ခုေနာက္ပိုင္း လူႀကိဳက္မ်ားလာတဲ့ ၾကာစြယ္ကရတဲ့ က်န္းမာေရး ေကာင္းက်ိဳးမ်ား

ၾကာစြယ္ကိုေတာ့ သူရဲ႕ ကြၽတ္ဆတ္ၿပီး ခ်ိဳတဲ့အရသာေၾကာင့္ လူသိမ်ားပါတယ္။ ၾကာစြယ္ကို မ်ိဳးစုံ ျပဳလုပ္စားေသာက္ႏိုင္တဲ့အျပင္ က်န္းမာေရးအတြက္ အေရးပါတဲ့ အသီးအ႐ြက္လဲ ျဖစ္ပါတယ္။ ၾကာစြယ္မွာဆိုရင္ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ အစြမ္းထက္အာဟာရဓာတ္ေတြနဲ႔ ပါဝင္ဖြဲ႕စည္းထားပါတယ္။ အမွ်င္ဓာတ္၊ ပိုတက္ဆီယမ္၊ သံဓာတ္နဲ႔ vitamin – B,C စတဲ့ အေရးႀကီး အာဟာရဓာတ္နဲ႔ သတၱဳဓာတ္ေတြ ပါဝင္ေနတာေၾကာင့္ ၾကာစြယ္ကို က်န္းမာေရးေကာင္းမြန္ေစတဲ့ အစားအစာအျဖစ္ သတ္မွတ္လို႔ရပါတယ္။ ဒါဆို ၾကာစြယ္က ေပးႏိုင္တဲ့ က်န္းမာေရးေကာင္းက်ိဳးေလးေတြကိုလဲ ေလ့လာၾကည့္ရေအာင္ေနာ္။

ေရသိုေလွာင္ျခင္းမွကာကြယ္ေပးျခင္း – ၾကာစြယ္မွာ ပါဝင္မႈမ်ားတဲ့ ပိုတက္ဆီယမ္က ပိုေနတဲ့ ဆိုဒီယမ္ေတြကို စုပ္ယူေပးၿပီး ဆီးထုတ္လုပ္မႈကို တိုးျမႇင့္ေပးပါတယ္။ ဒါေၾကာင့္ ၾကာစြယ္က ခႏၲာကိုယ္မွာ မလိုအပ္ပဲ ေရသိုေလွာင္မႈမ်ားကို တားဆီးရာမွာ ကူညီေပးပါတယ္။

ကိုယ္အေလးခ်ိန္က်ေစျခင္း – ၾကာစြယ္မွာ ကယ္လိုရီပါဝင္မႈ နည္း႐ုံတင္မကပဲ အမွ်င္ဓာတ္ ႂကြယ္ဝတာေၾကာင့္ ဗိုက္ျပည့္တဲ့ခံစားခ်က္ကို အခ်ိန္ၾကာၾကာ ထိန္းေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ၾကာစြယ္ စားၿပီးရင္ ဗိုက္ဆာတာ ေလ်ာ့လာၿပီး အဆီမ်ားတဲ့အစားအစာေတြ စားမိျခင္းမွ ေရွာင္ရွားေစႏိုင္ပါတယ္။ ဒါတင္မကေသးပဲ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ရာမွာ အေထာက္အကူျပဳတဲ့ အစာေျခစနစ္ကိုလဲ လႈံ႕ေဆာ္ေပးပါတယ္။

အသားအရည္ႏွင့္ဆံပင္အတြက္ေကာင္းမြန္ျခင္း – Vitamin – B နဲ႔ vitamin – C ပါဝင္မႈေၾကာင့္ ၾကာစြယ္က အသားအရည္အတြက္ ျပည့္စုံတဲ့ ၾကည္လင္ေတာက္ပမႈနဲ႔ ေခ်ာေမြ႕တဲ့ ဆံပင္ကို ေပးစြမ္းႏိုင္ပါတယ္။ အသားအရည္တင္းရင္ဖို႔ အဓိကလိုအပ္တဲ့ collage ထုတ္လုပ္ရာမွာလဲ vitamin – C က လႈံ႕ေဆာ္ေပးပါတယ္။

စိတ္ဖိစီးမႈမ်ားကိုေလ်ာ့ခ်ေပးျခင္း – ၾကာစြယ္မွာ pyridoxine လို႔ေခၚတဲ့ vitamin – B complex ပါဝင္ေနပါတယ္။ အဲ့ဒီျဒပ္ေပါင္းက ဦးေႏွာက္မွာရွိတဲ့ အာ႐ုံေၾကာေတြနဲ႔ အျပန္အလွန္အက်ိဳးျပဳၿပီး ေခါင္းကိုက္ျခင္း၊ စိတ္တိုလြယ္ျခင္းနဲ႔ စိတ္ဖိစီးမႈေတြကို ေလ်ာ့ခ်ေပးပါတယ္။ ပုံမွန္အားျဖင့္ ၾကာပန္းက သူရဲ႕အျမစ္မွ ၿငိမ္းခ်မ္းျခင္းကို ရရွိထားတာပါ။

ေသြးေပါင္ခ်ိန္ထိန္းညႇိေပးျခင္း – ပိုတက္ဆီယမ္ပါဝင္မႈမ်ားတဲ့ ၾကာစြယ္က ဆိုဒီယမ္ပမာဏျမင့္မားျခင္းေၾကာင့္ ေသြးေၾကာမ်ားထိခိုက္ပ်က္စီးျခင္းမွ ကာကြယ္ေပးၿပီး ခႏၲာကိုယ္တြင္း အရည္မ်ားကို ညီမွ်ေစပါတယ္။ ေသြးေၾကာေတြကို မာေက်ာျခင္းနဲ႔ က်ဳံ႕ျခင္း မျဖစ္ေအာင္ ေလွ်ာ့ခ်ေပးၿပီး ေသြးစီးဆင္းမႈကို တိုးျမႇင့္ေပးပါတယ္။ ၾကာစြယ္မွာပါတဲ့ သံဓာတ္ကလဲ ေသြးစီးဆင္းမႈကို အကူအညီေပးပါေသးတယ္။

အစာေျချခင္းကိုအားေကာင္းေစျခင္း -ၾကာစြယ္မွာ အမွ်င္ဓာတပါဝင္မႈ အားေကာင္းတာေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစတဲ့အျပင္ အူအတြင္း အေရးႀကီးအာဟာရဓာတ္မ်ားစုပ္ယူမႈကိုလဲ အားေကာင္းေစပါေသးတယ္။

Read in UNICODE

ကြာစွယ်ကိုတော့ သူရဲ့ ကျွတ်ဆတ်ပြီး ချိုတဲ့အရသာကြောင့် လူသိများပါတယ်။ ကြာစွယ်ကို မျိုးစုံ ပြုလုပ်စားသောက်နိုင်တဲ့အပြင် ကျန်းမာရေးအတွက် အရေးပါတဲ့ အသီးအရွက်လဲ ဖြစ်ပါတယ်။ ကြာစွယ်မှာဆိုရင် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစွမ်းထက်အာဟာရဓာတ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ သံဓာတ်နဲ့ vitamin – B,C စတဲ့ အရေးကြီး အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ကြာစွယ်ကို ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအစာအဖြစ် သတ်မှတ်လို့ရပါတယ်။ ဒါဆို ကြာစွယ်က ပေးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကိုလဲ လေ့လာကြည့်ရအောင်နော်။

ရေသိုလှောင်ခြင်းမှကာကွယ်ပေးခြင်း – ကြာစွယ်မှာ ပါဝင်မှုများတဲ့ ပိုတက်ဆီယမ်က ပိုနေတဲ့ ဆိုဒီယမ်တွေကို စုပ်ယူပေးပြီး ဆီးထုတ်လုပ်မှုကို တိုးမြှင့်ပေးပါတယ်။ ဒါကြောင့် ကြာစွယ်က ခန္တာကိုယ်မှာ မလိုအပ်ပဲ ရေသိုလှောင်မှုများကို တားဆီးရာမှာ ကူညီပေးပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း – ကြာစွယ်မှာ ကယ်လိုရီပါဝင်မှု နည်းရုံတင်မကပဲ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဗိုက်ပြည့်တဲ့ခံစားချက်ကို အချိန်ကြာကြာ ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့် ကြာစွယ် စားပြီးရင် ဗိုက်ဆာတာ လျော့လာပြီး အဆီများတဲ့အစားအစာတွေ စားမိခြင်းမှ ရှောင်ရှားစေနိုင်ပါတယ်။ ဒါတင်မကသေးပဲ ကိုယ်အလေးချိန်လျော့ချရာမှာ အထောက်အကူပြုတဲ့ အစာခြေစနစ်ကိုလဲ လှုံ့ဆော်ပေးပါတယ်။

အသားအရည်နှင့်ဆံပင်အတွက်ကောင်းမွန်ခြင်း – Vitamin – B နဲ့ vitamin – C ပါဝင်မှုကြောင့် ကြာစွယ်က အသားအရည်အတွက် ပြည့်စုံတဲ့ ကြည်လင်တောက်ပမှုနဲ့ ချောမွေ့တဲ့ ဆံပင်ကို ပေးစွမ်းနိုင်ပါတယ်။ အသားအရည်တင်းရင်ဖို့ အဓိကလိုအပ်တဲ့ collage ထုတ်လုပ်ရာမှာလဲ vitamin – C က လှုံ့ဆော်ပေးပါတယ်။

စိတ်ဖိစီးမှုများကိုလျော့ချပေးခြင်း – ကြာစွယ်မှာ pyridoxine လို့ခေါ်တဲ့ vitamin – B complex ပါဝင်နေပါတယ်။ အဲ့ဒီဒြပ်ပေါင်းက ဦးနှောက်မှာရှိတဲ့ အာရုံကြောတွေနဲ့ အပြန်အလှန်အကျိုးပြုပြီး ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးပါတယ်။ ပုံမှန်အားဖြင့် ကြာပန်းက သူရဲ့အမြစ်မှ ငြိမ်းချမ်းခြင်းကို ရရှိထားတာပါ။

သွေးပေါင်ချိန်ထိန်းညှိပေးခြင်း – ပိုတက်ဆီယမ်ပါဝင်မှုများတဲ့ ကြာစွယ်က ဆိုဒီယမ်ပမာဏမြင့်မားခြင်းကြောင့် သွေးကြောများထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ခန္တာကိုယ်တွင်း အရည်များကို ညီမျှစေပါတယ်။ သွေးကြောတွေကို မာကျောခြင်းနဲ့ ကျုံ့ခြင်း မဖြစ်အောင် လျှော့ချပေးပြီး သွေးစီးဆင်းမှုကို တိုးမြှင့်ပေးပါတယ်။ ကြာစွယ်မှာပါတဲ့ သံဓာတ်ကလဲ သွေးစီးဆင်းမှုကို အကူအညီပေးပါသေးတယ်။

အစာခြေခြင်းကိုအားကောင်းစေခြင်း -ကြာစွယ်မှာ အမျှင်ဓာတပါဝင်မှု အားကောင်းတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းကို သက်သာစေတဲ့အပြင် အူအတွင်း အရေးကြီးအာဟာရဓာတ်များစုပ်ယူမှုကိုလဲ အားကောင်းစေပါသေးတယ်။

Source : CupOfMon

Add a Comment

Your email address will not be published. Required fields are marked *