာဟာရဓါတ်တွေ ချို့တဲ့စေတာ ဖြစ်ပါတယ်။ ၁။ ကိုယ်အလေးချိန်တိုးလာစေပါတယ် ထောပတ်သီးမှာ

ကယ်လိုရီပါဝင်မှု မြင့်မားခြင်းနှင့်အတူ ဟင်းသီးဟင်းရွက်-အမျိုးအစား အဆီ ကြွယ်ဝပါတယ်။ သာမာန်အရွယ်ထောပတ်သီးတစ်လုံးမှာ ကယ်လိုရီ ၃၀၀နီးပါးနှင့် အဆီအနည်းဆုံး ၂၅ဂရမ် ပေးစွမ်းနိုင်ပါတယ်။ များစွာသော လူတွေက ဒါကို သတိမထားမိကြသဖြင့် ထောပတ်သီးကို အလွန်အကျွံ စားသုံးကြပါတယ်။ ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေသူဆိုရင် ထောပတ်သီးကို အသင့်အတင့်သာ စားသုံးသင့်ပါတယ်။ ထောပတ်သီးမှာ

တွေ့ရတဲ့အဆီက ကျွန်မတို့ခန္ဓာကိုယ်အတွက် ကျန်းမာသော်လည်း ကယ်လိုရီများပါတယ်။ ၂။ အာဟာရချို့တဲ့ခြင်း ထောပတ်သီးမှာ ခန္ဓာကိုဘ်အတွက် အာဟာရဓါတ်များစွာ ပါဝင်ပါတယ်။ သို့သော် ကျွန်မတို့ဟာ အစားအစာ မျှမျှတတရှိစေဖို့ အခြားစားသောက်ကုန်တွေပါ လိုအပ်ပါတယ်။ ထောပတ်သီးချည်းပဲ မစားသင့်ပါဘူး။ အချို့လူတွေက ထောပတ်သီးများစွာ စားရင် ကိုယ်အလေးချိန်ကျစေပြီး

အမြင့်ဆုံးစွမ်းဆောင်ရည်အတွက် လိုအပ်တဲ့ အာဟာရတွေကို ရရှိစေလိမ့်မယ်လို့ ယူဆကြပါတယ်။ ဒါကမှားပါတယ်။ ထောပတ်သီးမှာ ပရိုတိန်း မပါဝင်တဲ့အပြင် ကျွန်မတို့ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေ မပါတာကို သတိရဖို့ အရေးကြီးပါတယ်။ ၃။ အသည်းပျက်စီးစေပါတယ် အတော်များများက သတိမထားမိကြပါဘူး။ ထောပတ်သီး စားသုံးခြင်းက အသည်းရောဂါရှိသူတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒီအသီးမှာ anethole နဲ့ estragole ကဲ့သို့သော အရာများပါဝင်ပြီး ဒါတွေက အသည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ အလွန်အကျွံမစားမိဖို့ သတိထားရှောင်ရပါမယ်။

Source : LifeStyleMyanmar

Add a Comment

Your email address will not be published. Required fields are marked *