အဖေဖြစ်သူက အမေ့အတွက် တန်ဖိုးကြီး စိန်နားကပ်တစ်ရံ မွေးနေ့လက်ဆောင်ပေးပြီး ရိုခဲ့တာကြောင့် အားကျနေရတဲ့ G Fatt






Read in UNICODE

မသိသူမရှိလောက်အောင်ကို လူငယ်ပရိသတ်တွေကြားမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့သူကတော့ အဆိုတော် G Fatt ပဲ ဖြစ်ပါတယ်။ သီချင်းစာသားအလန်းလေးတွေနဲ့ နားဆင်သူပရိသတ်တွေရဲ့ရင်ထဲကိုထိမှန်အောင် သီဆိုနိုင်တဲ့ G Fatt က သူကိုယ်တိုင်လည်း

သီချင်းတွေရေးစပ်ဖန်တီးနေတာ ဖြစ်ပါတယ်။ G Fatt ရဲ့သီချင်းတွေကလည်း တစ်ပုဒ်နဲ့တစ်ပုဒ် မတူညီတဲ့ရသတွေကို ပေးစွမ်းနိုင်တာကြောင့် အရမ်းကိုလူကြိုက်များနေတာပဲ ဖြစ်ပါတယ်။ G Fatt က လက်ရှိအချိန်မှာ အရမ်းကိုအောင်မြင်နေတဲ့ ဂီတငွေကြယ်ပွင့်တစ်ဦးဖြစ်ပေမယ့်လည်း

မာန်မာနကင်းပြီး အေးအေးဆေးဆေးနေတတ်သူ ဖြစ်ပါတယ်။ ပရိသတ်တွေအပေါ်မှာလည်း ရင်းနှီးဖော်ရွေစွာဆက်ဆံတတ်တဲ့ G Fatt က သူ့ရဲ့မိသားစုလေးကိုလည်း အရမ်းတန်ဖိုးထားတာ ဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတို့မိသားစုရဲ့အပျော်လေးတွေကို မျှဝေတတ်တဲ့ G Fatt က

လည်း အမေ့ကိုလက်ဆောင်ဝယ်ပေးတဲ့ ဖခင်ဖြစ်သူရဲ့အကြောင်းကို တင်ထားတာ ဖြစ်ပါတယ်။ G Fatt က ” အဖေပေးတဲ့ အမေ့အတွက် မွေးနေ့လက်ဆောင်” ဆိုပြီး အမေ့ရဲ့မွေးနေ့မှာ စိန်နားကပ်တစ်ရံလက်ဆောင်ပေးပြီး ရိုလိုက်တဲ့အဖေ့ရဲ့အကြောင်းကို

မျှဝေထားတာပဲ ဖြစ်ပါတယ်။ G Fatt ကတော့ အခုချိန်အထိ အရမ်းချစ်ကြတဲ့ သူ့ရဲ့မိဘနှစ်ပါးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေရတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် G Fatt တို့မိသားစုလေးရဲ့အမှတ်တရပုံရိပ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : G Fatt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *