သားျဖစ္သူကို ပူပူေႏြးေႏြးဆံုးရွံုးထားရလို႔ ခံစားေနရတဲ့ မိခင္တစ္ေယာက္က သူ႔ရဲ႕ ဟာသေလးေတြၾကည့္ၿပီး စိတ္ကို ကုစားေနရတယ္ဆိုတာ သိလိုက္ရတာေၾကာင့္ ပီတိျဖစ္ေနရတဲ့ ကိုေပါက္

ကိုေပါက္ကေတာ့ အနုပညာရွင္ေတြထဲက တစ္ေယာက္ပီပီ ကိုဗစ္ကာလမွာ ရုပ္ရွင္ရိုက္ကူးမႈေတြကို ရပ္နားထားရတာေၾကာင့္ သူ့ရဲ့ ေနအိမ္မွာပဲ ပရိသတ္ေတြ ဘဝအေမာေျပေပ်ာက္ေစဖို့ ဟာသဗီဒီယိုေလးေတြကို တင္ဆက္ေပးေနတာပဲ ျဖစ္ပါတယ္။ မရိုးနိုင္တဲ့ ဟာသေတြနဲ့ ပရိသတ္ေတြကို ဟာဒယရႊင္ေဆးတိုက္ေကၽြးေနတဲ့ ကိုေပါက္က ဒီကေန့မွာေတာ့ သားတစ္ေယာက္ကို ပူပူေႏြးေႏြးဆံုးရႈံးလိုက္ရတဲ့ မိခင္ဟာ

သူ့ရဲ့ ဟာသဗီဒီယိုေလးေတြၾကည့္ျပီး စိတ္ကိုကုစားေနရတယ္ဆိုတဲ့ စကားေၾကာင့္ ပီတိျဖစ္ခဲ့ရတဲ့အေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။ “ကိုယ္ေဆာ့ေနတဲ့ ေပ်ာ္စရာTik Tok ေတြက လူတစ္ေယာက္အတြက္ တစ္ခုခုအက်ိဳးရွိတယ္ဆိုေတာ့ ဝမ္းသာမိတယ္။ တစ္ခါတစ္ခါ ေမွ်ာ္လင့္မထားတာေတြက အရာထင္တတ္ၾကသလို အပိုင္တြက္ထားတဲ့အရာေတြကလည္း ကန္းကုန္ေအာင္

လြဲသြားတတ္တယ္။ ကိုယ္လုပ္တဲ့လုပ္ရပ္က ကိုယ့္အတြက္လည္းအက်ိဳးမရွိ သူမ်ားအတြက္လည္း အက်္ိုးမရွိဘူးဆိုရင္ ကြန္႔မင့္ေတာင္ဝင္မေရးတာေကာင္းတယ္။ တဖက္လူအတြက္ စိတ္ဓာတ္ခြန္အားရေစမယ့္ ကြန္႔မင့္မ်ိဳး၊ တဖက္လူအတြက္မွားေနတာကို အမွန္ကို အျပဳသေဘာေဆာင္တဲ့ကြန္႔မင့္မ်္ိုး၊ တဖက္လူစိတ္ခ်မ္းသာေစမယ့္ ေပ်ာ္ေစမယ့္ ကြန္႔မင့္မ်ိဳးေတြနဲ႔ပဲ ေလာကကိုအလွဆင္ၾကရေအာင္။ ဘာပဲျဖစ္ျဖစ္

တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ အက်ိဳးရွိတာေတြပဲ ေ႐ြးလုပ္ၾကရေအာင္။ ကြၽန္ေတာ္က လူေတာ္ လူေကာင္းတစ္ေယာက္မဟုတ္ပါဘူး။ ဒါေပမယ့္ အရင္ကလို ျပန္မဆ္ိုးေအာင္ ႀကိဳးစားေနတယ္ ကိုေပါက္ကေတာ့ သူ့ရဲ့ လုပ္ရပ္တစ္ခုဟာ တစ္စံုတစ္ေယာက္အတြက္

အက်ိဳးရိွေစတယ္ဆိုရင္ေတာင္ ေက်နပ္ပီတိျဖစ္ေနရတာပဲ ျဖစ္ပါတယ္။ ကိုေပါက္တစ္ေယာက္ ျပည္သူခ်စ္ အနုပညာရွင္တစ္ေယာက္ျဖစ္ျပီး အကယ္ဒမီဆုေတြမ်ားစြာလည္း ရရိွပိုင္ဆိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ကိုပေါက်ကတော့ အနုပညာရှင်တွေထဲက တစ်ယောက်ပီပီ ကိုဗစ်ကာလမှာ ရုပ်ရှင်ရိုက်ကူးမှုတွေကို ရပ်နားထားရတာကြောင့် သူ့ရဲ့ နေအိမ်မှာပဲ ပရိသတ်တွေ ဘဝအမောပြေပျောက်စေဖို့ ဟာသဗီဒီယိုလေးတွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ မရိုးနိုင်တဲ့ ဟာသတွေနဲ့ ပရိသတ်တွေကို ဟာဒယရွှင်ဆေးတိုက်ကျွေးနေတဲ့ ကိုပေါက်က ဒီကနေ့မှာတော့ သားတစ်ယောက်ကို ပူပူနွေးနွေးဆုံးရှုံးလိုက်ရတဲ့ မိခင်ဟာ

သူ့ရဲ့ ဟာသဗီဒီယိုလေးတွေကြည့်ပြီး စိတ်ကိုကုစားနေရတယ်ဆိုတဲ့ စကားကြောင့် ပီတိဖြစ်ခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။ “ကိုယ်ဆော့နေတဲ့ ပျော်စရာTik Tok တွေက လူတစ်ယောက်အတွက် တစ်ခုခုအကျိုးရှိတယ်ဆိုတော့ ဝမ်းသာမိတယ်။ တစ်ခါတစ်ခါ မျှော်လင့်မထားတာတွေက အရာထင်တတ်ကြသလို အပိုင်တွက်ထားတဲ့အရာတွေကလည်း ကန်းကုန်အောင်

လွဲသွားတတ်တယ်။ ကိုယ်လုပ်တဲ့လုပ်ရပ်က ကိုယ့်အတွက်လည်းအကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိဘူးဆိုရင် ကွန့်မင့်တောင်ဝင်မရေးတာကောင်းတယ်။ တဖက်လူအတွက် စိတ်ဓာတ်ခွန်အားရစေမယ့် ကွန့်မင့်မျိုး၊ တဖက်လူအတွက်မှားနေတာကို အမှန်ကို အပြုသဘောဆောင်တဲ့ကွန့်မင့်မျိုး၊ တဖက်လူစိတ်ချမ်းသာစေမယ့် ပျော်စေမယ့် ကွန့်မင့်မျိုးတွေနဲ့ပဲ လောကကိုအလှဆင်ကြရအောင်။ ဘာပဲဖြစ်ဖြစ်

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အကျိုးရှိတာတွေပဲ ရွေးလုပ်ကြရအောင်။ ကျွန်တော်က လူတော် လူကောင်းတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် အရင်ကလို ပြန်မဆိုးအောင် ကြိုးစားနေတယ် ကိုပေါက်ကတော့ သူ့ရဲ့ လုပ်ရပ်တစ်ခုဟာ တစ်စုံတစ်ယောက်အတွက်

အကျိုးရှိစေတယ်ဆိုရင်တောင် ကျေနပ်ပီတိဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ကိုပေါက်တစ်ယောက် ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုတွေများစွာလည်း ရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Aung Min Naing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *