နာမည်ကြီး Brand တစ်ခုက ဘာမှမဟုတ်တဲ့ ဆင်ခြေတစ်ခုနဲ့ စော်ကားခဲ့လို့ ဒေါသထွက်နေရတဲ့ ပိုးအိအိခန့်
Read in UNICODE
ပိုးအိအိခန့်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှု ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က မြန်မာ့ဂုဏ်ထူးဆောင် လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ အိမ်ထောင်ကျပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို
တည်ဆောက်ထားလျက်ရှိပါတယ်။ ပိုးအိအိခန့်က အိမ်ထောင်ကျပြီးနောက်ပိုင်း သားလေးကို အချိန်ပေးဂရုစိုက်နေတာကြောင့် အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပေမယ့်လည်း သူမရဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။ အနေအေးပြီး တော်ရုံတန်ရုံ ခံစားချက်တွေကို ထုတ်ပြောလေ့မရှိပေမယ့် ဒီတစ်ခေါက်မှာတော့ တော်တော်လေး
စိတ်ဆိုးစွာနဲ့ ရင်ဖွင့်လာတာကို တွေ့ရပါတယ်။ ပိုးအိအိခန့်က “Brand အကြီးကြီး တစ်ခုရဲ့ အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေတစ်ခုနဲ့စော်ကားခြင်းကို ခံလိုက်ရတယ်။ မှတ်ထားတယ် အဲ့ကားတံဆိပ် တစ်သက်လုံး ဝယ်မစီးဘူး” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ
ပြောလာတာပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်ကတော့ သူမကို အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်နဲ့ စော်ကားလိုက်တာကြောင့် တော်တော်လေး စိတ်ထိခိုက်နေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Poe Ei Ei Khant’s Facebook
Add a Comment
Your email address will not be published. Required fields are marked *