ဒုတိယေျမာက္ကိုယ္ဝန္က သားေလးဆိုတာ သိလိုက္ရတာေၾကာင့္ အရမ္းေပ်ာ္ေနတဲ့ မိုးယုစံ

မိုးယုစံကေတာ့ လက္ရွိမွာ ဒုတိယေျမာက္ ကိုယ္ဝန္လြယ္ထားရတာ ျဖစ္ပါတယ္။ ဒုတိယေျမာက္ ရင္ေသြးေလးက သားေလးလို႔ သိရတဲ့ အခ်ိန္မွာ ဝမ္းသာေနမိတယ္လို႔ သူက ဆိုပါတယ္။ “အမွတ္တရဆိုတာ ဖန္တီးမွရတာဆိုေတာ့ သားသားေလးေတြတစ္ခ်ိန္ျပန္ၾကည့္လို႔ရေအာင္

အမွတ္တရလုပ္ျဖစ္တာပါ သားႏွစ္ေယာက္ဆိုေတာ့လည္း မာမီမ်က္ႏွာပြင့္တာေပါ့။ thanks” ဆိုၿပီးေတာ့ စက္တင္ဘာလ(၄) ရက္ေန႔ ညေန (၄) နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ မိုးယုစံဟာ အိမ္ေထာင္က်ၿပီးကတည္းက ရင္ေသြးေလး(၂) ေယာက္ယူဖို႔

ဆုံးျဖတ္ထားၿပီးသားလို႔ ဆိုပါတယ္။ ဒုတိယေျမာက္ ရင္ေသြးေလးကိုလည္း ေယာက်ၤားေလးျဖစ္ျဖစ္၊ မိန္းကေလးျဖစ္ျဖစ္ ခ်စ္သြားမယ္လို႔ မိုးယုစံက ေျဖဆိုခဲ့ပါေသးတယ္။ အခုဆိုရင္ေတာ့ သူမရဲ႕ သားႀကီး Austin ကလည္း ၾသဂုတ္လ၂၁ ရက္ေန႔က အသက္(၃)

ႏွစ္ျပည့္ခဲ့ၿပီးျဖစ္ပါတယ္။ မိုးယုစံဟာ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလမွာ အိမ္ေထာင္က်ခဲ့တာ ျဖစ္ၿပီး အခုဆိုရင္ အိမ္ေထာင္သက္တမ္း (၄) ႏွစ္ျပည့္ေတာ့မွာျဖစ္ပါတယ္။ ပထမဆုံး ရင္ေသြးေလးကိုေတာ့ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ(၂၁)ရက္ေန႔ ည(၁၀)နာရီခန႔္မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။သားေလးကို

အိမ္ေခၚနာမည္ အဂၤလိပ္နာမည္အျဖစ္ Austin လို႔ နာမည္ေပးထားၿပီး ျမန္မာနာမည္ကေတာ့ ေကာင္းသိခၤမိုးသူလို႔ နာမည္ေပးထားတာ ေတြ႕ရပါတယ္။ Austin ေလးဟာ ေမြးဖြားခ်ိန္ကစလို႔ ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိထားတဲ့ ကေလးလည္း ျဖစ္ပါတယ္။

Read in UNICODE

မိုးယုစံကတော့ လက်ရှိမှာ ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရတာ ဖြစ်ပါတယ်။ ဒုတိယမြောက် ရင်သွေးလေးက သားလေးလို့ သိရတဲ့ အချိန်မှာ ဝမ်းသာနေမိတယ်လို့ သူက ဆိုပါတယ်။ “အမှတ်တရဆိုတာ ဖန်တီးမှရတာဆိုတော့ သားသားလေးတွေတစ်ချိန်ပြန်ကြည့်လို့ရအောင်

အမှတ်တရလုပ်ဖြစ်တာပါ သားနှစ်ယောက်ဆိုတော့လည်း မာမီမျက်နှာပွင့်တာပေါ့။ thanks” ဆိုပြီးတော့ စက်တင်ဘာလ(၄) ရက်နေ့ ညနေ (၄) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ မိုးယုစံဟာ အိမ်ထောင်ကျပြီးကတည်းက ရင်သွေးလေး(၂) ယောက်ယူဖို့

ဆုံးဖြတ်ထားပြီးသားလို့ ဆိုပါတယ်။ ဒုတိယမြောက် ရင်သွေးလေးကိုလည်း ယောင်္ကျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ချစ်သွားမယ်လို့ မိုးယုစံက ဖြေဆိုခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သူမရဲ့ သားကြီး Austin ကလည်း သြဂုတ်လ၂၁ ရက်နေ့က အသက်(၃)

နှစ်ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၄) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ပထမဆုံး ရင်သွေးလေးကိုတော့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။သားလေးကို

အိမ်ခေါ်နာမည် အင်္ဂလိပ်နာမည်အဖြစ် Austin လို့ နာမည်ပေးထားပြီး မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူလို့ နာမည်ပေးထားတာ တွေ့ရပါတယ်။ Austin လေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *