ဘက္စံုသံုးလို႔ရတဲ့ အုန္းပင္ႏွင့္ က်န္းမာေရး အက်ိဳးမ်ားစြာ ေပးစြမ္းႏိုင္တဲ့ အုန္းသီး

အုန္းပင္အေၾကာင္း သိေကာင္းစရာ – ကမာၻေပၚမွာ ေဒသအလိုက္ အုန္းပင္ အမ်ိဳးအစားအမ်ိဳးမ်ိဳး ရွိၾကေသာ္လည္း အေျခခံအားျဖင့္ အုန္းပင္သုံးမ်ိဳးသာ ရွိၾကပါတယ္။ ၎တို႔မွာ ပင္ျမင့္မ်ိဳး၊ ပင္ပုမ်ိဳး၊ စပ္မ်ိဳးတို႔ ျဖစ္ၾကပါတယ္။ ပင္ျမင့္မ်ိဳးကို တခ်ိဳ႕ေဒသမ်ားမွာ အုန္းႀကီးမ်ိဳး (သို႔မဟုတ္) အုန္းထရံဟု ေခၚၾကၿပီး ပင္ပုမ်ိဳးကိုေတာ့ အုန္းပုမ်ိဳး (သို႔မဟုတ္) ဝက္မလြတ္ဟု ေခၚပါတယ္။ ၁၉၆၀ ျပည့္ႏွစ္တြင္

ပင္ျမင့္မ်ိဳးႏွင့္ ပင္ပုမ်ိဳးတို႔ကို မ်ိဳးစပ္လိုက္ရာမွ ေတာ္ဝင္အုန္း လိေမၼာ္ေရာင္ရွိ၍ လိေမၼာ္ေရာင္အုန္း(စပ္မ်ိဳး) ဟုလည္း ေခၚၾကပါတယ္။အပင္ေပၚရွိ အုန္းသီးက ေျခာက္ေသြ႕ေသာရာသီမွာ ရင့္မွည့္မႈျမန္ဆန္ၿပီး စိုစြတ္ေသာမိုးရာသီမွာ ရင့္မွည့္မႈၾကာတတ္ပါတယ္။ ပင္ျမင့္မ်ိဳးက စိုက္ၿပီးငါးႏွစ္ အၾကာမွာ သီးလာၿပီး တစ္ပင္မွ တစ္ႏွစ္လွ်င္ အုန္းသီး ၄၀ ခန႔္ရပါတယ္။ ပင္ပုမ်ိဳးကေတာ့ သက္တမ္းသုံးႏွစ္နဲ႔ သီးႏိုင္ၿပီး တစ္ပင္ မွ တစ္ႏွစ္လွ်င္ အလုံး ၁၀၀ ခန႔္ သီးႏိုင္ပါတယ္။ အုန္းပင္တို႔သက္တမ္းမွာ ႏွစ္ ၄၀၊ ၅၀ ရွိေသာ ႏွစ္ရွည္ပင္မ်ိဳး ျဖစ္ၾကပါတယ္။

ဘက္စုံသုံး အုန္းပင္ – အုန္းပင္ကို ျမန္မာႏိုင္ငံ ပင္လယ္ကမ္း႐ိုးတန္းေဒသမ်ား၊ ျမစ္ဝကြၽန္းေပၚေဒသမ်ားအျပင္ ေအာက္ျပည္ေအာက္႐ြာမ်ား၌သာမက ေျမလတ္ႏွင့္ အညာေဒသမွာလည္း ေတြ႕ရပါတယ္။ ဗုဒၶဘာသာဝင္ ဘုရားပြဲ၊ တရားပြဲ စသည္ျဖင့္ ကန္ေတာ့ပြဲမ်ား ျပင္ဆင္ရာ မွာ အုန္းသီးကို အသီးတစ္မ်ိဳးအေနျဖင့္ သုံးၾကသလို မိ႐ိုးဖလာကန္ေတာ့ပြဲမ်ားတြင္လည္း အုန္းသီးကိုထည့္သြင္းၾကပါတယ္။ အုန္းသီးခြံကို အုန္းဆံႀကိဳးက်စ္ကာ သုံးႏိုင္ပါတယ္။ အုန္းသီးေစ့အခြံကို မီးဖိုရာတြင္ ေလာင္စာအေနျဖင့္ သုံးစြဲၾကပါတယ္။ အုန္းလက္ေတြဟာ

ေက်းလက္ေဒသေတြမွာ ကေလးေတြ ေဆာ့ကစားစရာတစ္မ်ိဳးျဖစ္ခဲ့တာကို ဆရာႀကီးမင္းသုဝဏ္ရဲ႕ ကေလးကဗ်ာမ်ားထဲက “အုန္းလက္ႏြား”ဆိုတဲ့ စကားလုံးက သက္ေသခံေနပါတယ္။ ယေန႔အခ်ိန္ထိလည္း အုန္းလက္ေတြကို အသုံးျပဳၿပီး သၾကၤန္ေရကစားမ႑ပ္လို ယာယီအေဆာက္အအုံေတြမွာ အမိုးအကာျပဳလုပ္ျခင္းအားျဖင့္ အရိပ္လည္းရ၊အလွ လည္းဆင္ၿပီးသား ျဖစ္သြားပါတယ္။ အုန္း႐ြက္ကေလးေတြနဲ႔ ျပဳလုပ္ထားေသာဦးထုပ္ကေလးေတြဟာ လွလည္းလွ၊ ေနပူဒဏ္ ကိုလည္း ကာကြယ္ေပးႏိုင္တဲ့အတြက္ လူေတာ္ေတာ္မ်ားမ်ား

ႏွစ္ၿခိဳက္ၾကပါတယ္။ ခုတ္လွဲလိုက္တဲ့ အုန္းပင္ရဲ႕ ပင္စည္ကို ေျမာင္းကူးတံတားအျဖစ္ သုံးလို႔ရပါတယ္။ ခုလို အမ်ိဳးမ်ိဳးအသုံးဝင္တဲ့ အုန္းပင္ကို မေလးရွားနဲ႔ ဖိလစ္ပိုင္တို႔လို ႏိုင္ငံေတြမွာ ဘဝအတြက္ လိုအပ္သမွ်ကို ျဖည့္ဆည္းေပးတဲ့အပင္၊ နည္းမ်ိဳးစုံသုံးႏိုင္တဲ့အပင္၊ Tree of life စသျဖင့္ တင္စားေျပာဆိုၾကပါ တယ္။ အုန္းသီးခြံကို အိမ္တြင္းအလွဆင္ မီးဆိုင္း၊ အလွတင္အ႐ုပ္၊ အုန္းသီးခြံပန္းကန္လုံးမ်ားကိုလည္း အေတာ္မ်ားမ်ား အသုံးျပဳလာၾကပါတယ္။ အုန္းသီး အခြံကို အခုေခတ္အခါမွာ ဖက္ရွင္ဆန္ဆန္ ဝတ္ဆင္လို႔ရေအာင္ ျပဳလုပ္ထားတဲ့ Accessories ေတြလည္း အမ်ားႀကီးရွိလာပါတယ္။

အုန္းသီး စားဖြယ္စုံ – ျမန္မာ့မုန႔္ပဲသေရစာ ေတာ္ေတာ္မ်ားမ်ားမွာ အုန္းသီးနဲ႔ မကင္းႏိုင္ၾကပါ။ အုန္းထန္းလ်က္၊ ေကာက္ညႇင္းေပါင္း၊ ေကာက္ညႇင္းထုပ္၊ အုန္းယို၊ အုန္းႏို႔ေခါက္ဆြဲ၊ ဆႏြင္းမကင္း၊ ထမနဲ၊ သာေခြယိုင္ (ေခၚ) နန္းကထိ၊ မုန႔္ကြၽဲသည္း၊ ထန္းသီးမုန႔္၊ ထိုးမုန႔္၊ ေ႐ႊထမင္း၊ ေငြ ထမင္း၊ ဟလဝါ၊ မုန႔္ကုလားမည္း၊ မုန႔္စိမ္းေပါင္း၊ မုန႔္လုံးေရေပၚ၊ ကေရကရာ၊ မုန႔္လက္ေဆာင္း၊ ေ႐ႊရင္ေအး၊ သာဂူက်ိဳ၊ ငွက္ေပ်ာ သီးမုန႔္၊ မုန႔္ပိႏၷဲေစ့၊ ဂ်ဳံက်ိဳ၊ မုန႔္ထုပ္ႀကီး၊ ျပန္ေပါင္းထုပ္၊ မုန႔္လုံးႀကီးေၾကာ္၊ မုန႔္ဗိုင္းေတာင့္၊ မုန႔္အုပ္ကေလး၊ ေပါင္မုန႔္ေရခဲညႇပ္၊

ေရခဲ ေခ်ာင္း၊ ေရခဲမုန႔္၊ ဖာလူဒါ စသျဖင့္ မုန႔္ပဲသေရစာမ်ားတြင္သာမက အ႐ြယ္သုံးပါးႀကိဳက္တဲ့ အုန္းထမင္းထဲတြင္လည္း အဆီအႏွစ္ ျပည့္ဝေသာ အုန္းႏို႔ပါမွ အရသာပိုေကာင္းလွပါတယ္။ အုန္းရည္ကို တခ်ိဳ႕က သူ႔ခ်ည္းသက္သက္ အရသာခံေသာက္၍ လည္း ေကာင္း၊သၾကားနဲ႔ ေဖ်ာ္၍လည္းေကာင္း၊ အုန္းသီးႏုႏု အသားပါးပါးကို ဇြန္းျဖင့္ျခစ္ယူကာ အုန္းစိမ္းရည္ထဲ ထည့္ေဖ်ာ္၍လည္း ေကာင္း ေသာက္သုံးၾကပါတယ္။ အုန္းသီးအတြင္းက ဆံျခည္ေထြးကလည္း ခပ္ပြပြ၊ ခပ္မြမြေလးျဖင့္ စားရသည္မွာ လြန္စြာမွ အရသာရွိလွပါတယ္။

အုန္းသီးက်န္းမာေရးႏွင့္ ျမန္မာ့ေဆးက်မ္း – (၁) ျမန္မာ့ေဆးက်မ္း အေက်ာ္အေမာ္မ်ားစာအုပ္တြင္ -အုန္းသီးေျခာက္သည္ သည္းေျခကိုပ်က္ေစတတ္ၿပီး ဝမ္းေလွ်ာေစ၏။ အုန္းသီးႏုသည္ သည္းေျခပ်က္နာ၊ ေအာ့အန္နာကို လ်င္ျမန္စြာ ေပ်ာက္ကင္း၏။ အုန္းသီးသည္ ခ်ိဳဆိမ့္ေသာ အရသာရွိ၏။ အားႏွင့္ အသားကို ပြားေစၿပီး ႏွလုံးကို ၾကည္လင္ေစ၏။ ဝမ္းကိုခ်ဳပ္ေစ၏။ က်င္ႀကီးက်င္ငယ္ေအာင့္ေသာအနာကို ႏိုင္၏။ အုန္းရည္သည္ သည္းေျခပ်က္နာ၊ ေခ်ာင္းဆိုးနာ၊ အစာမေၾကျခင္းတို႔ကို ေပ်ာက္ကင္းေစ၏။ ဝမ္းမီးေတာက္ျခင္းကို ျပဳတတ္၏။ အုန္းပြင့္သည္ ႏွလုံးသို႔ ေသြးပုပ္ဝင္ေသာေဝဒနာ၊ သည္းေျခေၾကာင့္ ႐ူးေသာအနာ၊ ငန္းပါးနာကို ႏိုင္၏ဟု ေဖာ္ျပထားပါတယ္။ (၂) ဇီဝိတေဆးက်မ္းတြင္ – ရင့္၍ အဆန္မာေသာ အုန္းရည္သည္ ဓာတ္ဆီၾသဇာႏွင့္

ပထဝီဓာတ္တို႔ တျခားစီခြဲၿပီး ေနေလၿပီျဖစ္ေသာေၾကာင့္ ၎မွာ ဓာတ္ဆီၾသဇာႏွင့္ ပထဝီတို႔ အားနည္းလ်က္ အတန္ငယ္ေအး၍ အတန္ငယ္ခ်ိဳသျဖင့္ အာေပါ ပဂၣရဏ အဓိကျပဳေသာ အာဟာရျဖစ္၏။ ဇြန္းျခစ္ရစအုန္းရည္သည္ ခ်ိဳ၏။ေအး၏။ အတန္ငယ္ဖန္၏။ ဥဏွ ေတေဇာ ဝါေယာတို႔ကို အတင္းတရၾကမ္းဖိ၍ စိုစြတ္ေစ၍ ဖမ္း၏။ ၎င္းအရည္တြင္ အဆန္ျဖစ္ရန္ ဓာတ္ဆီႏွင့္ ဆိမ့္ေသာဓာတ္တို႔သည္ အေတာ္ပါေသာေၾကာင့္ ဝါေယာဓာတ္ တို႔သည္ ကန္၍ထြက္ၾကရကုန္၏။ ကိုယ္ပူ၏။ ဆီးကို မ်ားေစတတ္၏။ အာေပါအဓိက ပထဝီေရာက္ဆဲျဖစ္ေသာ အာဟာရေပ တည္း။ ဇြန္းျခစ္မရေသးေသာ အုန္းႏုရည္သည္ ေအး၏။ အနည္းငယ္ ခ်ိဳေယာင္ ဖန္ေယာင္ရွိ၏။ ဆီးကိုမ်ားေစတတ္၏။ ၎သည္ ဓာတ္ဆီႏွင့္ ပထဝီၾသဇာတို႔ကို ပြားမ်ားေစရန္ သတၱိနည္းလွေသး၏ဟု ဆိုထားပါတယ္။အုန္းဆီသည္

ဆိမ့္၏။ ၾသဇာ ဓာတ္ဆီရွိ၏။ ႏွမ္းဆီ၊ ပဲဆီတို႔ကို ေထာက္ေသာ္ အေအးဓာတ္ဟု ယူထိုက္၏။ ႏွမ္းဆီ၊ ပဲဆီ၊ အုန္းဆီ စေသာ အဆီဓာတ္တို႔သည္ ၾသဇာဟူေသာ ပရမဓာတ္ဆီ အဓိကျပဳ၏။ ေတေဇာဓာတ္တည္းဟူေသာ မီး၏ ပြားမ်ားရန္၊ ေတေဇာ႐ုပ္ဆက္တာရွည္ရန္ အား ေပးေနေသာ အေဖာ္အဖက္ျဖစ္ေသာ ဓာတ္မ်ိဳးတို႔ေပတည္း။ တစ္စုံတစ္ခုေသာ ႐ုပ္ကလာပ္တို႔တြင္လည္းေကာင္း၊ ႐ုပ္ဝတၳဳတို႔ တြင္လည္းေကာင္း ၾသဇာဓာတ္ဆီသည္အားေကာင္းလွ်င္ ေတေဇာဓာတ္သည္လည္း အားေကာင္း၍ ထို႐ုပ္ကလာပ္ ဝတၳဳအထည္ တို႔သည္ ကာလၾကာျမင့္စြာ အသက္ရွည္ၾကေလကုန္၏။ ဓာတ္ဆီၾသဇာနည္းလွ်င္ အသက္တိုၾကေလကုန္၏။ (အသက္တမ္းတို ရွည္ ျဖစ္ရျခင္းသည္လည္း ထိုဓာတ္ဆီၾသဇာ အနည္းအမ်ားကပင္ ဖန္တီးေလသတည္း) လို႔ ဆိုထားပါတယ္။ (၃) ဥတုေဘာဇန

သဂၤဟက်မ္းတြင္ – အုန္းသီးသည္ ေအး၏။ ေၾကခဲ၏။ ဆီးကို႐ႊင္ေစတတ္၏။ ဝမ္းခ်ဳပ္၏။ ဝေစတတ္၏။ အားကိုျဖစ္ေစတတ္၏။ ေလနာ၊ ရတၱပိတ္နာ၊ ကိုယ္ပူနာတို႔ကို ႏိုင္၏။ ႏွလုံးကို ႏွစ္သက္ေစ၏။ အုန္းသီးႏုသည္ သည္းေျခဖ်ား၊ ဆီးတြင္ျဖစ္ေသာ အျပစ္ ေဒါသ၊ ေရငတ္ျခင္း၊ ေအာ့အန္ျခင္း၊ ကိုယ္ပူျခင္းတို႔ကို လ်င္ျမန္စြာေပ်ာက္ႏိုင္၏။ ေသြး၊ သည္းေျခတို႔ေၾကာင့္ျဖစ္ေသာအနာကို ႏိုင္၏။ (ရတၱပိတ္နာကို ႏိုင္၏လည္းဟူ)။ အုန္းသီးရင့္ကဲ့သို႔ ေၾကခဲသည္မဟုတ္။ အုန္းသီးမွည့္အုန္းသီးေျခာက္သည္ ေၾကခဲ၏။ သည္းေျခကို ပ်က္ေစ တတ္၏။ ပူ၏။ ဝမ္းခ်ဳပ္၏။ အုန္းသီးသည္ ခ်ိဳဆိမ့္၏။ ေအး၏။ အေၾကာတို႔ကို ေလးေစ၏။ ဝမ္းမီးခ်က္ၿပီးေနာက္ ခ်ိဳဆိမ့္၏။ ေလ၊ သည္းေျခတို႔ကို ႏိုင္၏။ က်င္ႀကီး၊ က်င္ငယ္တို႔ကို

႐ႊင္ေစတတ္၏လို႔ဆိုထားပါတယ္။အုန္းဆီသည္ ေအး၏။ ေလးတြဲ႕၏။ သိမ္ေမြ႕ ၏။ သည္းေျခနာတို႔ကို ပယ္၏။ ခ်ိဳဆိမ့္ေသာ အရသာရွိ၏။ အားအသစ္ကို ပြားေစတတ္၏။ ႏွလုံးကို ၾကည္လင္ႏွစ္သက္ေစတတ္ ၏။ ဝမ္းကိုခ်ဳပ္ေစတတ္၏။ ကိုယ္ပူနာ၊ ရတၱပိတ္နာ၊ ဆီးနာမ်ားကို ႏိုင္၏လို႔ ဆိုထားပါတယ္။ (၄) ေဆးအဘိဓာန္တြင္ – အုန္းသီး၏ဂုဏ္သည္ကား သည္းေျခနာကိုလည္းေကာင္း၊ ကိုယ္ပူရင္နာကိုလည္းေကာင္း၊ လႈိက္လွဲဆာေလာင္ေသာ အနာ ကိုလည္းေကာင္း၊ ႀကဳံေသြ႕ေျခာက္ကပ္ေသာအနာကိုလည္းေကာင္း၊ ႏွလုံးအသည္းပူေသာ အနာကိုလည္းေကာင္း၊ ႐ူးေသာအနာ ကိုလည္းေကာင္း၊ မအိပ္ေသာ အနာကိုလည္းေကာင္း ခ်မ္းသာေစတတ္၏လို႔ ဆိုထားပါတယ္။

အုန္းသီးက်န္းမာေရးႏွင့္ ေဆးသိပၸံအျမင္ – အုန္းသီးတြင္ အာဟာရျပဳဓာတ္မ်ား ျမင့္မားစြာပါရွိေနၾကၿပီး အမွ်င္ဓာတ္ေပါႂကြယ္ဝကာ ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ား လည္း ပါရွိေနၾကပါတယ္။ က်န္းမာေရးဦးစီးဌာနက ထုတ္ေဝထားေသာ ျမန္မာ့အစားအစာ၏ အာဟာရမ်ားစာေစာင္အရ အုန္းႏို႔ ဂရမ္ ၁၀၀ တြင္ အဆီ ၂၈ ဂရမ္၊ ပ႐ိုတင္း ၄ ဒသမ ၆ ဂရမ္ ႏွင့္ ကာဗိုဟိုက္ဒရိတ္ ၁ ဒသမ ၇ ဂရမ္ ပါဝင္ေၾကာင္း ေလ့လာသိရွိရပါတယ္။ အုန္းရည္ဟာ ကယ္လိုရီႏွင့္ ကာဗိုဟိုက္ဒရိတ္တို႔ အနည္းငယ္မွ်သာပါရွိကာ အဆီဓာတ္ကင္းစင္၍ က်န္းမာေရးအတြက္ အထူး သင့္ေတာ္ပါတယ္။ အုန္းရည္တြင္ ascorbic အက္စစ္၊ ဗီတာမင္ဘီ အုပ္စု ႏွင့္ ပ႐ိုတင္းဓာတ္မ်ား ျမင့္မားစြာ ပါရွိေနတဲ့အျပင္ ဓာတ္တိုးပစၥည္း ပါဝင္မႈမ်ားျပား၍ လူေတြကို အထူးအက်ိဳးျပဳေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္။ အထူးသျဖင့္ အုန္းသီးႏုႏုထဲရွိ အုန္းရည္က electrolyte ရရွိရာ အရင္းအျမစ္ျဖစ္၍ ခႏၶာကိုယ္ႂကြက္သားႏွင့္ အာ႐ုံေၾကာမ်ားကို ေကာင္းစြာအလုပ္လုပ္ေစပါတယ္။ အုန္းသီးႏုႏုထဲတြင္

အေျမာက္အျမားပါရွိေသာ အဆီဓာတ္၊ ပ႐ိုတင္း၊ ဗီတာမင္ ႏွင့္ သတၱဳဓာတ္ မ်ားက ခႏၶာကိုယ္ရွိ တစ္ရႉးမ်ားတြင္ ေအာက္ဆီဂ်င္ျပတ္လပ္၍ ပ်က္စီးျခင္းကို ျပန္လည္ေကာင္းမြန္လာေစပါတယ္။ အုန္းသီးဆန္ စားၿပီးေနာက္ ခဏအတြင္းမွာပင္ ခြန္အားျပည့္ဝလာ၍ ႐ုပ္ပိုင္းဆိုင္ရာ သြက္လက္လာေစပါတယ္။အစာေျခစနစ္ တိုးတက္လာပါ တယ္။သိုင္း႐ြိဳက္ဂလင္းကို ေကာင္းက်ိဳးျပဳပါတယ္။ အုန္းရည္က ေက်ာက္ကပ္ကို က်န္းမာေစတဲ့အျပင္ ဆီးလမ္းေၾကာင္း ပိုးဝင္ ျခင္းမွလည္း ကာကြယ္ေပးပါတယ္။မီးဟပ္ခံရေသာ လူနာ၊ ေရဓာတ္ခန္းေျခာက္ေသာ လူနာ၊ ေနေလာင္ဒဏ္ ခံရျခင္း၊ မၾကာခဏ ေရငတ္ျခင္း၊ အာေခါင္ (ခံတြင္း)ေျခာက္ျခင္းတို႔အတြက္ အုန္းစိမ္းရည္ ေသာက္ေပးပါ။ ေခ်ာင္းဆိုးေသြးပါ ေရာဂါအတြက္ စပ်စ္သီး အနက္ႏွင့္

အုန္းသီးစားပါ။ အဖ်ားႀကီးသူမ်ားအတြက္ အုန္းသီးအခြံကို မီးရႈိ႕ျပာခ်၍ ၎ျပာကို ေရေႏြးပူပူတြင္ထည့္ပါ။ ေအးေသာ အခါ ထိုအရည္ကို စစ္ယူၿပီးေနာက္ အဖ်ားႀကီးသူကို တိုက္ပါ။ အဖ်ားက်၍ ေရငတ္လည္း ေျပသြားပါလိမ့္မယ္။အုန္းရည္ဟာ သဘာဝသစ္သီးအခ်ိဳရည္တစ္မ်ိဳး ျဖစ္ပါတယ္။ လူကို လန္းဆန္းအေမာေျပေစသလိုသက္လုံေကာင္းေစျခင္း၊ အပူကင္းစင္ျခင္း စတဲ့ ေကာင္းက်ိဳးအာနိသင္မ်ားေၾကာင့္လည္း ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းမ်ားသာမက အ႐ြယ္ သုံးပါးမေ႐ြး ေသာက္သုံးသင့္ပါ တယ္။ နာလန္ထစ လူနာမ်ား၊ ဝမ္းေလွ်ာဝမ္းပ်က္ၿပီးေနာက္ ေနေကာင္းခါစ လူနာမ်ား အုန္းစိမ္းရည္ေသာက္ပါ။ Cold Press Coconut Oil သည္ အုန္းသီးမွရေသာ အနာက်က္၊ ပဋိဇီဝေဆး ကိုယ္ခံစြမ္းအားေဆး တစ္မ်ိဳးျဖစ္သည္။

အုန္းဆီႏွင့္ က်န္းမာေရး – အုန္းဆီကို ငယ္ထိပ္ကစ၍ ဦးေရျပားအႏွံ႔ စိမ့္ဝင္ေအာင္လိမ္းေပးျခင္းျဖင့္ ဦးေခါင္းတစ္ခုလုံး ေပါ့ပါးလန္းဆန္းေသာခံစားမႈကို ခ်က္ ခ်င္းရရွိႏိုင္ပါတယ္။ ေခါင္းကိုက္ေပ်ာက္ေစပါတယ္။ ဒါ့ျပင္ ဆံပင္နက္ေမွာင္ေျပာင္လက္ျခင္း၊ဆံသားေခ်ာမြတ္ ျခင္း၊ ဆံပင္သန္ ျခင္း၊ ဦးေရျပားေအး၍ ေဗာက္ေပ်ာက္ေစပါတယ္။ အုန္းဆီက ဦးေရျပားအစိုဓာတ္ကို ထိန္းေပးႏိုင္တာေၾကာင့္ ဆံပင္ႏွစ္ခြျဖစ္ ျခင္းႏွင့္ ဆံသားၾကမ္း၍ မြဲေျခာက္ေျခာက္ ဆံပင္မ်ားကို ေကာင္းက်ိဳးျဖစ္ေစပါတယ္။ နားျပည္တည္သူမ်ားႏွင့္ နားေရာဂါအမ်ိဳး မ်ိဳးတို႔အတြက္ အုန္းဆီက လြန္စြာေကာင္းက်ိဳးျပဳပါတယ္။ နံနက္အိပ္ရာထ သြားမတိုက္ခင္ ပါးစပ္တစ္ဝိုက္ကို မိနစ္ ၂၀ ခန႔္ ႀကိဳ တင္၍ အုန္းဆီလိမ္းေပးျခင္းက ခႏၶာကိုယ္အဆိပ္အေတာက္ ေျပေစပါတယ္။ ေခါင္းကိုက္ျခင္းကို သက္သာေစ႐ုံသာမက

သြား မ်ားကိုလည္း ျဖဴေဖြးေစႏိုင္ပါတယ္။ သြား ႏွင့္ သြားဖုံးက်န္းမာေရးအတြက္ကိုလည္း အေထာက္အကူျဖစ္ေစပါတယ္။အသားပပ္ ေလ့ရွိသူမ်ားႏွင့္ အေရျပားၾကမ္းေထာ္သူမ်ားအတြက္ အုန္းဆီကိုလိုးရွင္း (lotion) အျဖစ္ ခပ္ပါးပါးလိမ္းေပးႏိုင္ပါတယ္။ ႏွာရည္ က်၍ ႏွာတရႈပ္ရႈပ္ျဖစ္ေနသူမ်ားအဖို႔ အုန္းဆီရႉေပးပါ။ဒါမွမဟုတ္ ႏွာေခါင္းေပါက္ထဲကို အုန္းဆီအနည္းငယ္ ဆြတ္လိမ္းေပးပါ။ ႏႈတ္ခမ္းသား ေျခာက္ေသြ႕ကြဲအက္ေလ့ရွိသူမ်ားအတြက္ ညအိပ္ရာဝင္ခါနီးမွာ ႏႈတ္ခမ္းႏွစ္လႊာေပၚကို အုန္းဆီလိမ္း၍ အိပ္ပါ။• အုန္းဆီက မ်က္ႏွာေပၚရွိ မိတ္ကပ္ ႏွင့္ mascara ေတြကို ကုန္စင္ေအာင္ ဖ်က္ေပးႏိုင္စြမ္းရွိပါတယ္။ (သို႔ေသာ္ မ်က္စိထဲ သို႔ ဆီမဝင္ေအာင္ သတိျပဳ၍သုံးစြဲပါ)အမ်ိဳးသားေတြ မုတ္ဆိတ္ေမြးရိတ္တဲ့အခါ ထိခိုက္ရွနာျခင္းမွ ကာကြယ္ရန္မုတ္ဆိတ္ေမြး ရိတ္မည့္ ပါး၊ ေမးေစ့ စတဲ့ ေနရာတစ္ဝိုက္ကို အုန္းဆီျဖင့္ ႀကိဳတင္၍လိမ္းထားႏိုင္ပါတယ္။ ဒါ့ျပင္Razor (ဓား) ေပၚက အေမြးေတြ ကို

အလြယ္တကူ သုတ္သင္ဖယ္ရွားႏိုင္ပါတယ္။အုန္းဆီက မ်က္ႏွာေပၚ အေရးအေၾကာင္းျဖစ္ျခင္းမွ ကာကြယ္ေပးႏိုင္တာေၾကာင့္ အေရးအေၾကာင္းျဖစ္ေပၚေလ့ရွိတဲ့ ေနရာမ်ားျဖစ္ၾကေသာ မ်က္ဝန္းႏွင့္ ႏႈတ္ခမ္းတစ္ဝိုက္ေပၚကို အုန္းဆီလိမ္းေပးႏိုင္ပါတယ္။ မ်က္ကြင္းညိဳသူမ်ားလည္း လိမ္းေပးသင့္ပါတယ္။ (သို႔ေသာ္ ဆီမ်ားပိုလွ်ံ၍ မ်က္လုံးထဲစိမ့္မဝင္ေစဖို႔အတြက္ သင့္႐ုံသာသုံးစြဲပါ) မ်က္ႏွာေပၚရွိ ဝက္ၿခံအမာ႐ြတ္ေတြေၾကာင့္ အသားအေရ ပြစိစိျဖစ္ေနသူမ်ား မ်က္ႏွာေပၚ အုန္းဆီလိမ္းၿပီးေနာက္ ၁၅ မိနစ္ခန႔္ အၾကာမွာ ေရခပ္ေႏြးေႏြးျဖင့္ မ်က္ႏွာသစ္ေပးပါ။ ဒီနည္းက အုန္းဆီျဖင့္အသားအေရေပါင္းတင္နည္း ျဖစ္တာေၾကာင့္ မ်က္ႏွာကို ႏူးညံ့ေခ်ာမြတ္ေစႏိုင္ပါတယ္။ အုန္းဆီက ေမြးညင္းေပါက္ ဆဲလ္ေတြကို အားျဖစ္ေစကာ အေမြးသန္ေစတဲ့အတြက္ မ်က္ခုံးေမြး ေကာင္းခ်င္သူမ်ားက

အုန္းဆီလိမ္းေပးႏိုင္ပါတယ္။ (သို႔ေသာ္ မ်က္စိထဲသို႔ ဆီမဝင္ေအာင္ သတိျပဳ၍ သုံးစြဲပါ)အုန္းဆီက အသား အေရေနေလာင္ျခင္းကို သက္သာေစႏိုင္တဲ့အတြက္ ဥပမာ -ေႏြရာသီ သၾကၤန္ေရကစားၾကသူမ်ားႏွင့္ အပန္းေျဖကမ္းေျခ လမ္း ေလွ်ာက္သူမ်ားအေနျဖင့္ ေနပူထဲမထြက္ခင္ ေျခလက္မ်ားကို အုန္းဆီျဖင့္ ႀကိဳတင္၍ လိမ္းပါ။တံခါးပတၱာေတြ တကြၽီကြၽီအသံျမည္ တဲ့အခါ (သို႔မဟုတ္) ေသာ့ခေလာက္ေတြ ဖြင့္မရတဲ့အခါ အုန္းဆီထည့္လိုက္တာနဲ႔ေကာင္းသြားပါတယ္။ အဝတ္ေလွ်ာ္၊ ပန္းကန္ ေဆး စသျဖင့္ မၾကာခဏ ေရကိုင္ရတာေၾကာင့္ လက္သည္းပန္းကုံး (ေခၚ) လက္သည္းအရင္းရွိ အခြံမာေနရာမွာ အေရျပားလန္၍ နာက်င္ျခင္းႏွင့္ အေရတြန႔္ျခင္းမ်ားအတြက္ တစ္ေန႔ႏွစ္ႀကိမ္ အုန္းဆီလိမ္းေပး႐ုံမွ်ျဖင့္ သက္သာ ေပ်ာက္ကင္းေစပါတယ္။

မွတ္ခ်က္ – အုန္းရည္ထဲမွာ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ အာဟာရေတြ အေျမာက္အျမားပါရွိေနပါတယ္။ သို႔ေသာ္ ထိုအုန္းသီးကို ခြဲလိုက္ သည္ႏွင့္တစ္ၿပိဳင္နက္ အုန္းရည္ဟာ ေလႏွင့္ဓာတ္ျပဳသြားတာေၾကာင့္ အာဟာရတန္ဖိုးေတြ ေလ်ာ့က်ကုန္ပါ တယ္။ ဒါ့ျပင္ အခ်ိန္ၾကာလာတာနဲ႔အမွ်အုန္းရည္ဟာ သူ႔အလိုလို အခ်ဥ္ေပါက္သြားပါေတာ့တယ္။ ဒါေၾကာင့္ အုန္းသီး ခြဲၿပီးၿပီးခ်င္း အခ်ိန္မဆြဲ ဘဲ အုန္းရည္ကို ခ်က္ခ်င္း ေသာက္သုံးေပးသင့္ပါတယ္။

အထူးသတိျပဳရန္ – အားကစားသမားမ်ား၊ ဆီးခ်ိဳေသြးခ်ိဳေရာဂါ ရွိသူမ်ား၊ ဓာတ္မတည့္ေရာဂါ (Allergies) ရွိသူမ်ား၊ ဆီး႐ႊင္ေရာဂါရွိသူမ်ား၊ ဝမ္းေပ်ာ့ သူမ်ား၊ ဗိုက္မေကာင္းသူမ်ား၊ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းဆိုင္ရာ ျပႆနာရွိသူမ်ား၊ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်လိုသူမ်ား အုန္း ရည္မေသာက္သင့္ေပ။ အုန္းဆီက အထက္ေဖာ္ျပပါ အက်ိဳးေက်းဇူးမ်ားစြာရွိေသာ္လည္း အစာအာဟာရအျဖစ္ မစားသင့္ပါဘူး။ အေမရိကန္ ႏွလုံးက်န္းမာေရးအဖြဲ႕ (AHA) သုေတသီမ်ားက အုန္းဆီပါဝင္တဲ့ အစားအစာမ်ား စားသုံးျခင္းႏွင့္ ႏွလုံးအေပၚ အက်ိဳးသက္ေရာက္မႈကို စမ္းသပ္မႈခုနစ္မ်ိဳး ျပဳလုပ္ခဲ့ရာ ခုနစ္မ်ိဳးစလုံးမွာ မေကာင္းတဲ့ကိုလက္စထေရာ LDL မ်ား

ပါရွိေနတာကို ေတြ႕ရွိရပါတယ္။ ၎ကိုလက္စထေရာမ်ားဟာ ေသြးထဲမွာမ်ားျပားလာၿပီး ေသြးေၾကာမ်ားပိတ္ဆို႔ေစကာ ႏွလုံးေရာဂါနဲ႔ ေလျဖတ္ ျခင္းေတြကို ျဖစ္ပြားေစေၾကာင္း သိရပါတယ္။ AHA ရဲ႕ ေျပာၾကားခ်က္အရ အုန္းဆီမွာပါဝင္တဲ့ ဆီ ၈၂ ရာခိုင္ႏႈန္းဟာ ျပည့္ဝဆီ (Saturated fatty acid) မ်ားျဖစ္ေၾကာင္း၊ ေထာပတ္တြင္ျပည့္ဝဆီ ၆၃ ရာခိုင္ႏႈန္း၊ အမဲဆီတြင္ ျပည့္ဝဆီ ၅၀ ရာ ခိုင္ႏႈန္းနဲ႔ ဝက္ ဆီတြင္ ျပည့္ဝဆီ ၃၉ ရာခိုင္ႏႈန္း ပါရွိေၾကာင္း သိရပါတယ္။ ဒါေၾကာင့္ အုန္းဆီက တျခားဆီမ်ားထက္ ျပည့္ဝဆီပါဝင္မႈ ပိုမိုမ်ားျပား ေနတာေၾကာင့္ က်န္းမာေရးကိုပိုမိုထိခိုက္ေစႏိုင္ေၾကာင္း အေမရိကန္က်န္းမာေရးဆိုင္ရာ ကြၽမ္းက်င္သူမ်ားက သတိေပးေျပာ ၾကားထားပါတယ္။

Read in UNICODE

အုန်းပင်အကြောင်း သိကောင်းစရာ – ကမ္ဘာပေါ်မှာ ဒေသအလိုက် အုန်းပင် အမျိုးအစားအမျိုးမျိုး ရှိကြသော်လည်း အခြေခံအားဖြင့် အုန်းပင်သုံးမျိုးသာ ရှိကြပါတယ်။ ၎င်းတို့မှာ ပင်မြင့်မျိုး၊ ပင်ပုမျိုး၊ စပ်မျိုးတို့ ဖြစ်ကြပါတယ်။ ပင်မြင့်မျိုးကို တချို့ဒေသများမှာ အုန်းကြီးမျိုး (သို့မဟုတ်) အုန်းထရံဟု ခေါ်ကြပြီး ပင်ပုမျိုးကိုတော့ အုန်းပုမျိုး (သို့မဟုတ်) ဝက်မလွတ်ဟု ခေါ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်တွင်

ပင်မြင့်မျိုးနှင့် ပင်ပုမျိုးတို့ကို မျိုးစပ်လိုက်ရာမှ တော်ဝင်အုန်း လိမ္မော်ရောင်ရှိ၍ လိမ္မော်ရောင်အုန်း(စပ်မျိုး) ဟုလည်း ခေါ်ကြပါတယ်။အပင်ပေါ်ရှိ အုန်းသီးက ခြောက်သွေ့သောရာသီမှာ ရင့်မှည့်မှုမြန်ဆန်ပြီး စိုစွတ်သောမိုးရာသီမှာ ရင့်မှည့်မှုကြာတတ်ပါတယ်။ ပင်မြင့်မျိုးက စိုက်ပြီးငါးနှစ် အကြာမှာ သီးလာပြီး တစ်ပင်မှ တစ်နှစ်လျှင် အုန်းသီး ၄၀ ခန့်ရပါတယ်။ ပင်ပုမျိုးကတော့ သက်တမ်းသုံးနှစ်နဲ့ သီးနိုင်ပြီး တစ်ပင် မှ တစ်နှစ်လျှင် အလုံး ၁၀၀ ခန့် သီးနိုင်ပါတယ်။ အုန်းပင်တို့သက်တမ်းမှာ နှစ် ၄၀၊ ၅၀ ရှိသော နှစ်ရှည်ပင်မျိုး ဖြစ်ကြပါတယ်။

ဘက်စုံသုံး အုန်းပင် – အုန်းပင်ကို မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများအပြင် အောက်ပြည်အောက်ရွာများ၌သာမက မြေလတ်နှင့် အညာဒေသမှာလည်း တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင် ဘုရားပွဲ၊ တရားပွဲ စသည်ဖြင့် ကန်တော့ပွဲများ ပြင်ဆင်ရာ မှာ အုန်းသီးကို အသီးတစ်မျိုးအနေဖြင့် သုံးကြသလို မိရိုးဖလာကန်တော့ပွဲများတွင်လည်း အုန်းသီးကိုထည့်သွင်းကြပါတယ်။ အုန်းသီးခွံကို အုန်းဆံကြိုးကျစ်ကာ သုံးနိုင်ပါတယ်။ အုန်းသီးစေ့အခွံကို မီးဖိုရာတွင် လောင်စာအနေဖြင့် သုံးစွဲကြပါတယ်။ အုန်းလက်တွေဟာ

ကျေးလက်ဒေသတွေမှာ ကလေးတွေ ဆော့ကစားစရာတစ်မျိုးဖြစ်ခဲ့တာကို ဆရာကြီးမင်းသုဝဏ်ရဲ့ ကလေးကဗျာများထဲက “အုန်းလက်နွား”ဆိုတဲ့ စကားလုံးက သက်သေခံနေပါတယ်။ ယနေ့အချိန်ထိလည်း အုန်းလက်တွေကို အသုံးပြုပြီး သင်္ကြန်ရေကစားမဏ္ဍပ်လို ယာယီအဆောက်အအုံတွေမှာ အမိုးအကာပြုလုပ်ခြင်းအားဖြင့် အရိပ်လည်းရ၊အလှ လည်းဆင်ပြီးသား ဖြစ်သွားပါတယ်။ အုန်းရွက်ကလေးတွေနဲ့ ပြုလုပ်ထားသောဦးထုပ်ကလေးတွေဟာ လှလည်းလှ၊ နေပူဒဏ် ကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် လူတော်တော်များများ

နှစ်ခြိုက်ကြပါတယ်။ ခုတ်လှဲလိုက်တဲ့ အုန်းပင်ရဲ့ ပင်စည်ကို မြောင်းကူးတံတားအဖြစ် သုံးလို့ရပါတယ်။ ခုလို အမျိုးမျိုးအသုံးဝင်တဲ့ အုန်းပင်ကို မလေးရှားနဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေမှာ ဘဝအတွက် လိုအပ်သမျှကို ဖြည့်ဆည်းပေးတဲ့အပင်၊ နည်းမျိုးစုံသုံးနိုင်တဲ့အပင်၊ Tree of life စသဖြင့် တင်စားပြောဆိုကြပါ တယ်။ အုန်းသီးခွံကို အိမ်တွင်းအလှဆင် မီးဆိုင်း၊ အလှတင်အရုပ်၊ အုန်းသီးခွံပန်းကန်လုံးများကိုလည်း အတော်များများ အသုံးပြုလာကြပါတယ်။ အုန်းသီး အခွံကို အခုခေတ်အခါမှာ ဖက်ရှင်ဆန်ဆန် ဝတ်ဆင်လို့ရအောင် ပြုလုပ်ထားတဲ့ Accessories တွေလည်း အများကြီးရှိလာပါတယ်။

အုန်းသီး စားဖွယ်စုံ – မြန်မာ့မုန့်ပဲသရေစာ တော်တော်များများမှာ အုန်းသီးနဲ့ မကင်းနိုင်ကြပါ။ အုန်းထန်းလျက်၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ်၊ အုန်းယို၊ အုန်းနို့ခေါက်ဆွဲ၊ ဆနွင်းမကင်း၊ ထမနဲ၊ သာခွေယိုင် (ခေါ်) နန်းကထိ၊ မုန့်ကျွဲသည်း၊ ထန်းသီးမုန့်၊ ထိုးမုန့်၊ ရွှေထမင်း၊ ငွေ ထမင်း၊ ဟလဝါ၊ မုန့်ကုလားမည်း၊ မုန့်စိမ်းပေါင်း၊ မုန့်လုံးရေပေါ်၊ ကရေကရာ၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ သာဂူကျို၊ ငှက်ပျော သီးမုန့်၊ မုန့်ပိန္နဲစေ့၊ ဂျုံကျို၊ မုန့်ထုပ်ကြီး၊ ပြန်ပေါင်းထုပ်၊ မုန့်လုံးကြီးကြော်၊ မုန့်ဗိုင်းတောင့်၊ မုန့်အုပ်ကလေး၊ ပေါင်မုန့်ရေခဲညှပ်၊

ရေခဲ ချောင်း၊ ရေခဲမုန့်၊ ဖာလူဒါ စသဖြင့် မုန့်ပဲသရေစာများတွင်သာမက အရွယ်သုံးပါးကြိုက်တဲ့ အုန်းထမင်းထဲတွင်လည်း အဆီအနှစ် ပြည့်ဝသော အုန်းနို့ပါမှ အရသာပိုကောင်းလှပါတယ်။ အုန်းရည်ကို တချို့က သူ့ချည်းသက်သက် အရသာခံသောက်၍ လည်း ကောင်း၊သကြားနဲ့ ဖျော်၍လည်းကောင်း၊ အုန်းသီးနုနု အသားပါးပါးကို ဇွန်းဖြင့်ခြစ်ယူကာ အုန်းစိမ်းရည်ထဲ ထည့်ဖျော်၍လည်း ကောင်း သောက်သုံးကြပါတယ်။ အုန်းသီးအတွင်းက ဆံခြည်ထွေးကလည်း ခပ်ပွပွ၊ ခပ်မွမွလေးဖြင့် စားရသည်မှာ လွန်စွာမှ အရသာရှိလှပါတယ်။

အုန်းသီးကျန်းမာရေးနှင့် မြန်မာ့ဆေးကျမ်း – (၁) မြန်မာ့ဆေးကျမ်း အကျော်အမော်များစာအုပ်တွင် -အုန်းသီးခြောက်သည် သည်းခြေကိုပျက်စေတတ်ပြီး ဝမ်းလျှောစေ၏။ အုန်းသီးနုသည် သည်းခြေပျက်နာ၊ အော့အန်နာကို လျင်မြန်စွာ ပျောက်ကင်း၏။ အုန်းသီးသည် ချိုဆိမ့်သော အရသာရှိ၏။ အားနှင့် အသားကို ပွားစေပြီး နှလုံးကို ကြည်လင်စေ၏။ ဝမ်းကိုချုပ်စေ၏။ ကျင်ကြီးကျင်ငယ်အောင့်သောအနာကို နိုင်၏။ အုန်းရည်သည် သည်းခြေပျက်နာ၊ ချောင်းဆိုးနာ၊ အစာမကြေခြင်းတို့ကို ပျောက်ကင်းစေ၏။ ဝမ်းမီးတောက်ခြင်းကို ပြုတတ်၏။ အုန်းပွင့်သည် နှလုံးသို့ သွေးပုပ်ဝင်သောဝေဒနာ၊ သည်းခြေကြောင့် ရူးသောအနာ၊ ငန်းပါးနာကို နိုင်၏ဟု ဖော်ပြထားပါတယ်။ (၂) ဇီဝိတဆေးကျမ်းတွင် – ရင့်၍ အဆန်မာသော အုန်းရည်သည် ဓာတ်ဆီသြဇာနှင့်

ပထဝီဓာတ်တို့ တခြားစီခွဲပြီး နေလေပြီဖြစ်သောကြောင့် ၎င်းမှာ ဓာတ်ဆီသြဇာနှင့် ပထဝီတို့ အားနည်းလျက် အတန်ငယ်အေး၍ အတန်ငယ်ချိုသဖြင့် အာပေါ ပဂ္ဃရဏ အဓိကပြုသော အာဟာရဖြစ်၏။ ဇွန်းခြစ်ရစအုန်းရည်သည် ချို၏။အေး၏။ အတန်ငယ်ဖန်၏။ ဥဏှ တေဇော ဝါယောတို့ကို အတင်းတရကြမ်းဖိ၍ စိုစွတ်စေ၍ ဖမ်း၏။ ၎င်းင်းအရည်တွင် အဆန်ဖြစ်ရန် ဓာတ်ဆီနှင့် ဆိမ့်သောဓာတ်တို့သည် အတော်ပါသောကြောင့် ဝါယောဓာတ် တို့သည် ကန်၍ထွက်ကြရကုန်၏။ ကိုယ်ပူ၏။ ဆီးကို များစေတတ်၏။ အာပေါအဓိက ပထဝီရောက်ဆဲဖြစ်သော အာဟာရပေ တည်း။ ဇွန်းခြစ်မရသေးသော အုန်းနုရည်သည် အေး၏။ အနည်းငယ် ချိုယောင် ဖန်ယောင်ရှိ၏။ ဆီးကိုများစေတတ်၏။ ၎င်းသည် ဓာတ်ဆီနှင့် ပထဝီသြဇာတို့ကို ပွားများစေရန် သတ္တိနည်းလှသေး၏ဟု ဆိုထားပါတယ်။အုန်းဆီသည်

ဆိမ့်၏။ သြဇာ ဓာတ်ဆီရှိ၏။ နှမ်းဆီ၊ ပဲဆီတို့ကို ထောက်သော် အအေးဓာတ်ဟု ယူထိုက်၏။ နှမ်းဆီ၊ ပဲဆီ၊ အုန်းဆီ စသော အဆီဓာတ်တို့သည် သြဇာဟူသော ပရမဓာတ်ဆီ အဓိကပြု၏။ တေဇောဓာတ်တည်းဟူသော မီး၏ ပွားများရန်၊ တေဇောရုပ်ဆက်တာရှည်ရန် အား ပေးနေသော အဖော်အဖက်ဖြစ်သော ဓာတ်မျိုးတို့ပေတည်း။ တစ်စုံတစ်ခုသော ရုပ်ကလာပ်တို့တွင်လည်းကောင်း၊ ရုပ်ဝတ္ထုတို့ တွင်လည်းကောင်း သြဇာဓာတ်ဆီသည်အားကောင်းလျှင် တေဇောဓာတ်သည်လည်း အားကောင်း၍ ထိုရုပ်ကလာပ် ဝတ္ထုအထည် တို့သည် ကာလကြာမြင့်စွာ အသက်ရှည်ကြလေကုန်၏။ ဓာတ်ဆီသြဇာနည်းလျှင် အသက်တိုကြလေကုန်၏။ (အသက်တမ်းတို ရှည် ဖြစ်ရခြင်းသည်လည်း ထိုဓာတ်ဆီသြဇာ အနည်းအများကပင် ဖန်တီးလေသတည်း) လို့ ဆိုထားပါတယ်။ (၃) ဥတုဘောဇန

သင်္ဂဟကျမ်းတွင် – အုန်းသီးသည် အေး၏။ ကြေခဲ၏။ ဆီးကိုရွှင်စေတတ်၏။ ဝမ်းချုပ်၏။ ဝစေတတ်၏။ အားကိုဖြစ်စေတတ်၏။ လေနာ၊ ရတ္တပိတ်နာ၊ ကိုယ်ပူနာတို့ကို နိုင်၏။ နှလုံးကို နှစ်သက်စေ၏။ အုန်းသီးနုသည် သည်းခြေဖျား၊ ဆီးတွင်ဖြစ်သော အပြစ် ဒေါသ၊ ရေငတ်ခြင်း၊ အော့အန်ခြင်း၊ ကိုယ်ပူခြင်းတို့ကို လျင်မြန်စွာပျောက်နိုင်၏။ သွေး၊ သည်းခြေတို့ကြောင့်ဖြစ်သောအနာကို နိုင်၏။ (ရတ္တပိတ်နာကို နိုင်၏လည်းဟူ)။ အုန်းသီးရင့်ကဲ့သို့ ကြေခဲသည်မဟုတ်။ အုန်းသီးမှည့်အုန်းသီးခြောက်သည် ကြေခဲ၏။ သည်းခြေကို ပျက်စေ တတ်၏။ ပူ၏။ ဝမ်းချုပ်၏။ အုန်းသီးသည် ချိုဆိမ့်၏။ အေး၏။ အကြောတို့ကို လေးစေ၏။ ဝမ်းမီးချက်ပြီးနောက် ချိုဆိမ့်၏။ လေ၊ သည်းခြေတို့ကို နိုင်၏။ ကျင်ကြီး၊ ကျင်ငယ်တို့ကို

ရွှင်စေတတ်၏လို့ဆိုထားပါတယ်။အုန်းဆီသည် အေး၏။ လေးတွဲ့၏။ သိမ်မွေ့ ၏။ သည်းခြေနာတို့ကို ပယ်၏။ ချိုဆိမ့်သော အရသာရှိ၏။ အားအသစ်ကို ပွားစေတတ်၏။ နှလုံးကို ကြည်လင်နှစ်သက်စေတတ် ၏။ ဝမ်းကိုချုပ်စေတတ်၏။ ကိုယ်ပူနာ၊ ရတ္တပိတ်နာ၊ ဆီးနာများကို နိုင်၏လို့ ဆိုထားပါတယ်။ (၄) ဆေးအဘိဓာန်တွင် – အုန်းသီး၏ဂုဏ်သည်ကား သည်းခြေနာကိုလည်းကောင်း၊ ကိုယ်ပူရင်နာကိုလည်းကောင်း၊ လှိုက်လှဲဆာလောင်သော အနာ ကိုလည်းကောင်း၊ ကြုံသွေ့ခြောက်ကပ်သောအနာကိုလည်းကောင်း၊ နှလုံးအသည်းပူသော အနာကိုလည်းကောင်း၊ ရူးသောအနာ ကိုလည်းကောင်း၊ မအိပ်သော အနာကိုလည်းကောင်း ချမ်းသာစေတတ်၏လို့ ဆိုထားပါတယ်။

အုန်းသီးကျန်းမာရေးနှင့် ဆေးသိပ္ပံအမြင် – အုန်းသီးတွင် အာဟာရပြုဓာတ်များ မြင့်မားစွာပါရှိနေကြပြီး အမျှင်ဓာတ်ပေါကြွယ်ဝကာ ဗီတာမင်နှင့် သတ္တုဓာတ်များ လည်း ပါရှိနေကြပါတယ်။ ကျန်းမာရေးဦးစီးဌာနက ထုတ်ဝေထားသော မြန်မာ့အစားအစာ၏ အာဟာရများစာစောင်အရ အုန်းနို့ ဂရမ် ၁၀၀ တွင် အဆီ ၂၈ ဂရမ်၊ ပရိုတင်း ၄ ဒသမ ၆ ဂရမ် နှင့် ကာဗိုဟိုက်ဒရိတ် ၁ ဒသမ ၇ ဂရမ် ပါဝင်ကြောင်း လေ့လာသိရှိရပါတယ်။ အုန်းရည်ဟာ ကယ်လိုရီနှင့် ကာဗိုဟိုက်ဒရိတ်တို့ အနည်းငယ်မျှသာပါရှိကာ အဆီဓာတ်ကင်းစင်၍ ကျန်းမာရေးအတွက် အထူး သင့်တော်ပါတယ်။ အုန်းရည်တွင် ascorbic အက်စစ်၊ ဗီတာမင်ဘီ အုပ်စု နှင့် ပရိုတင်းဓာတ်များ မြင့်မားစွာ ပါရှိနေတဲ့အပြင် ဓာတ်တိုးပစ္စည်း ပါဝင်မှုများပြား၍ လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်။ အထူးသဖြင့် အုန်းသီးနုနုထဲရှိ အုန်းရည်က electrolyte ရရှိရာ အရင်းအမြစ်ဖြစ်၍ ခန္ဓာကိုယ်ကြွက်သားနှင့် အာရုံကြောများကို ကောင်းစွာအလုပ်လုပ်စေပါတယ်။ အုန်းသီးနုနုထဲတွင်

အမြောက်အမြားပါရှိသော အဆီဓာတ်၊ ပရိုတင်း၊ ဗီတာမင် နှင့် သတ္တုဓာတ် များက ခန္ဓာကိုယ်ရှိ တစ်ရှူးများတွင် အောက်ဆီဂျင်ပြတ်လပ်၍ ပျက်စီးခြင်းကို ပြန်လည်ကောင်းမွန်လာစေပါတယ်။ အုန်းသီးဆန် စားပြီးနောက် ခဏအတွင်းမှာပင် ခွန်အားပြည့်ဝလာ၍ ရုပ်ပိုင်းဆိုင်ရာ သွက်လက်လာစေပါတယ်။အစာခြေစနစ် တိုးတက်လာပါ တယ်။သိုင်းရွိုက်ဂလင်းကို ကောင်းကျိုးပြုပါတယ်။ အုန်းရည်က ကျောက်ကပ်ကို ကျန်းမာစေတဲ့အပြင် ဆီးလမ်းကြောင်း ပိုးဝင် ခြင်းမှလည်း ကာကွယ်ပေးပါတယ်။မီးဟပ်ခံရသော လူနာ၊ ရေဓာတ်ခန်းခြောက်သော လူနာ၊ နေလောင်ဒဏ် ခံရခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခေါင် (ခံတွင်း)ခြောက်ခြင်းတို့အတွက် အုန်းစိမ်းရည် သောက်ပေးပါ။ ချောင်းဆိုးသွေးပါ ရောဂါအတွက် စပျစ်သီး အနက်နှင့်

အုန်းသီးစားပါ။ အဖျားကြီးသူများအတွက် အုန်းသီးအခွံကို မီးရှို့ပြာချ၍ ၎င်းပြာကို ရေနွေးပူပူတွင်ထည့်ပါ။ အေးသော အခါ ထိုအရည်ကို စစ်ယူပြီးနောက် အဖျားကြီးသူကို တိုက်ပါ။ အဖျားကျ၍ ရေငတ်လည်း ပြေသွားပါလိမ့်မယ်။အုန်းရည်ဟာ သဘာဝသစ်သီးအချိုရည်တစ်မျိုး ဖြစ်ပါတယ်။ လူကို လန်းဆန်းအမောပြေစေသလိုသက်လုံကောင်းစေခြင်း၊ အပူကင်းစင်ခြင်း စတဲ့ ကောင်းကျိုးအာနိသင်များကြောင့်လည်း ကိုယ်ဝန်ဆောင် မိခင်လောင်းများသာမက အရွယ် သုံးပါးမရွေး သောက်သုံးသင့်ပါ တယ်။ နာလန်ထစ လူနာများ၊ ဝမ်းလျှောဝမ်းပျက်ပြီးနောက် နေကောင်းခါစ လူနာများ အုန်းစိမ်းရည်သောက်ပါ။ Cold Press Coconut Oil သည် အုန်းသီးမှရသော အနာကျက်၊ ပဋိဇီဝဆေး ကိုယ်ခံစွမ်းအားဆေး တစ်မျိုးဖြစ်သည်။

အုန်းဆီနှင့် ကျန်းမာရေး – အုန်းဆီကို ငယ်ထိပ်ကစ၍ ဦးရေပြားအနှံ့ စိမ့်ဝင်အောင်လိမ်းပေးခြင်းဖြင့် ဦးခေါင်းတစ်ခုလုံး ပေါ့ပါးလန်းဆန်းသောခံစားမှုကို ချက် ချင်းရရှိနိုင်ပါတယ်။ ခေါင်းကိုက်ပျောက်စေပါတယ်။ ဒါ့ပြင် ဆံပင်နက်မှောင်ပြောင်လက်ခြင်း၊ဆံသားချောမွတ် ခြင်း၊ ဆံပင်သန် ခြင်း၊ ဦးရေပြားအေး၍ ဗောက်ပျောက်စေပါတယ်။ အုန်းဆီက ဦးရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆံပင်နှစ်ခွဖြစ် ခြင်းနှင့် ဆံသားကြမ်း၍ မွဲခြောက်ခြောက် ဆံပင်များကို ကောင်းကျိုးဖြစ်စေပါတယ်။ နားပြည်တည်သူများနှင့် နားရောဂါအမျိုး မျိုးတို့အတွက် အုန်းဆီက လွန်စွာကောင်းကျိုးပြုပါတယ်။ နံနက်အိပ်ရာထ သွားမတိုက်ခင် ပါးစပ်တစ်ဝိုက်ကို မိနစ် ၂၀ ခန့် ကြို တင်၍ အုန်းဆီလိမ်းပေးခြင်းက ခန္ဓာကိုယ်အဆိပ်အတောက် ပြေစေပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေရုံသာမက

သွား များကိုလည်း ဖြူဖွေးစေနိုင်ပါတယ်။ သွား နှင့် သွားဖုံးကျန်းမာရေးအတွက်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။အသားပပ် လေ့ရှိသူများနှင့် အရေပြားကြမ်းထော်သူများအတွက် အုန်းဆီကိုလိုးရှင်း (lotion) အဖြစ် ခပ်ပါးပါးလိမ်းပေးနိုင်ပါတယ်။ နှာရည် ကျ၍ နှာတရှုပ်ရှုပ်ဖြစ်နေသူများအဖို့ အုန်းဆီရှူပေးပါ။ဒါမှမဟုတ် နှာခေါင်းပေါက်ထဲကို အုန်းဆီအနည်းငယ် ဆွတ်လိမ်းပေးပါ။ နှုတ်ခမ်းသား ခြောက်သွေ့ကွဲအက်လေ့ရှိသူများအတွက် ညအိပ်ရာဝင်ခါနီးမှာ နှုတ်ခမ်းနှစ်လွှာပေါ်ကို အုန်းဆီလိမ်း၍ အိပ်ပါ။• အုန်းဆီက မျက်နှာပေါ်ရှိ မိတ်ကပ် နှင့် mascara တွေကို ကုန်စင်အောင် ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ (သို့သော် မျက်စိထဲ သို့ ဆီမဝင်အောင် သတိပြု၍သုံးစွဲပါ)အမျိုးသားတွေ မုတ်ဆိတ်မွေးရိတ်တဲ့အခါ ထိခိုက်ရှနာခြင်းမှ ကာကွယ်ရန်မုတ်ဆိတ်မွေး ရိတ်မည့် ပါး၊ မေးစေ့ စတဲ့ နေရာတစ်ဝိုက်ကို အုန်းဆီဖြင့် ကြိုတင်၍လိမ်းထားနိုင်ပါတယ်။ ဒါ့ပြင်Razor (ဓား) ပေါ်က အမွေးတွေ ကို

အလွယ်တကူ သုတ်သင်ဖယ်ရှားနိုင်ပါတယ်။အုန်းဆီက မျက်နှာပေါ် အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် အရေးအကြောင်းဖြစ်ပေါ်လေ့ရှိတဲ့ နေရာများဖြစ်ကြသော မျက်ဝန်းနှင့် နှုတ်ခမ်းတစ်ဝိုက်ပေါ်ကို အုန်းဆီလိမ်းပေးနိုင်ပါတယ်။ မျက်ကွင်းညိုသူများလည်း လိမ်းပေးသင့်ပါတယ်။ (သို့သော် ဆီများပိုလျှံ၍ မျက်လုံးထဲစိမ့်မဝင်စေဖို့အတွက် သင့်ရုံသာသုံးစွဲပါ) မျက်နှာပေါ်ရှိ ဝက်ခြံအမာရွတ်တွေကြောင့် အသားအရေ ပွစိစိဖြစ်နေသူများ မျက်နှာပေါ် အုန်းဆီလိမ်းပြီးနောက် ၁၅ မိနစ်ခန့် အကြာမှာ ရေခပ်နွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။ ဒီနည်းက အုန်းဆီဖြင့်အသားအရေပေါင်းတင်နည်း ဖြစ်တာကြောင့် မျက်နှာကို နူးညံ့ချောမွတ်စေနိုင်ပါတယ်။ အုန်းဆီက မွေးညင်းပေါက် ဆဲလ်တွေကို အားဖြစ်စေကာ အမွေးသန်စေတဲ့အတွက် မျက်ခုံးမွေး ကောင်းချင်သူများက

အုန်းဆီလိမ်းပေးနိုင်ပါတယ်။ (သို့သော် မျက်စိထဲသို့ ဆီမဝင်အောင် သတိပြု၍ သုံးစွဲပါ)အုန်းဆီက အသား အရေနေလောင်ခြင်းကို သက်သာစေနိုင်တဲ့အတွက် ဥပမာ -နွေရာသီ သင်္ကြန်ရေကစားကြသူများနှင့် အပန်းဖြေကမ်းခြေ လမ်း လျှောက်သူများအနေဖြင့် နေပူထဲမထွက်ခင် ခြေလက်များကို အုန်းဆီဖြင့် ကြိုတင်၍ လိမ်းပါ။တံခါးပတ္တာတွေ တကျွီကျွီအသံမြည် တဲ့အခါ (သို့မဟုတ်) သော့ခလောက်တွေ ဖွင့်မရတဲ့အခါ အုန်းဆီထည့်လိုက်တာနဲ့ကောင်းသွားပါတယ်။ အဝတ်လျှော်၊ ပန်းကန် ဆေး စသဖြင့် မကြာခဏ ရေကိုင်ရတာကြောင့် လက်သည်းပန်းကုံး (ခေါ်) လက်သည်းအရင်းရှိ အခွံမာနေရာမှာ အရေပြားလန်၍ နာကျင်ခြင်းနှင့် အရေတွန့်ခြင်းများအတွက် တစ်နေ့နှစ်ကြိမ် အုန်းဆီလိမ်းပေးရုံမျှဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။

မှတ်ချက် – အုန်းရည်ထဲမှာ ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရတွေ အမြောက်အမြားပါရှိနေပါတယ်။ သို့သော် ထိုအုန်းသီးကို ခွဲလိုက် သည်နှင့်တစ်ပြိုင်နက် အုန်းရည်ဟာ လေနှင့်ဓာတ်ပြုသွားတာကြောင့် အာဟာရတန်ဖိုးတွေ လျော့ကျကုန်ပါ တယ်။ ဒါ့ပြင် အချိန်ကြာလာတာနဲ့အမျှအုန်းရည်ဟာ သူ့အလိုလို အချဉ်ပေါက်သွားပါတော့တယ်။ ဒါကြောင့် အုန်းသီး ခွဲပြီးပြီးချင်း အချိန်မဆွဲ ဘဲ အုန်းရည်ကို ချက်ချင်း သောက်သုံးပေးသင့်ပါတယ်။

အထူးသတိပြုရန် – အားကစားသမားများ၊ ဆီးချိုသွေးချိုရောဂါ ရှိသူများ၊ ဓာတ်မတည့်ရောဂါ (Allergies) ရှိသူများ၊ ဆီးရွှင်ရောဂါရှိသူများ၊ ဝမ်းပျော့ သူများ၊ ဗိုက်မကောင်းသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူများ၊ ကိုယ်အလေးချိန် လျှော့ချလိုသူများ အုန်း ရည်မသောက်သင့်ပေ။ အုန်းဆီက အထက်ဖော်ပြပါ အကျိုးကျေးဇူးများစွာရှိသော်လည်း အစာအာဟာရအဖြစ် မစားသင့်ပါဘူး။ အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့ (AHA) သုတေသီများက အုန်းဆီပါဝင်တဲ့ အစားအစာများ စားသုံးခြင်းနှင့် နှလုံးအပေါ် အကျိုးသက်ရောက်မှုကို စမ်းသပ်မှုခုနစ်မျိုး ပြုလုပ်ခဲ့ရာ ခုနစ်မျိုးစလုံးမှာ မကောင်းတဲ့ကိုလက်စထရော LDL များ

ပါရှိနေတာကို တွေ့ရှိရပါတယ်။ ၎င်းကိုလက်စထရောများဟာ သွေးထဲမှာများပြားလာပြီး သွေးကြောများပိတ်ဆို့စေကာ နှလုံးရောဂါနဲ့ လေဖြတ် ခြင်းတွေကို ဖြစ်ပွားစေကြောင်း သိရပါတယ်။ AHA ရဲ့ ပြောကြားချက်အရ အုန်းဆီမှာပါဝင်တဲ့ ဆီ ၈၂ ရာခိုင်နှုန်းဟာ ပြည့်ဝဆီ (Saturated fatty acid) များဖြစ်ကြောင်း၊ ထောပတ်တွင်ပြည့်ဝဆီ ၆၃ ရာခိုင်နှုန်း၊ အမဲဆီတွင် ပြည့်ဝဆီ ၅၀ ရာ ခိုင်နှုန်းနဲ့ ဝက် ဆီတွင် ပြည့်ဝဆီ ၃၉ ရာခိုင်နှုန်း ပါရှိကြောင်း သိရပါတယ်။ ဒါကြောင့် အုန်းဆီက တခြားဆီများထက် ပြည့်ဝဆီပါဝင်မှု ပိုမိုများပြား နေတာကြောင့် ကျန်းမာရေးကိုပိုမိုထိခိုက်စေနိုင်ကြောင်း အမေရိကန်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးပြော ကြားထားပါတယ်။

Source : TheFarmerMedia

Add a Comment

Your email address will not be published. Required fields are marked *